ပန်ဆောင်မြို့၌ မိုးသီးများကြွေကျမှုကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီး

News Image

  • ပန်ဆောင်မြို့၌ မိုးသီးများကြွေကျမှုကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီး

ပန်ဆောင် ဧပြီ ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပန်ဆောင်မြို့ ရပ်ကွက်/ကျေးရွာများတွင် ဧပြီ ၂၁ ရက် ညနေ ၆ နာရီ၌ အချိန် အခါမဟုတ် မိုးသီးများကြွေကျပြီး မိုးများရွာသွန်းခဲ့သည်။

 

အဆိုပါ မိုးသီးများကြွေကျပြီး မိုးရွာသွန်းမှုကြောင့် ပန်ဆောင်မြို့ ရပ်ကွက်/ကျေးရွာများရှိ လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပန်ဆောင်(ပြန်/ဆက်)

MDN