တရုတ်နှင့် မွန်ဂိုလီးယားတို့ ဒုတိယအကြိမ်မြောက် ပူးတွဲစစ်ရေးလေ့ကျင့်မည်

News Image

  • တရုတ်နှင့် မွန်ဂိုလီးယားတို့ ဒုတိယအကြိမ်မြောက် ပူးတွဲစစ်ရေးလေ့ကျင့်မည်

ပေကျင်း  မေ  ၁၈

တရုတ်နှင့်  မွန်ဂိုလီးယားနိုင်ငံတို့သည်  Steppe Partner 2026 ဟု အမည်ပေးထားသော ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မေလနှောင်းပိုင်းမှ ဇွန်လအစောပိုင်းအထိ တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန  ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေ ၁၈ ရက်တွင် ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်းက  သတင်းစာရှင်းလင်းပွဲတွင်   အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် တရားမဝင်လက်နက်ကိုင်အဖွဲ့များကို ပူးတွဲနှိမ်နင်းတိုက်ခိုက်မှုအပေါ်   အလေးထားလုပ်ဆောင်မည့်   စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း ပြောသည်။

ယခုပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဒုတိယအကြိမ် မြောက်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို ဆက်လက်နက်ရှိုင်းစေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပူးပေါင်းထိန်းသိမ်းစောင့်ရှောက်နိုင်မည့်  နှစ်နိုင်ငံစလုံး၏ စွမ်းဆောင်ရည်များကို  အားကောင်းလာစေရန်  ရည်ရွယ်ခြင်းဖြစ်ကြောင်း ကျန်ပင်းက ပြောသည်။             

ဆင်ဟွာ

MDN