သွေးအားနည်းရောဂါ (Anemia)

Posted_Date

Image

သွေးအားနည်းရောဂါ (Anemia)

Body

သွေးအားနည်းရောဂါသည် သွေးထဲတွင်  ကျန်းမာသောသွေးနီဥများ မလုံလောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ တစ်သျှူးများသို့ အောက် ဆီဂျင်ထောက်ပံ့မှုလျော့နည်းသွားသည့်    အခြေအနေတစ်ခုဖြစ်သည်။

အဆိုပါအခြေအနေသည် သွေး၏အောက်ဆီဂျင်လုံလောက်စွာသယ်ယူနိုင်မှုစွမ်းရည်ကို လျော့နည်းစေပြီး မောပန်းနွမ်းနယ်စေသည့် သွေးအား နည်းလက္ခဏာများဖြစ်ကြသည်။

ပရိုတင်းဓာတ်သည်  သွေးနီဥဆဲလ်များ၏   မရှိမဖြစ်လိုအပ်သောဓာတ်တစ်မျိုးဖြစ်သည်။ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါသည် အမျိုး သမီးများတွင် အဓိကအားဖြင့် အဖြစ်အများဆုံးဖြစ်သည်။ အဆိုပါအခြေ အနေကာလအတွင်း ရှုပ်ထွေးမှုဆီသို့ ဦးတည်နိုင်သည်။ကိုယ်ဝန်ဆောင် များတွင်   သွေးလိုအပ်ချက်မြင့်မားသောကြောင့်  သွေးအားနည်းရောဂါ အဖြစ်များသည်။

သွေးနီဥ 

ခန္ဓာကိုယ်တွင် သွေးဖြူဥ၊ သွေးနီဥ၊ သွေးဥမွှားဆဲလ်အမျိုးအစား သုံး မျိုးရှိသည်။ သွေးနီဥဆဲလ်(RBCs)သည်  ခန္ဓာကိုယ်မှထုတ်ပေးသောဆဲလ်များဖြစ်ပြီး အဆုတ်မှ အောက်ဆီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးဆီသို့  သယ်ဆောင်ပေးကာ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို   အဆုတ်သို့  သယ်ဆောင်ပေးသောကြောင့် ယင်းကိုရှူထုတ်မည်ဖြစ်သည်။

 သွေးအားနည်းရောဂါသည် အမျိုးအစားအမျိုးမျိုးရှိပါသည်။

သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ

သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါသည် ခန္ဓာကိုယ်ထဲတွင် သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တတ်သည်။ သံဓာတ်သည် ခန္ဓာကိုယ်ရှိ သွေးနီဥ များဖွဲ့စည်းရာတွင်  အရေးပါသည်။  သွေးနီဥချို့တဲ့ခြင်းကြောင့်  မိမိခန္ဓာကိုယ်တွင် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်သည်။

ဗီတာမင်ချို့တဲ့သွေးအားနည်းရောဂါ

ဗီတာမင်ချို့တဲ့သွေးအားနည်းရောဂါသည် ခန္ဓာကိုယ်ထဲတွင် ဗီတာမင်ဓာတ်ချို့တဲ့မှုကြောင့်ဖြစ်သည်။ ဖောလိတ်နှင့် ဗီတာမင် B-12 ကဲ့သို့ တခြားသောဗီတာမင်များသည်လည်း  သွေးနီဥဆဲလ်များကြီးထွားရန် အတွက် လိုအပ်သည်။ သွေးအားနည်းရောဂါသည် ဗီတာမင်-A ချို့တဲ့ ပါက ခန္ဓာကိုယ်အတွင်းရှိ ဗီတာမင်တချို့ကို လုံလောက်စွာမရှိသောအခါတွင် ဖြစ်ပေါ်တတ်သည်။

အေပလတ်စတစ်(Aplastic)သွေးအားနည်းရောဂါ

သွေးအားနည်းရောဂါ၏နောက်တစ်မျိုးမှာ      အေပလတ်စတစ် (Aplastic) သွေးအားနည်းရောဂါဖြစ်သည်။ သွေးနီဥများ လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အခါ ဖြစ်လေ့ရှိသော အပြင်းထန်ဆုံးနှင့် အဖြစ်များ ဆုံး သွေးအားနည်းရောဂါတစ်မျိုးဖြစ်သည်။ ရောဂါပိုးဝင်ခြင်း၊ ခုခံအား ချို့ယွင်းခြင်း၊ တချို့သောဆေးဝါးများသည် အေပလတ်စတစ်သွေးအားနည်းရောဂါကိုဖြစ်စေသည်။

တံစဉ်ဆဲလ်သွေးအားနည်းရောဂါ

တံစဉ်ဆဲလ်သွေးအားနည်းရောဂါ (Sickle cell Anaemia) သည် မျိုး ရိုးလိုက်သောရောဂါဖြစ်သည်။  သွေးနီဥဆဲလ်များ  သေဆုံးခြင်းသည် ဤသွေးအားနည်းရောဂါပုံစံတွင် ရိုးတွင်းချဉ်ဆီနှင့် သွေးနီဥများကြီးထွား မှုကို ကျော်လွန်သည်။

သွေးအားနည်းလက္ခဏာများ၊ ကွဲပြားသောလက္ခဏာများနှင့် တခြားလက္ခဏာများ ပေါ်မူတည်၍ ကွာခြားသည်။ သွေးအားနည်းရောဂါအမျိုး အစားများ၊     အပျော့စားသွေးအားနည်းရောဂါ၏ လက္ခဏာများကို ခြေရာခံ၍မရသော်လည်း သွေးအားနည်းရောဂါ ပိုဆိုးလာသည်နှင့်အမျှ လက္ခဏာများထင်ရှားလာသည်။

တချို့သောအဖြစ်များသည့် လက္ခဏာများမှာ နှုတ်ခမ်းနှင့်လက်သည်း ဖြူဖျော့ခြင်း၊  အားနည်းခြင်း၊  မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊   ခြေထောက်ကြွက်တက်ခြင်း၊  အသက်ရှူရခက်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်သည်။

ဗီတာမင်B-12ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်း 

ဗီတာမင် B-12 ချို့တဲ့ခြင်းကြောင့် ထုံကျဉ်ခြင်း၊ လက်နှင့်ခြေထောက် များရှိ ကြွက်သားများတောင့်တင်းခြင်းနှင့် မှတ်ဉာဏ်ဆုံးရှုံးခြင်းများဖြစ် တတ်သည်။

နာတာရှည်သွေးဆဲလ်များပျက်စီးခြင်း

နာတာရှည်သွေးဆဲလ်များ ပျက်စီးခြင်းကြောင့် ဆီးအရောင်မည်း ခြင်း၊ အသားဝါခြင်း သို့မဟုတ် သည်းခြေကျောက်တည်ခြင်းတို့ ဖြစ်စေသည်။

ဆရာဝန်နှင့်ပြသခြင်း 

ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းမလုပ်ဘဲ ပင်ပန်းနွမ်းနယ် ခြင်းသည် သွေးအားနည်းခြင်း၏လက္ခဏာများဖြစ်သည်။ ထိုသို့ဖြစ်ပါက ဟေမိုဂလိုဘင်စစ်ခြင်းဖြင့် သွေးအားနည်း၊ မနည်း၊ ဆရာဝန်နှင့် ကုသ ရန် လို၊ မလို ဆုံးဖြတ်ပေးနိုင်သည်။

သွေးအားနည်းရောဂါ၏ အောက်ပါအန္တရာယ်များနှင့် ရောဂါလက္ခဏာ များကိုလျစ်လျူမရှုသင့်ပါ။

မိသားစုရာဇဝင်သွေးမမှန်ခြင်း

ကလေးမွေးဖွားရန်မစီစဉ်မီ မီးယပ်အထူးကုနှင့် တိုင်ပင်သင့်သည်။ကိုယ်ဝန်ရှိနေသည်ဟုယူဆလျှင် ဆရာဝန်ထံသွားပြသရန်  လိုအပ်သည်။ သွေးအားနည်းရောဂါသည်   ကိုယ်ဝန်ဆောင်မိခင်နှင့်   သန္ဓေသားကိုအန္တရာယ်ဖြစ်စေနိုင်သည်။ သွေးအားနည်းရောဂါသည် သန္ဓေသား၏ ကြီးထွားမှုကို  ထိခိုက်စေနိုင်ပြီး  ကလေးမွေးဖွားစဉ်  နောက်ဆက်တွဲ ပြဿနာများ ဖြစ်စေနိုင်သည်။

နှလုံးခုန်နှုန်းအပြောင်းအလဲများ

နှလုံးခုန်နှုန်းပြောင်းလဲမှုသည်   သွေးအားနည်းခြင်းလက္ခဏာတစ်ခု ဖြစ်သည်။ သွေးအားနည်းရောဂါရှိသူများသည် သွေးတွင်းရှိ အောက် ဆီဂျင်မလုံလောက်သောကြောင့် ကိုယ်တွင်းအင်္ဂါများဆီ အောက်ဆီဂျင် ပုံမှန်ရရှိရန် နှလုံးက အလုပ်ပိုလုပ်ရသည်။ ထို့ကြောင့် နှလုံးနှင့်ဆက်နွှယ် သည့်ရောဂါလက္ခဏာများ   ပေါ်လာတတ်သည်။   နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ ခံစားရနိုင်သည်။ ထို့ပြင် ကိုယ်လက်လှုပ်ရှားမှုအနည်းငယ်ကြောင့် အသက်ရှူကျပ်ပါက ဆရာဝန် ထံ ချက်ချင်းသွားရောက်ပြသသင့်သည်။

အာဟာရချို့တဲ့ခြင်း 

အစားအသောက်များတွင်   သတ္တုဓာတ်နှင့်   ဗီတာမင်များကဲ့သို့ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များချို့တဲ့ပါက သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများသည်။ အာဟာရဆိုင်ရာအခြေအနေကို အကြံဉာဏ် နှင့် ပြုပြင်ရန်  ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့်  တိုင်ပင်သင့် သည်။

သွေးအားနည်းလက္ခဏာများ 

အိပ်ရေးမပျက်ဘဲ တစ်ခါတစ်ရံမောပန်းနေတတ်ခြင်းမျိုး ကြုံဖူးကြသည်။  ယင်းသည်  သွေးအားနည်းသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။ အားနည်းခြင်း၊  ချာချာလည်မူးခြင်း၊   အသားအရေဖျော့တော့ခြင်း၊ ခေါင်းကိုက်ခြင်း၊  ခြေဖျားလက်ဖျားအေးခြင်း၊  ထုံကျဉ်ခြင်း၊ ခန္ဓာကိုယ် အပူချိန်လျော့နည်းခြင်း စသည့်လက္ခဏာရပ်များသည် သွေးအားနည်း နေသည့်အခါ ခံစားရနိုင်သည်။

ကလေးများနှင့် သွေးအားနည်းရောဂါ

အသက်နှစ်နှစ်အတွင်း ကလေးငယ်ခုနစ်ယောက်တွင် တစ်ယောက် မှာ သွေးအားနည်းရောဂါ ခံစားရနိုင်ခြေရှိသည်။ အဘယ်ကြောင့်ဆိုသော် သံဓာတ်ပါဝင်သောအစားအစာများ စားသောက်မှုနည်းသောကြောင့်ဖြစ်သည်။ မိဘအများစုက ကလေးများသည်  မြေကြီးများ၊ ညစ်ပတ်သည့် အရာများကို  ပါးစပ်ထဲကောက်ထည့်ခြင်း၊ ရေခဲစားခြင်းကြောင့်ဟုထင် တတ်ကြသည်။  ကလေးငယ်များ  သွေးအားနည်းခြင်းကို မကုသဘဲနေ ပါက ဦးနှောက်၏ လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်သည်။

အမျိုးသမီးများနှင့်သွေးအားနည်းရောဂါ

အမျိုးသမီးများတွင်  နာတာရှည်သွေးအားနည်းရောဂါ  ဖြစ်နိုင်ခြေ အလွန်များသည်။ အမျိုးသမီးများက လစဉ်ဓမ္မတာ လာသည့်အတွက် သွေးဆုံးရှုံးမှုများရှိသောကြောင့်  သွေးအားနည်းခြင်းဖြစ်နိုင်ခြေများသည်။ ကိုယ်ဝန်ဆောင်ချိန်တွင်လည်း အမျိုးသမီးများ၏သွေးပမာဏပြောင်းလဲမှုဖြစ်သောကြောင့် သွေးအားနည်းခြင်းဖြစ်နိုင်သည်။

နာတာရှည်ဖြစ်သော ကျောက်ကပ်ရောဂါက ခန္ဓာကိုယ်အတွင်းတွင် သွေးနီဥဆဲလ်များအပေါ် သက်ရောက်မှုရှိသောကြောင့် သွေးအားနည်း ခြင်းဖြစ်စေသည်။   စားသုံးသည့်အစားအစာများမှ သံဓာတ်၊ ဖောလိတ်၊ ဗီတာမင်-B12  စသည်တို့ လုံလောက်စွာ မရရှိခဲ့လျှင်လည်း သွေးအားနည်း ရောဂါဖြစ်နိုင်သည်။  တချို့သွေးအားနည်းရောဂါအမျိုးအစားက မျိုးရိုး ဗီဇကြောင့်ဖြစ်နိုင်သည်။

ဆယ်ကျော်သက်နှင့် သွေးအားနည်းရောဂါ

ဆယ်ကျော်သက်အရွယ်တွင်    မကြာခဏမောပန်းနွမ်းနယ်ခြင်းက သွေးအားနည်းရောဂါကြောင့်ဖြစ်နိုင်သည်။  ဆယ်ကျော်သက် အရွယ်များတွင် ရုတ်တရက်ကြီးထွားလာသောခန္ဓာကိုယ်ကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဖြစ်ပွားနိုင်ခြေများသည်။     ဆယ်ကျော်သက်မိန်းကလေးများ    လစဉ်ဓမ္မတာလာသောကြောင့်  အမျိုးသားများထက် သွေးအားနည်းခြင်း ပိုဖြစ်တတ်သည်။

အပျိုဖော်ဝင်စမှစ၍ သွေးဆုံးချိန်အထိ အမျိုးသမီးတိုင်း ဟေမိုဂလို ဘင်စစ်ဆေးခြင်းကို ပုံမှန်စစ်ဆေးရန်လိုအပ်သည်။ သွေးအားနည်းရောဂါ သည် အသံတိတ်ရောဂါဖြစ်ပြီး ရောဂါလက္ခဏာများကို လွတ်သွားနိုင်သည်။

မိန်းကလေးအများစုသည်  သွေးအားနည်းရောဂါဖြစ်တတ်သည်။  သွေးအားနည်းရောဂါတစ်ခုခုရှိလျှင်    အစားအသောက်စားသုံးခြင်း၊  ဖြည့်စွက်ဆေးသောက်ခြင်းဖြင့် ပြန်ကောင်းသွားနိုင်သည်။

MWD