Tristan da Cunha ကျွန်းပေါ်ရှိ ဟန်တာဗိုင်းရပ်စ် သံသယလူနာအား ကူညီရန် ဗြိတိန်စစ်တပ်က လေထီးတပ်ဖွဲ့ဝင်များနှင့် ဆေးအဖွဲ့ စေလွှတ်

News Image

  • Tristan da Cunha ကျွန်းပေါ်ရှိ ဟန်တာဗိုင်းရပ်စ် သံသယလူနာအား ကူညီရန် ဗြိတိန်စစ်တပ်က လေထီးတပ်ဖွဲ့ဝင်များနှင့် ဆေးအဖွဲ့ စေလွှတ်

အလွန်အလှမ်းဝေးသော Tristan da Cunha ကျွန်းပေါ်တွင် ဟန်တာ ဗိုင်းရပ်စ် (Hantavirus) ကူးစက်ခံရသည်ဟု သံသယရှိသူတစ်ဦးအား ကုသပေးရန်အတွက် ဗြိတိန်စစ်တပ်သည် ဆေးအဖွဲ့နှင့် လေထီးတပ်သားများကို လေထီးဖြင့် အရေးပေါ်ဆင်းသက်စေခဲ့သည်။ အဆိုပါလူနာသည် ဒတ်ချ်အလံတင် MV Hondius အပျော်စီးသင်္ဘောပေါ်မှ ရောဂါပျံ့နှံ့မှု အတည်မပြုမီ ကြိုတင်ဆင်းသက်သွားခဲ့သူတစ်ဦး ဖြစ်သည်။

နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ခရီးသည်နှင့် သင်္ဘောသား စုစုပေါင်း ၁၇၅ ဦး လိုက်ပါလာသည့် အဆိုပါ အပျော်စီးသင်္ဘောအား မီဒီယာအချို့ကကပ်ရောဂါသင်္ဘော’ (Plague Ship) ဟု ခိုင်းနှိုင်းခေါ်ဝေါ်နေကြသည်။ ရောဂါဖြစ်ပွားမှုမှာ ရောဂါပိုးရှိသော ကြွက်ချေးများနှင့်ထိတွေ့ရာမှတစ်ဆင့် ကူးစက်တတ်သည့် ရှားပါးဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး စစ်ဆေးချက်များအရ လူအချင်းချင်း အနီးကပ်ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်သည့် တစ်ခုတည်းသော မျိုးစိတ်ဖြစ်သော Andes strain ဟန်တာဗိုင်းရပ်စ် အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဗြိတိန်စစ်တပ်၏ တုံ့ပြန်ရေးအဖွဲ့သည် ကျွန်းပေါ်ရှိ သံသယလူနာအား အထူးကြပ်မတ်ကုသပေးနေပြီး ရောဂါထပ်မံ မပြန့်ပွားစေရန် အတွက် လိုအပ်သော ထိန်းချုပ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး