သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆာရန်ဂါနီ ပြည်နယ်၌ ဇွန်လ ၈ ရက်နံနက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျုရှိအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားရာ အနည်းဆုံး လူ ၃၅ ဦး သေဆုံးပြီး အဆောက်အအုံများစွာ ပြိုကျပျက်စီးကာ စာသင်ကျောင်းများနှင့် လေကြောင်းလိုင်းများကို ယာယီရပ်ဆိုင်းထားရကြောင်း တာဝန်ရှိသူများကပြောသည်။ ငလျင်ကြောင့် အိမ်နီးချင်းနိုင်ငံ အချို့၌ဆူနာမီသတိပေးချက် ထုတ်ပြန်ရသော်လည်း နောက်ပိုင်းတွင်ထုတ်ပြန်ချက်ကိုပြန်လည်ရုပ်သိမ်းခဲ့သည်။
လူဦးရေခုနစ်သိန်းကျော်ရှိသော ဆိပ်ကမ်းမြို့ဖြစ်သည့် ဂျန်နရယ်ဆန်းတို့တွင် သေဆုံးသူ ၁၀ ဦးရှိပြီး လက်ရှိအချိန်ထိ အနည်းဆုံးလူ ၁၂ ဦး ပျောက်ဆုံးကြောင်း ဖိလစ်ပိုင်၏ အရပ်ဘက်ကာကွယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဂျူနီကာ့စတီလိုကပြောသည်။ သေဆုံးမှုများမှာ အဆောက်အအုံအပျက်အစီးများပိမိခြင်း၊ မြေပြိုခြင်းတို့ကြောင့်ဖြစ်ပြီး လူပေါင်း ၁၃၄ ဦးထက်မနည်း ဒဏ်ရာရရှိထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။
ငလျင်လှုပ်ခတ်ချိန်က စာသင်ကျောင်းများ ပြန်ဖွင့်သည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဂျန်နရယ်ဆန်းတို့ရှိ နှစ်ထပ်ကျောင်းဆောင်တစ်ခုပြိုကျသည့်နေရာ၌ ကျောင်းသားအချို့ပိတ်မိနေသည်။ လက်ရှိတွင်စာသင်ကျောင်းပေါင်း ၅၈၀၀ ကျော်ကိုအရေးပေါ်ပိတ်ထားရသည်။ ယခုလှုပ်ခတ်သည့်ငလျင်၏ဗဟိုချက်သည် မင်ဒါနာအိုပြည်နယ်ရှိရေပြင်အောက် အနက် ၃၃ ကီလိုမီတာ၌ ဖြစ်ပွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
Ref: Xinhua
MWD

တနင်္လာနေ့ (ဇွန် ၈) နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ပင်လယ်ပြင်ကိုဗဟိုပြု၍ ပြင်းထန်သောမြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ မင်ဒါနာအို (Mindanao) ကျွန်းစုကို တုန်ခါသွားစေခဲ့ပြီး အာရှဒေသအချို့တွင် ဆူနာမီသတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။ ဒေသခံများမှာ အဆောက်အအုံများအတွင်းမှ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပြီး ကမ်းရိုးတန်းဒေသရှိ ပြည်သူများကိုလည်း ကုန်းတွင်းပိုင်းသို့ အမြန် ရွှေ့ပြောင်း ကြရန် တိုက်တွန်းထားသည်။
အချို့သော စောင့်ကြည့်ရေးအေဂျင်စီများနှင့် သတင်းဌာနများက အစပိုင်းတွင် အဆိုပါ ငလျင်ကို ပမာဏ (မဂ္ဂနီကျု) ၈.၂ ရှိသည်ဟု ဖော်ပြခဲ့ကြသော်လည်း နောက်ပိုင်းတွင် အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) က ပမာဏ ၇.၈ ရှိကြောင်း ပြင်ဆင် သတ်မှတ်ခဲ့သည်။ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် မင်ဒါနာအိုကျွန်းအနီး၊ အနက် ၃၅ ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် ပမာဏ ၆.၁ အထိရှိသည့် နောက်ဆက်တွဲငလျင်များ ဆက်တိုက် ထပ်မံလှုပ်ခတ်ခဲ့သည်။
ဖိလစ်ပိုင်တောင်ပိုင်းတစ်ခွင် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ဆက်လက်စိစစ်နေဆဲဖြစ်ပြီး လက်ရှိတွင် အနည်းဆုံး လူတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်များ၌ အဆောက်အအုံများယိမ်းထိုးနေခြင်း၊ မျက်နှာကြက်များနှင့် နံရံများ အက်ကွဲကုန်ခြင်း၊ လမ်းမများပေါ်သို့ အဆောက်အအုံအပျက်အစီးများ ပြုတ်ကျလာခြင်းတို့နှင့်အတူ ထိတ်လန့်တကြား ဖြစ်နေသော ဒေသခံများက နေအိမ်များ၊ ဆိုင်ခန်းများနှင့် ရုံးခန်းများအတွင်းမှပြေးထွက်လာကြသည်ကို မြင်တွေ့ရသည်။ အခြားဗီဒီယိုများတွင်မူ ပျက်စီးသွားသော အဆောက်အအုံများနှင့် တစ်စိတ်တစ်ပိုင်း ပြိုကျမှုများကို တွေ့ရပြီး ငလျင်ဒဏ်သင့် မင်ဒါနာအိုဒေသရှိ လမ်းတံတားများ၊ ဆိပ်ကမ်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ဆေးရန် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များကို စေလွှတ်ထားရသည်။
ဂျင်နရယ်ဆန်းတို့စ် (General Santos) မြို့ ရဲတပ်ဖွဲ့မှ အရာရှိ Robert Dagon က "အဆောက်အအုံ တော်တော်များများ ထိခိုက်ပျက်စီးသွားပါတယ် ၊ ဒါပေမဲ့ အခု လောလောဆယ် ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာမို့ စာရင်းအတိအကျ ကိုတော့ မပြောနိုင်သေးပါဘူး" ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့ပြီး နေအိမ် အချို့ အပါအဝင် အဆောက်အအုံအနည်းငယ် ပြိုကျသွားကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။ ဆာရန်ဂါနီ (Sarangani) ပြည်နယ်၊ အလာဘဲလ် (Alabel) မြို့ရှိ ရဲစခန်းသည်လည်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ပြီး ငလျင်လှုပ်ခတ်ချိန်မှာ ရဲအရာရှိများ နိုင်ငံတော်အလံအလေးပြုနေချိန်ဖြစ်ကြောင်း ဒေသခံရဲချုပ်က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးနောက် ကမ်းရိုးတန်းဒေသအများအပြားအတွက် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ပစိဖိတ်ဆူနာမီသတိပေးစင်တာက ဖိလစ်ပိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် အမြင့် ၃ မီတာအထိရှိသော လှိုင်းလုံးကြီးများ ရိုက်ခတ်နိုင်ကြောင်းနှင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်၊ ထိုင်ဝမ်၊ ဂူအမ်၊ ပါပူဝါနယူးဂီနီနှင့် အခြားပစိဖိတ် အနောက်ဘက်ဒေသများတွင်လည်း ပိုမိုသေးငယ်သော ဆူနာမီလှိုင်းတိုများ ရိုက်ခတ်နိုင်ကြောင်း ပြောကြားထားသည်။
အာဏာပိုင်များက ငလျင်ဒဏ်သင့် ကမ်းရိုးတန်းဒေသရှိ ပြည်သူများအနေဖြင့် ကမ်းခြေများ၊ ဆိပ်ကမ်းများနှင့် မြေနိမ့်ပိုင်းဒေသများမှ ချက်ချင်းရွှေ့ပြောင်းရန်နှင့် ဆူနာမီအန္တရာယ် လုံးဝကျော်လွန်သွားသည့်အထိ ရွှေ့ပြောင်းခိုင်းသည့်အမိန့်များကို လိုက်နာကြရန် တိုက်တွန်းထားသည်။
ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငလျင်နှင့် မီးတောင်လှုပ်ရှားမှု အတက်ကြွဆုံးဇုန်တစ်ခုဖြစ်သည့် ပစိဖိတ် မီးကွင်းဂယက် (Ring of Fire) ပေါ်တွင် တည်ရှိ သောကြောင့် ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းနှင့် ပြင်းထန်သော မုန်တိုင်းဒဏ်များကို မကြာခဏခံရလေ့ရှိသည်။ တာဝန်ရှိသူများက နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်နိုင်ကြောင်း သတိပေးထားပြီး အဆောက်အအုံများကို အန္တရာယ်ကင်းရှင်းရေး စစ်ဆေးပြီးသည်အထိ ဒေသခံများအနေဖြင့် အပြင်ဘက် သို့မဟုတ် ဘေးကင်းသော ကွင်းပြင်များတွင်သာ နေထိုင်ကြရန် အကြံပြုထားသည်။
ဒေသတွင်း အစောပိုင်းသတင်းထုတ်ပြန်ချက်များအရ အဆိုပါငလျင်ဒဏ်ကို အင်ဒိုနီးရှား နိုင်ငံအရှေ့ပိုင်းဖြစ်သော ဆူလာဝေစီမြောက်ပိုင်း (North Sulawesi) နှင့် မာလုကု မြောက်ပိုင်း (North Maluku) ဒေသအချို့တွင်လည်း ခံစားခဲ့ရကြောင်း သိရှိရသည်။
ကိုးကား- RT
Photo: France 24
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ဇွန် ၂
အီတလီနိုင်ငံတောင်ပိုင်း ကာလာဘရီယာဒေသကမ်းရိုးတန်းတွင် ယနေ့အစောပိုင်းက ပြင်းအား ၆ ဒသမ ၁ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အီတလီအမျိုးသား ဘူမိရူပဗေဒနှင့် မီးတောင်ဗေဒဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါငလျင်သည် ယနေ့ ဒေသစံတော်ချိန် မနက် ၀၀ နာရီ ၁၂ မိနစ်က မြေအောက်အနက် ၂၅၀ ကီလိုမီတာခန့်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည်ဟု ထိုဌာနကပြောကြားသည်။
ကာလာဘရီယာ၊ စစ္စလီ၊ ကမ်ပန်နီးယားနဲ့ ပူဂလီယာ အပါအဝင် အီတလီတောင်ပိုင်းဒေသအများအပြားတွင် ငလျင်တုန်ခါမှုတွေကို ခံစားခဲ့ရသည်ဟု ဒေသခံမီဒီယာများက ဖော်ပြထားသည်။
ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုတွေ မရှိသေးကြောင်းနှင့် ဒေသဆိုင်ရာအာဏာပိုင်များက အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
MDN

ဘန်ကောက်၊ သဘာဝဘေး
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရေရှည်စီမံခန့်ခွဲမှုနှင့် ရာသီဥတုဒဏ်ခံစနစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိပါက ၂၀၃၀ ပြည့်နှစ်အလွန်အစောပိုင်းတွင် ဘန်ကောက်မြို့၌ နောက်ထပ်ရေကြီးမှုကြီး တစ်ခုဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် ၂၀၃၀ ပြည့်နှစ်မှ ၂၀၃၄ ခုနှစ်အတွင်း ဖြစ်မည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။
ဘန်ကောက်မြို့၏ ရေကြီးနိုင်မှုအခြေအနေများကို သုံးသပ်ရန်နှင့် အနာဂတ်တွင် ကာကွယ်ရေးလုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်ရေးအတွက် အုတ်မြစ်များချမှတ်နိုင်ရန် လုပ်ဆောင်သော ဖိုရမ်တစ်ခုတွင် ကျွမ်းကျင်ပညာရှင်များက တာဝန်ရှိသူများကို သတိပေးထားခြင်းဖြစ်သည်။
၂၀၃၀ ပြည့်နှစ်တွင် ဘန်ကောက်မြို့က အခြေခံအဆောက်အဦများစွာ လိုအပ်နေမည်ဖြစ်ကြောင်း၊ ရေကြီးမှုကာကွယ်ရေးလုပ်ငန်းများသည် မြို့ပြစီမံကိန်းအပေါ် မူတည်နေကြောင်း ၊ အကောင်းဆုံးအုပ်ချုပ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ၂၀၁၁ ခုနှစ်တွင် ကြုံတွေ့ရသော ရေကြီးမှုကို နောက်ထပ်တစ်ကြိမ်ပြန်ကြုံရမည်ဖြစ်ကြောင်း ဖိုရမ်သို့ တက်ရောက်လာသူများက သဘောတူသည်။ အဆိုပါရေကြီးမှုအတွင်း စီးပွားရေးဆုံးရှုံးမှုသည် ဘတ် ၁ ဒသမ ၄၄ ဘီလံယံ ခန့် ရှိကြောင်း သိရသည်။
Ref: The Nation
မြဝတီသတင်းစာ

မေ ၂၇
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘေးအန္တရာယ်များ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသတာဝန်ရှိသူများက သတိပေး ပြောကြားထားသည်။
ဂျပန်မိုးလေဝသအေဂျင်စီက နွေးထွေးစိုစွတ်သောလေသည် လေဖိအားနည်းရပ်ဝန်းတစ်ခုထဲသို့ စီးဆင်းလျက်ရှိကာ လေထုအခြေအနေများ မတည်မငြိမ်ဖြစ်စေပြီး ကျူရှူးဒေသ၏ တောင်ပိုင်းတွင် ဒေသတွင်း မိုးတိမ်များ ဖြစ်ပေါ်လာစေခဲ့သည်ဟု ဆိုသည်။
ကာဂိုရှီးမားရှိ ကာနိုယာမြို့တွင် မေ ၂၇ ရက် မနက် ၅ နာရီမှတစ်နာရီအတွင်း မိုးရေချိန် ၃၄ ဒသမ ၅ မီလီမီတာ သည်းထန်စွာရွာသွန်းခဲ့သည်။ မေ ၂၇ ရက် ညနေပိုင်းအထိ မိုးကြိုးပစ်ခြင်းနှင့်အတူ ဒေသတွင်း မိုးသည်းထန်စွာရွာသွန်းမှု ကြုံတွေ့ရဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အာမာမီဒေသအပါအဝင် ကာဂိုရှီးမားစီရင်စုတွင် ညနေပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းကာ မိုးတိမ်များ ဖြစ်ပေါ်နိုင်ပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကဲ့သို့သော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ခြေကို လျင်မြန်စွာ မြင့်တက်စေနိုင်သည်ဟု အေဂျင်စီကဆိုသည်။
ထိုစီရင်စုတွင် မေ ၂၈ ရက်နေ့ မနက်ပိုင်းအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၁၅၀ မီလီမီတာအထိ ရွာသွန်းမည်ဟု မျှော်လင့်ရပြီး မိုးသည်းထန်စွာရွာသွန်းကာ မိုးတိမ်များ ဖြစ်ပေါ်ပါက မိုးရေချိန် မြင့်တက်လာနိုင်ကြောင်း ဖော်ပြထားသည်။
မြေပြိုမှုများကို သတိပြုရန်၊ မြေနိမ့်ဒေသများနှင့် မြစ်ရေလျှံမှုများတွင် ရေကြီးရေလျှံမှုများ၊ မိုးကြိုးပစ်မှုများနှင့် လေပြင်းတိုက်ခတ်မှုများကို သတိပြုရန် အေဂျင်စီက ပြည်သူများအား တိုက်တွန်းပြောကြားလျက်ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ

သဘာဝဘေးအန္တရာယ်အမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်မှုများ ကဏ္ဍအလိုက်ဆောင်ရွက်
နေပြည်တော် မေ ၂၅
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယသမ္မတ ဦးညိုစောက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကို ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် အဓိက တာဝန်ယူ ဆောင်ရွက်နေသည့် အမျိုးသားကော်မတီအနေဖြင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့် ယခင်ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည် ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်ပြီးစီးမှုနှင့် ကြုံတွေ့လာနိုင်ခြေရှိသည့် သဘာဝဘေးများအတွက် ဝန်ကြီးဌာနများနှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်ထားသည့် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှု၊ ဘေးအန္တရာယ် ဖြစ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး အဆင်သင့်ဖြစ်အောင် စီမံထားရှိမှုများကိုသိရှိရန်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း။
ယခုကာလသည် မုတ်သုံကာလကို ရောက်ရှိလာပြီဖြစ်သည့်အတွက် မုတ်သုံကာလအတွင်း ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်း၊ မြစ်ရေကြီးခြင်းအပါအဝင် နောက်ဆက်တွဲဘေးအန္တရာယ်များကို ဒေသအလိုက် သတိပြု၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မိုးလေဝသဆိုင်ရာခန့်မှန်းချက်၊ ကြိုတင်သတိပေးချက်များကို မျက်ခြည်မပြတ် ဂရုတစိုက် သိရှိစေရန်လည်းလိုအပ်ကြောင်း၊ ယခုကာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဒေသအချို့တွင် အပူချိန်များလာပြီး အယ်နီညိုဖြစ်နိုင်ခြေကိုလည်းတွေ့ရှိရကြောင်း၊ တစ်ဖက်တွင်လည်း ငလျင်ဘေးအန္တရာယ်ကို အထူးသတိပြုရန် လိုအပ်ကြောင်း၊ သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းများကို စနစ်တကျ စီမံဆောင်ရွက်ထားခြင်းအားဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုထိ လျော့နည်းစေနိုင်ရုံမျှမက တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည့် စရိတ်များကိုလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပိုမိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း။
ကြိုတင်ပြင်ဆင်
ထို့ပြင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးအတွက် ဝန်ကြီးဌာနများအလိုက်၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်မှုများ ကဏ္ဍအလိုက် ဆောင်ရွက်ကြရန် လိုကြောင်း၊ ဖြစ်ပွားလာနိုင်သည့်ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး လူ/တိရစ္ဆာန် ပြောင်းရွှေ့ရေး၊ ယာယီ နေရာချထားရေး၊ အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် ထိခိုက်နိုင်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ပြန်လည်ကုစားမည့်အစီအမံများနှင့် ဒေသအလိုက် တည်ရှိနေသည့် ဆည်မြောင်းတာတမံများ ကြံ့ခိုင်မှုထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ လုပ်ငန်းလည်ပတ်မှုမပြတ်တောက်စေရန် အစီအမံများကို ကဏ္ဍစုံတွင် ကြိုတင် ပြင်ဆင်ထားရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ဒေါက်တာစိုးဝင်းတို့က သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါ အချိန်မီတုံ့ပြန်နိုင်ရေးအတွက် လူမှုကယ်ဆယ်ရှာဖွေရေး အဖွဲ့များ၊ ဘေးဒဏ်ခံ ခိုလှုံရေး အဆောက်အအုံနှင့် ကယ်ဆယ်ရေးစခန်းများ ကြိုတင်စုဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကူညီ ကယ်ဆယ်ရေးနှင့် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေ လျာထားဆောင်ရွက်ထားရှိမှု၊ သဘာဝဘေး အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များအတွက် ကဏ္ဍများအလိုက် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်

ကဘူးလ် မေ ၂၅
အာဖဂန်နစ္စတန်နိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပြည်နယ်အများအပြား၌ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးမှုများကြောင့် လူပေါင်း ၁၁ ဦး ထက်မနည်းသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့(NDMA) က မေ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ကြီးမားသည့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဒါဇင်နှင့်ချီသည့် နေအိမ်နှင့် ဆိုင်များ မျောပါသွားကာ ဧကရာနှင့်ချီသည့် လယ်မြေများနှင့် ကျေးလက်လမ်းများ ပျက်စီးသွားခဲ့ကြောင်း NDMA မှ ပြောရေးဆိုခွင့်ရှိသူ ဟာဖက်ဇ်မိုဟာမက် ရုဆပ်ဖ်ဟမ်မက်က ပြောသည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ မကြာသေးမီ သီတင်းပတ်များအတွင်း ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုများကြောင့် အသက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ကြီးမားသည့် စီးပွားရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ ယခုရာသီအတွင်း ရာသီဥတုနှင့်ဆက်စပ်သည့် သဘာဝဘေးများကြောင့် လူပေါင်း ၂၇၅ ဦး သေဆုံးကာ ၃၅၀ ဒဏ်ရာရရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
ဆင်ဟွာ

အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းတွင် မေ ၂၄ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူ ၂၈ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ ရေးအာဏာပိုင်(NDMA)၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများသည် ကဘူးလ်၊ ပါဝမ်၊ ကာပီဆာ၊ ခိုစ်၊ ပက်တီးယား၊ ဝါဒက်၊ ဥရုဇ်ဂန်၊ ကန်ဒါဟာ၊ ဟီရတ်၊ ဘဒ်ဂစ်စ်၊ ဆမန်ဂန်၊ ဆာရီပူးလ်၊ ဘာဂ်လန်၊ တခါ၊ ဘာဒါခရှန်၊ လက်မန်နှင့် ကူနာပြည်နယ်တို့မှ ဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးခြင်း၊ ပြင်းထန်သော လေပြင်းမုန်တိုင်းတိုက်ခြင်း၊ မြေပြိုခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်ပွားခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်(NDMA)၏ ပြောရေးဆိုခွင့်ရှိသူ ဟာဖစ်မိုဟာမက် ယူဆက်က ပြောကြားသည်။
နိုင်ငံ၏ ဝေးလံခေါင်သီသော တောင်တန်းပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် ပြင်းထန်စွာထိခိုက်ခဲ့ပြီး အိမ်ခြေ ၇၁၀ လုံးဝပျက်စီးခဲ့သည့်အပြင် စိုက်ပျိုးမြေဧက ၄၀၀၀ ခန့်နှင့် လမ်းအရှည် ၁၀ ကီလိုမီတာကို ရေလွှမ်းမိုးခဲ့ကြောင်း သိရသည်။
လက်ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသအာဏာပိုင်များက ရေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြပြီး ပျက်စီးဆုံးရှုံးမှုကို စစ်ဆေးနေဆဲဖြစ်ကြောင်း၊ မိုးလေဝသဌာန၏ ခန့်မှန်းချက်များအရ လာမည့် ရက်ပိုင်းအတွင်း နိုင်ငံ၏ အချို့ဒေသများတွင် မိုးထပ်မံ ရွာသွန်းနိုင်ခြေရှိသည်ဟု သတိပေးထားကြောင်း သိရသည်။
ရတနာပုံ

မေ ၂၁
တရုတ်နိုင်ငံတစ်ဝန်း အဓိကအားဖြင့် ကုန်းတွင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်း တရုတ်မီဒီယာက ဖော်ပြထားသည်။
လွန်ခဲ့သောသီတင်းပတ်ကစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တရုတ်နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကွီကျိုးပြည်နယ်တွင် မြို့ပြဒေသတစ်ခုကို ဖြတ်သန်းစီးဆင်းသော မြစ်တစ်စင်း ရေလျှံခဲ့ရာ မေ ၁၉ ရက်က ရိုက်ကူးထားသော ဗီဒီယိုတွင် ကားတစ်စီး ရွှံ့ရေများထဲတွင် မျောပါသွားပုံကို ပြသထားသည်ဟု သိရသည်။
အိမ်နီးချင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထရပ်ကားတစ်စီး မြစ်အတွင်းသို့ ပြုတ်ကျကာ ခရီးသည် ၁၀ ဦး သေဆုံးကြောင်းနှင့် ဟူဘေး၊ ဟူနန်ပြည်နယ်တို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းနှင့် တောင်ပိုင်းတွင် မေ ၂၁ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပြီး အာဏာပိုင်များက ဒေသခံများအား သတိထားနေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်။

ဂျပန်နိုင်ငံတောင်ပိုင်းအိုကီနာဝါကျွန်းကြီးအနီးတွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ ဂျပန်ငလျင်စကေး ၀ မှ ၇ အထိ သတ်မှတ်ချက်တွင် အဆင့် ၅ အထက်ရှိ ပြင်းအားရှိသည်ဟု မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။ ဆူနာမီအန္တရာယ် မရှိကြောင်း ဖော်ပြထားသည်။
အဆိုပါငလျင်သည် မြေအောက်အနက် ၅၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သည်ဟု အေဂျင်စီက ဆိုသည်။ ကာဂိုရှီးမားစီရင်စုရှိ ယိုရွန်မြို့တွင် အပြင်းထန်ဆုံး တုန်ခါမှုကို ကြုံတွေ့ခဲ့ရကြောင်းနှင့် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်ကြောင်း တာဝန်ရှိသူများက သတိပေးပြောကြားလျက်ရှိသည်။
ထိုအေဂျင်စီမှ အီဘီတာ အာယာတာကာက ငလျင်လှုပ်ခတ်မှု အထူးပြင်းထန်သော ဒေသများတွင် အဆင့် ၅ အထက် ပြင်းအားရှိသော ငလျင်များအတွက် သီတင်းတစ်ပတ်ခန့် သတိထားကြရန်၊ အထူးသဖြင့် နောက်နှစ်ရက်မှ သုံးရက်အတွင်း ပြင်းထန်သော ငလျင်လှုပ်ခတ်မှုများ ဖြစ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။
အပြင်းထန်ဆုံး တုန်ခါမှုကို ကြုံတွေ့ခဲ့ရသော ဒေသများတွင် ကျောက်တုံးများ ပြုတ်ကျခြင်း သို့မဟုတ် မြေပြိုခြင်း အန္တရာယ်မြင့်တက်လာသည်ဟု အေဂျင်စီက ထပ်လောင်းပြောကြားခဲ့သည်။ ပြင်းအား အဆင့် ၅ သို့မဟုတ် ယင်းထက်ပိုသော ငလျင်များသည် ဒေသတွင်းတွင် ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။