အစ္စရေးတွင် တောမီးအကြီးအကျယ်လောင်၍ လူပေါင်း ထောင်နှင့်ချီ ရွှေ့ပြောင်းပေးရ

News Image

  • အစ္စရေးတွင် တောမီးအကြီးအကျယ်လောင်၍ လူပေါင်း ထောင်နှင့်ချီ ရွှေ့ပြောင်းပေးရ

ဧပြီ ၃၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် အစ္စရေး နိုင်ငံမြို့တော် ဂျေရုဆလင်အနီး၌ တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံ ၇၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးလိုက်ရကြောင်း သိရပါသည်။ 

မြို့တွင်းလမ်းများစွာနှင့် မြို့တော်ဟောင်းဖြစ်သည့် တဲလ်အဗစ်မြို့နှင့် ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးလည်း တောမီးကြောင့် အဆက်အသွယ် ပြတ်တောက်သွားပါသည်။ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး က ဒါဇင်နှင့်ချီသည့် နိုင်ငံများနှင့် နိုင်ငံတကာ မီးသတ်အကူအဖွဲ့များကိုအကူအညီတောင်းထားပြီး နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာထားပါသည်။ 

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

News Video