ကျောက်ဆည်မြို့၌ လေပြင်းဘေးကျရောက်ခဲ့သည့် လူနေအိမ်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
ကျောက်ဆည် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဧပြီ ၂၇ ရက်နေ့ မွန်းလွဲ၂နာရီက တိုက်ခိုက်ခဲ့သည့် လေပြင်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်များ အား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့ ညနေ၄နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် ဘုံကွင်းကျေးရွာအုပ်စုနှင့် သူငယ်တော်ကျေးရွာအုပ်စုတို့၌ လေပြင်းဘေးတိုက်ခတ်မှုကြောင့်လုံးဝပျက်စီးခဲ့သည့် လူနေအိမ်၅လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ၅၀၀,၀၀၀/-ကျပ်နှင့် လူဦးရေ ၁၉ ဦး အတွက် ၇ ရက်စာ ဆန်ရိက္ခာဖိုးငွေ ၉၅,၀၀၀/-ကျပ်၊ အိမ်ထောင်စုတစ်စုအတွက် တန်ဖိုးငွေ ၅၃၈,၃၉၀/- ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၆မျိုး၊ စုစုပေါင်း ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့မှုတန်ဖိုးငွေ ၁,၁၃၃,၃၉၀/- ကျပ်အား လေပြင်းသင့် ပြည်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)
