မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဒုတိယအကြိမ် မြစ်ကြီးနားမြို့သို့ ရောက်ရှိ

News Image

  • မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဒုတိယအကြိမ် မြစ်ကြီးနားမြို့သို့ ရောက်ရှိ

နေပြည်တော် မေ ၃၁

 

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသတွင်း လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် မြို့၊ ရွာများ၌ အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးများ ဆောင်ရွက်နိုင်ရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသ အချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter- Terrorism Operation)များကို ဆောင်ရွက်ကာ ပြည်သူလူထုအတွက် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်သော မန္တလေး - မတ္တရာ - သပိတ်ကျင်း - တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း - မိုးကောင်း - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်အား အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို မန္တလေးမြို့မှ တစ်ဆင့်မြစ်ကြီးနားမြို့သို့ ပထမအကြိမ်အဖြစ် မေလ ၁၂ ရက်တွင် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ 

 

အဆိုပါလမ်းကြောင်း တစ်လျှောက်ရှိ မြို့၊ ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ၎င်းတို့၏နေရပ်ဒေသများ၌ ပြန်လည်အခြေချနေထိုင်စဉ် စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေး၊ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များနှင့် စာရေးကိရိယာများ အချိန်မီရောက်ရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် အခြားသော လိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံး စာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ် ကားများသည် ဒုတိယအကြိမ်အဖြစ် မန္တလေးမြို့မှ မေ ၂၂ ရက်တွင် စတင်ထွက်ခွာ ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများက အိုးစည်ဒိုးပတ်များ၊ အောင်သပြေခက်များ၊ ဂုဏ်ပြုပန်းကုံးများဖြင့် ကျေးဇူးတင်ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

 

ကြည့်ရှု

 

ဆက်လက်၍ အဆိုပါမော်တော်ယာဉ်များပေါ်တွင် ပါရှိလာသည့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များအား သက်ဆိုင်ရာ အခြေခံပညာကျောင်းများသို့လည်းကောင်း၊ ဆေးနှင့် ဆေးဝါးပစ္စည်းများအား မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ မီးသတ်ကားများအား ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနသို့လည်းကောင်း ပို့ဆောင်ပေးနေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

MDN