တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ မိုးရာသီ စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေး
ကျောက်ဆည်၊ ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများကြွေးမြီကင်းရှင်းပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေးလျက်ရှိရှာ ယနေ့အချိန်ထိ ငွေကျပ် သိန်း ( ၉၀၃၄ ဒဿမ ၅ ) ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
မိုးရာသီစိုက်ပျိုးစရိတ်ချေးများ ထုတ်ချေးပေးရာ၌ လယ်သီးနှံဖြစ်သည့် စပါး(၁)ဧကအတွက် ငွေသုံးသိန်း ကျပ်၊ ယာသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ နှမ်း၊ ချည်မျှင်ရှည်ဝါ သီးနှံများအတွက် (၁)ဧကအတွက် ငွေနှစ်သိန်း ငါးသောင်းကျပ်နှုန်းဖြင့် တောင်သူ ၆၀၄ ဦး၏ စပါးသီးနှံ ၂၅၇၄ ဧက၊ ပဲတီစိမ်းသီးနှံ ၄၀၅ ဧက၊ နှမ်းသီးနှံ ၁၁ ဧက၊ ချည်မျှင်ရှည်ဝါသီးနှံ ၁၀၉ ဧက၊ စုစုပေါင်းသီးနှံမျိုးစုံ ၃၀၉၉ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ၉၀၃၄ ဒဿမ ၅ ကျပ်သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲအနေဖြင့် တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း ၇၄၂၅၀ ကျပ်သိန်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
