ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ် ချက်ခရိကောင်တီတွင် မိုးကြိုးပစ်မှုကြောင့် တောမီးလောင်ကျွမ်းမှုဖြစ်ပေါ်

News Image

  • ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ် ချက်ခရိကောင်တီတွင် မိုးကြိုးပစ်မှုကြောင့် တောမီးလောင်ကျွမ်းမှုဖြစ်ပေါ်

အော့တဝါ မေ ၁၁ 

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ် ချက်ခရိကောင်တီတွင် မေ ၁၀ ရက်က မိုးကြိုးပစ်မှုကြောင့် တောမီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့ကြောင်း Environment Canada က ထုတ်ပြန်သွားခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

မိုးကြိုးပစ်မှုကြောင့် တောမီးလောင်ကျွမ်းသည့် နေရာသည် ချက်ခရိကောင်တီ၏ အဓိက လမ်းမကြီးဖြစ်သည့် ချက်လမ်းမကြီးအနီးတွင် လောင်ကျွမ်းနေခြင်းဖြစ်ကြောင်း၊ တောမီးထိန်းချုပ်ရခက်သည့်အခြေအနေသို့ ရောက်ရှိနေသဖြင့် တောမီးသည် အခြေခံ အဆောက်အအုံများနှင့် လူနေအိမ်များအတွက် အန္တရာယ်ရှိနိုင်သည့်အခြေအနေဖြစ်ပြီး ချက်လမ်းမကြီးကို ယာယီပိတ်ထားကြောင်း ဗြိတိသျှကိုလံဘီယာ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သွားခဲ့သည်။ 

"ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ တောမီးရာသီ စတင်ပြီလို့ သတ်မှတ်ကြေညာခဲ့ပြီးနောက်ပိုင်း တောမီးလောင်ကျွမ်းမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ ချက်ခရိကောင်တီမှာ တောမီးလောင်ကျွမ်းနေတာ ရက်အနည်းငယ်ကြာမြင့်နေပြီဖြစ်ပါတယ်။ မေ ၁၀ ရက်မှာ ချက်လမ်းမကြီးအနီးမှာ မိုးကြိုးပစ်ပြီးတော့ တောမီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပါတယ်။ တောမီးလောင်ကျွမ်းမှု ထိန်းချုပ်ရခက်တဲ့အဆင့်ကို ရောက်ရှိနေတဲ့အချိန် အခုလို တောမီးလောင်ကျွမ်းတာဟာ ဒေသခံတွေအတွက် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ပါတယ်"ဟု Environment Canada မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။

ရတနာပုံ