ရုရှားနိုင်ငံတွင် သုံးရက်ကြာ နျူကလီးယား စစ်ရေးလေ့ကျင့်မှု စတင်

News Image

  • ရုရှားနိုင်ငံတွင် သုံးရက်ကြာ နျူကလီးယား စစ်ရေးလေ့ကျင့်မှု စတင်

    ပြည်ပရန်စွယ်များကို တုံ့ပြန်နိုင်စေရေး အတွက် ရုရှားတပ်မတော်က အသင့်ပြင်ဆင်သည့်အနေဖြင့် သုံးရက်ကြာမြင့်မည့် မဟာဗျူဟာမြောက် နျူကလီးယားစစ်ရေး လေ့ကျင့်ခန်းကို မေလ ၁၉ ရက်တွင်စတင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

မေလ ၁၉ ရက်မှ ၂၁ ရက်အထိကြာမြင့်မည့် စစ်ရေးလေ့ကျင့်ခန်း၌ စစ်သည်အင်အား ၆၄၀၀၀ နှင့် စစ်လက်နက်ပစ္စည်း စုစုပေါင်း ၇၈၀၀ ပါဝင်မည်ဖြစ်သည်။ ထို့ပြင်အမြင့်ပျံနှင့် အနိမ့်ပျံဒုံးကျည်များ ပစ်လွှတ်ခြင်းတို့ကိုလည်း စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ယင်းလေ့ကျင့်ခန်းများကို လီနင်ဂရက်စစ်ဒေသနှင့် အလယ်ပိုင်းတိုင်း စစ်ဒေသတို့၌ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုစစ်လက်နက်ပစ္စည်းများတွင် ဒုံးပစ်လောင်ချာရာပေါင်းများစွာ၊ လေယာဉ်များ၊ သင်္ဘောများနှင့် ရေငုပ်သင်္ဘောများပါဝင်မည်ဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံ၏ မြောက်ပိုင်းရေယာဉ်စုနှင့် ပစိဖိတ်ရေယာဉ်စုတို့ကလည်း စစ်ရေးလေ့ကျင့်ရာ၌ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ စစ်ရေးလေ့ကျင့်ခန်း၏ အဓိကရည်မှန်းချက်မှာ ပြည်ပ၏တိုက်ခိုက်မှု ခံရချိန်တွင် နျူကလီးယားတပ်ဖွဲ့များကို ဖြန့်ကြက်နိုင်ရေးဖြစ်ကြောင်း သိရသည်။

MWD