ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကျောက်နီစိုက်ကွင်းရှိ နွားမွေးမြူရေးဇုန်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

News Image

  • ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကျောက်နီစိုက်ကွင်းရှိ နွားမွေးမြူရေးဇုန်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် ၁

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကွန်လုံကျေးရွာအုပ်စု စိုက်ပျိုးရေးဦးစီးဌာနပိုင် (ကျောက်နီစိုက်ကွင်း)အတွင်းရှိ နွားမွေးမြူရေးဇုန်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မွေးမြူရေးဇုန် ရှင်းလင်းဆောင်ခန်းမ၌ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး လုပ်ငန်းရှင် ဦးအောင်အောင်သန်း မွေးမြူထားသော နို့စားနွားမွေးမြူရေးခြံနှင့် SUPER SEVEN STARS AGRI TECH CO.,LDT ၏ နို့စားနွား မွေးမြူရေးခြံ၊ နို့ညစ်စက်ရုံနှင့် ချဉ်ဖက်ကန်တည်ဆောက်နေမှုတို့ကို လှည့်လည့်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

MDN