NATO တပ်ဖွဲ့တိုက်ခိုက်ခံရချိန် စစ်ရေးပံ့ပိုးမှု လျှော့ချရန် အမေရိကန်စီစဉ်

News Image

  • NATO တပ်ဖွဲ့တိုက်ခိုက်ခံရချိန် စစ်ရေးပံ့ပိုးမှု လျှော့ချရန် အမေရိကန်စီစဉ်

   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် NATO တပ်ဖွဲ့အနေဖြင့် သို့မဟုတ် NATO တပ်ဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် တိုက်ခိုက်ခံရပါက အမေရိကန်အစိုးရက ပေးအပ်မည်ဟု ကတိပြုထားသော   စစ်ရေးအကူအညီပံ့ပိုးပေးမှုကို လျှော့ချရန်စီစဉ်နေကြောင်း သိရသည်။

မေလ ၂၂ ရက်တွင်  ဘရပ်ဆဲမြို့၌ကျင်းပမည့် NATO တပ်ဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးမူဝါဒဆိုင်ရာ အကြီးအကဲများ၏ ဆွေးနွေးပွဲတွင်  အဆိုပါအစီအစဉ်ကို ထုတ်ပြန်ကြေညာနိုင်ဖွယ် ရှိကြောင်း ထိုကိစ္စနှင့်ပတ်သက်၍   သိရှိသူသုံးဦးက သတင်းဌာနတစ်ခုသို့ပြောသည်။

ထို့ပြင် အမေရိကန်အစိုးရသည် အီရန်နိုင်ငံနှင့်ဖြစ်ပွားနေသည့် စစ်ပွဲကိုထောက်ခံသောနိုင်ငံများကို ဆုပေးရန်နှင့် မထောက်ခံသည့်နိုင်ငံများကို ဒဏ်ပေးရန်စာရင်းကို ပြုစုထားသည်ဟု အဆိုပါသတင်းအရင်းအမြစ်များက ပြောသည်။ ဒဏ်ပေးသည့် ပုံစံတွင်   အမေရိကန်တပ်ဖွဲ့များကိုပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းများကိုလျှော့ချခြင်းတို့ ပါဝင်သည်။

 ထို့ကြောင့် ပင်တဂွန်စစ်ဌာနချုပ်သည် ပိုလန်သို့ တပ်ဖွဲ့ဝင် ၄၀၀၀ စေလွှတ်မည့် အစီအစဉ်ကိုဖျက်သိမ်းခဲ့ပြီး ဂျာမနီနိုင်ငံမှ စစ်သည် ၅၀၀၀ ကို ရုပ်သိမ်းကာ တာဝေးပစ် ဒုံးတပ်ရင်းတစ်ရင်း စေလွှတ်မှုကိုလည်း ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

MWD