ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုတွင် လူခြောက်ဦး ဒဏ်ရာရရှိ
ဂျပန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူခြောက်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းသတင်းစာတစ်စောင်က ဧပြီ ၂၁ ရက်တွင် ဖော်ပြသည်။
ငလျင်လှုပ်ခတ်မှုသည် ဧပြီလ ၂၀ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိပြီး အခြားလေးဦးမှာ အနည်းငယ်သာဒဏ်ရာ ရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဝန်ကြီး ဂျီရိုအာကာမာက ပြောသည်။
ငလျင်လှုပ်ခတ်မှုအပြီးတွင် အာဏာပိုင်များက ကမ်းခြေဒေသများ၌ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း နစ်ပိုသတင်းစာက ဖော်ပြသည်။
သို့ရာတွင် အဆိုပါငလျင်လှုပ်ခတ်မှုအတွင်း နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများ၌ ပျက်စီးမှု တစ်စုံတစ်ရာဖြစ်ပွားခဲ့ခြင်း မရှိကြောင်း နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီအဖွဲ့က ထုတ်ပြန်ထား ကြောင်းသိရသည်။
MWD
MM-News-Category
