နှစ်နိုင်ငံကြား အပတ်စဉ် လေကြောင်းခရီးစဉ်များ ထပ်မံတိုးချဲ့ပြေးဆွဲရန် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့ သဘောတူ
ဆိုးလ် ဇွန် ၄
ခုနစ်နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံကြား အပတ်စဉ် လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရေးအတွက် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံ တို့က သဘောတူထားကြောင်း ဇွန် ၃ ရက် သတင်းများတွင် ရေးသားတင်ပြခဲ့သည်ဟု Xinhua သတင်းဌာန ယနေ့တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံကြား အပတ်စဉ် လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရေးသဘောတူညီချက်သည် တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံတို့ကြား ဆက်ဆံရေး ပိုမို နွေးထွေးခိုင်မာလာမှု၏ လက္ခဏာတစ်ရပ်ဖြစ်သည်။
နှစ်နိုင်ငံကြား အပတ်စဉ် လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရေးသဘောတူညီချက်ကို မေ ၂၇ ရက်မှ ၂၈ ရက်ထိ ဆိုးလ်မြို့၌ ကျင်းပခဲ့သောဆွေးနွေးပွဲများတွင် ရယူခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ သဘောတူညီချက်အရ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အပတ်စဉ် လေကြောင်းပြေးဆွဲမှုကို လက်ရှိခရီးစဉ် ၆၀၈ ခုမှ ၆၆၄ ခုထိ တိုးချဲ့ပြေးဆွဲမည်ဖြစ်သည်။
အလားတူ နှစ်နိုင်ငံကြား ကုန်တင်လေယာဉ်ခရီးစဉ်များ ပြေးဆွဲပျံသန်းမှုကိုလည်း လက်ရှိခရီးစဉ် ၅၄ ခုမှ ၆၈ ခု ထိ တိုးချဲ့ပျံသန်းရန် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့က သဘောတူထားသည်။
ယခုနှစ် ပထမသုံးလတာကာလအတွင်း တရုတ်နှင့် တောင်ကိုရီးယား လေကြောင်းခရီးစဉ်များသည် ခရီးသည် ၄ ဒသမ ၃၉ သန်းထိ အပြန်အလှန် သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရတနာပုံ
