ဧဝရတ်တောင်၌ ပျောက်သွားသည့်တောင်တက်သမားကို ခြောက်ရက်အကြာတွင် အသက်ရှင်လျက်ပြန်တွေ့

News Image

  • ဧဝရတ်တောင်၌ ပျောက်သွားသည့်တောင်တက်သမားကို ခြောက်ရက်အကြာတွင် အသက်ရှင်လျက်ပြန်တွေ့

ဧဝရတ်တောင်ပေါ်၌ ပျောက်ဆုံးသွားပြီး သေဆုံးသွားပြီဟု မှတ်ယူခံထားရသည့် နီပေါတောင်တက်လမ်းပြတစ်ဦးသည် ခြောက်ရက်အကြာတွင် တောင်ခြေစခန်းသို့ တွားသွားကာ ပြန်လည်ရောက်ရှိလာပြီးနောက် ၎င်းကိုအသက်ရှင်လျက်တွေ့ရှိကြောင်း တာဝန်ရှိသူများက ဇွန်လ ၄ ရက်တွင်ပြောသည်။

အဆိုပါ တောင်တက်သမား၏ ဇနီးသည် ခင်ပွန်းအတွက်ရည်စူး၍ နာရေးကိုပင်လုပ်နေပြီဖြစ်ကြောင်း၊ လက်ရှိတွင် တောင်တက်သမားသည် ခတ္တမန္ဒူမြို့တော်ရှိ ဆေးရုံ၌ဆေးကုသမှုခံယူလျက်ရှိရာ သတိပြန်ရနေပြီဖြစ်ကြောင်းနှင့် နှင်းကိုက်နာ အနည်းငယ်သာ ခံစားနေရကြောင်းပြောသည်။

အသက် ၅၀ ကျော်ပြီဖြစ်သည့် တောင်တက်သမား ဒါဝါရှာပါသည် ၎င်း၏ဝါရင့်အတွေ့အကြုံကြောင့် ကျော်ကြားသော တောင်တက်သမား အက်ဒမွန်ဟီလာရီကို အစွဲပြု၍ ဟီလာရီဟုလူသိများသူဖြစ်သည်။ ၎င်းသည်မေလ ၃၀ ရက် အစောပိုင်းက ရာသီဥတုဆိုးရွားပြင်းထန်နေသည့် ဧဝရတ်တောင်၏   အထက်ပိုင်းဒေသတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ထို့နောက် အဆိုပါတောင်တက်သမားသည် ခြောက်ရက်တိုင်တိုင် အစားအစာနှင့်ရေအပြင် အောက်ဆီဂျင်ကောင်းစွာမရဘဲ အသက်ရှင်ရန် မျှော်လင့်ချက်တစ်ခုတည်းဖြင့် တောင်ခြေစခန်းဆီသို့တွားသွား၍ပြန်လာခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။                       

 Ref: BP

MWD