တစ်ရက်လျှင် သစ်သီးဖျော်ရည်တစ်ခွက်သောက်ပါက စိတ်ကျရောဂါဖြစ်နိုင်ခြေ လျှော့ချနိုင်

News Image

  • တစ်ရက်လျှင် သစ်သီးဖျော်ရည်တစ်ခွက်သောက်ပါက စိတ်ကျရောဂါဖြစ်နိုင်ခြေ လျှော့ချနိုင်

လန်ဒန် မေ ၂၈

တစ်ရက်လျှင် သစ်သီးဖျော်ရည် တစ်ခွက်မျှသောက်သုံးပါက စိတ်ကျရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များက မေ ၂၇ ရက်တွင် ပြောကြားသည်။

ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ စားသုံးမှုသည် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေ ပိုမိုကောင်းမွန်မြင့်မားလာမှုနှင့် ဆက်စပ်နေကြောင်း သိရှိထားကြပြီးဖြစ်သည်။

သုတေသနပညာရှင်များ၏ အဆိုအရ နေ့စဉ်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဂရမ် ၂၀၀ ထိစားသုံးပေးပါက နှလုံးရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေနှင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း သိရသည်။

ထို့ပြင် ဗြိတိန်နိုင်ငံ နယူး ကာဆမ်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုအရ တစ်ရက်လျှင် သစ်သီးဖျော်ရည်တစ်ခွက်မျှ သောက်သုံးပေးခြင်းဖြင့် စိတ်ကျန်းမာရေးပြဿနာများ ဝင်လာနိုင်ခြေကိုလည်း တားဆီးပေးနိုင်ကြောင်း သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံစားသုံးခြင်းအပြင် သစ်သီးဖျော်ရည်တစ်ခွက် သောက်သုံးပေးခြင်းဖြင့် စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း၊ သို့ရာတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အစားများသော်လည်း သစ်သီးဖျော်ရည် သောက်သုံးမှုမရှိသူများတွင် အထက်ပါအကျိုးကျေးဇူးကို မတွေ့ရကြောင်း သိရသည်။ 

ရတနာပုံ