အင်္ဂလန်အသင်းနှင့် အာဆင်နယ်အသင်းကစားသမားဘန်ဝှိုက် ဒူးဒဏ်ရာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်မည်
လန်ဒန် မေ ၁၃
အင်္ဂလန်အသင်းနှင့် အာဆင်နယ်အသင်း ခံစစ်ကစားသမား ဘန်ဝှိုက်သည် ဒူးဒဏ်ရာကြောင့် အာဆင်နယ်အသင်းနှင့်အတူ ယခုဘောလုံးရာသီကုန်အထိအနားယူရမည်ဖြစ်သည့်အပြင် အင်္ဂလန်အသင်းနှင့်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
အသက် ၂၈ နှစ်အရွယ် ဘန်ဝှိုက်သည် အာဆင်နယ် အသင်းက ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိသည့် ပွဲစဉ်၌ ပွဲချိန် ၂၈ မိနစ်တွင် ဒူးဒဏ်ရာရရှိပြီးနောက် လူစားလဲထွက်ခွာခဲ့ရပြီး ဒဏ်ရာနှင့်ပတ်သက်၍ အသေးစိတ်ဆေးစစ်မှုများလုပ်ဆောင်ရာတွင် ဒဏ်ရာ ပြင်းထန်သည့်အတွက် အနည်းဆုံး တစ်လကျော် အနားယူရမည်ဖြစ်သည်။
ဘန်ဝှိုက်အနေဖြင့် ဒဏ်ရာကြောင့် တစ်လကျော် အနားယူရမည်ဖြစ်သည့်အတွက် အင်္ဂလန်အသင်းနှင့်၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မည်ဖြစ်သည့်အပြင် အာဆင်နယ်အသင်းနှင့် အရေးကြီးပွဲစဉ်များ ကိုလည်း လွဲချော်မည်ဖြစ်သည်။
ဘန်ဝှိုက်သည် ယခုဘောလုံးရာသီတွင် အာဆင် နယ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြလျက်ရှိပြီး နည်းပြ အာတီတာလက်အောက်တွင် အဓိက ခံစစ်ကစားသမားအဖြစ် ပါဝင်နေသူဖြစ်ကာ လက်ကျန်အရေးကြီးပွဲစဉ်များကစားရန်ရှိနေသည့် အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့သည်။
ဘန်ဝှိုက်သည် ယခုဘောလုံးရာသီတွင် အာဆင် နယ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲ ၃၀ ပါဝင်ကစားထား ပြီး တစ်ဂိုးသွင်းယူနိုင်ကာ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ် ထားကြောင်း သိရသည်။
Ref;Fabrizio Romano
MWD
