နိုင်ငံအတွင်း ဝင်ရောက်လာသော ဒရုန်းသုံးစင်းကို ဆော်ဒီအာရေဗျ ကြားဖြတ်ပစ်ချ

News Image

  •  နိုင်ငံအတွင်း ဝင်ရောက်လာသော ဒရုန်းသုံးစင်းကို ဆော်ဒီအာရေဗျ ကြားဖြတ်ပစ်ချ

ရီယာ့ဒ်  မေ  ၁၈

ဆော်ဒီအာရေဗျ    ကာကွယ်ရေးဝန်ကြီးဌာနသည် အီရတ်နိုင်ငံဘက်မှ    နိုင်ငံ့လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသော  ဒရုန်းသုံးစင်းကို ကြားဖြတ် ဟန့်တားပစ်ချခဲ့ကြောင်း မေ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ   ဗိုလ်မှူးချုပ်  တာကီအယ်မာလီကီက ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်  ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး သင့်တော်သည့်အချိန်၊ သင့်တော်သည့်နေရာတွင် တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နိုင်ငံသားများနှင့် အခြေချနေထိုင်သူများ၏ ဘေးကင်းလုံခြုံမှုကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြိုးပမ်းမှုမှန်သမျှကိုလည်း ပြန်လည်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆော်ဒီအာရေဗျကာကွယ်ရေးဝန်ကြီးဌာနသည် မကြာသေးမီလများအတွင်း နိုင်ငံ့လေပိုင်နက်အတွင်းသို့   ဝင်ရောက်လာသော  ဒရုန်းအမြောက်အမြားကို  ကြားဖြတ်ဟန့်တားဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ကြေညာထားသည်။           

ဆင်ဟွာ

MDN