ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ၌ ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

News Image

  • ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ၌ ပဲတီစိမ်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း

ကျောက်ဆည်ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မိုးရေ၊ ဆည်ရေ၊ မြေအောက်ရေများဖြင့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မှိုင်းပန်ကျေးရွာ၌ စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။ 

ပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာ၌ မိရိုးဖလာ(ပက်ကျဲ)၊ တန်းဆွဲ၊  ဘောင်စနစ်များဖြင့် အမျိုးမျိုး စိုက်ပျိုးကြကြောင်းနှင့် တောင်သူအများစုသည် အထွက်နှုန်းကောင်းမွန်ရေး သိပ္ပံနည်းကျ (ဘောင်စနစ်)ဖြင့် ပြောင်းလဲစိုက်ကြပြီး ဘောင်စနစ်ဖြင့်စိုက်ပျိုးပါက ပဲတီမျိုး နှစ်ပြည်ခန့်အသုံးပြုစိုက်ပျိုးရကြောင်း၊ ထွက်နှုန်းအနေဖြင့် မြေ (၁)ဧကတွင် သွင်းအားစု၊ ရာသီဥတုနှင့် အပင်အပြုအစုအပေါ်မူတည်၍ ၁၇ တင်းမှ ၂၂ တင်းအထိ ထွက်ရှိကြောင်း ပဲတီစိမ်းစိုက်တောင်သူများထံမှ သိရသည်။ 

ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၁၁)၊ ရေဆင်း(၁၄)ပဲတီစိမ်းမျိုးများ အဓိက စိုက်ပျိုးကြကြောင်းနှင့် ပဲတီစိမ်းသီးနှံများအောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဝေပေးလျက်ရှိပြီး နည်းစနစ်များလည်း ပံ့ပိုးကူညီလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်