တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

News Image

  • တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ထားဝယ် မေ ၃၁

 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့် မြို့တွင်းရေစီးရေလာ ကောင်းမွန်ရေးအတွက် ထိန်သစ်ရပ်ကွက်၊ ကမြောကင်းလမ်း၊ (၆)လမ်းထိပ်မှ ထားဝယ်မြစ်အထိ ပင်မရေမြောင်း တူးဖော်ခြင်းလုပ်ငန်း၊ ဘော်ဦးချောင်းမှ ကမြောကင်းချောင်းအထိ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ ပိန္နဲတောရပ်ကွက် ရွှေတောင်စားလမ်း ဇေယျဝတီဘုန်းတော်ကြီးကျောင်းဘေး ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ ဗျောတောဝရပ်ကွက် လေယာဉ်ကွင်းလမ်းမြို့တော်ခန်းမရှေ့ Box Culvert နှင့် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း၊ ပြည်သူများက တောင်းဆိုထားသည့် ဘုမ္မော်ရပ်ကွက် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းရှေ့ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ကြက်စားပြင်ရပ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးဘေး ဆိပ်ကမ်းသာလမ်းနှင့် ငါးလေလံ ဈေးအကြား ဆက်သွယ်နိုင်ရန်အတွက် တံတားတည်ဆောက် အသုံးပြုနိုင်ရေး၊ ယဉ်ကျေးမှုပြတိုက် နှင့် ဆန်းချီချောင်းအကြား လေးလမ်းသွား ကွန်ကရစ်ခင်းကျင်း ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)

MDN