မြောက်ဥက္ကလာပမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

News Image

  • မြောက်ဥက္ကလာပမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

ရန်ကုန် မေ ၁၈

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်ရဲတပ်ဖွဲ့က ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းတွင် ရွှေပေါက်ကံ မြို့သစ်ရပ်ကွက်၌ ပြုလုပ်သည်။

 

အသိပညာပေးဟောပြော

ထိုသို့ ဟောပြောရာတွင် မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မျိုးအောင်က မိမိတို့မြို့နယ်/ရပ်ကွက်များရှိ ပြည်သူများ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အားလုံးအတူ ပါဝင်ဆောင်ရွက်ကြစို့ ဆောင်ပုဒ်နှင့်အညီ မှုခင်းကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

MDN