ထမင်းစားပြီး ၁၀ မိနစ်ခန့်လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
Posted_Date
Image
Body
နေ့လယ်စာနှင့် ညစာစားပြီးချိန်တို့တွင် ၁၀ မိနစ် ခန့်လမ်းလျှောက်ရုံဖြင့် ခန္ဓာကိုယ်အတွင်း ပြောင်းလဲ မှုများဖြစ်ပေါ်နိုင်ကြောင်း သုတေသီများကဆိုသည်။
လမ်းလျှောက်ခြင်းက အစာခြေလမ်းကြောင်းကိုနှိုးဆွနိုင်သောကြောင့် အစာများကို အလွယ်တကူချေဖျက်နိုင်ပြီး လေပွခြင်းနှင့် အူထဲတွင် အစာအချဉ် ပေါက်ခြင်းနည်းသွားသည်။ အစာစားပြီးပြီးချင်း လမ်းလျှောက်သောကြောင့် ဗိုက်ထဲ လေးလံမှုမရှိ တော့ဘဲ နေ၍ကောင်းလာသည်။ ထို့ပြင် သွေးလှည့် ပတ်မှုပို၍ကောင်းမွန်လာပြီး ကြွက်သားနှင့်အစာခြေ အင်္ဂါများဆီသို့ သွေးရောက်ရှိမှုများပြားလာသည့်အတွက် အာဟာရစုပ်ယူမှုနှင့် စွမ်းအင်ထုတ်လုပ်မှု အတွက် အထောက်အကူပြုစေနိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် အစာစားပြီးချိန်တွင် အိပ်မငိုက်စေ ရန်နှင့် ပျင်းရိလေးလံမှုမရှိစေရန် ကာကွယ်ပေးနိုင် သည်။ ထမင်းစားပြီး လမ်းလျှောက်ရာတွင်လည်း ပြင်းပြင်းထန်ထန်လမ်းလျှောက်စရာမလိုဘဲ ပုံမှန် သာ လမ်းလျှောက်သင့်သည်။ထမင်းစားပြီးချိန်တွင် ၁၀ မိနစ်ခန့် လမ်းလျှောက် ပေးခြင်းက ရိုးရှင်းသော်လည်း ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။
အစာခြေစနစ်ပိုမိုထိရောက်ခြင်း
လမ်းလျှောက်ခြင်းက အစာအိမ်နှင့်အူလမ်းကြောင်း၏ကြွက်သားလှုပ်ရှားမှုကို လှုံ့ဆော်ပေး သည်။ ထို့ကြောင့် စားလိုက်သည့်အစာများကို အစာ အိမ်ထဲမှ အူသိမ်ထဲသို့ ပိုမိုမြန်ဆန်စွာပို့ဆောင်ပေးနိုင် ပြီး အစာချေဖျက်မှုလုပ်ငန်းစဉ်များကို ချောမွေ့စေ သည်။ အစာမကြေခြင်း၊ လေပွခြင်း၊ ရင်ခေါင်းအောင့် ခြင်းဝေဒနာများကို သက်သာစေသည့်အပြင် ဝမ်းချုပ် ခြင်းကိုပါ ကာကွယ်ပေးနိုင်သည်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
အစာစားပြီးချိန်တွင် သွေးတွင်းသကြားဓာတ်ပမာဏမြင့်တက်လာသည်။ လမ်းလျှောက်သည့်အခါ ကြွက်သားများက စွမ်းအင်လိုအပ်လာပြီး သွေး ထဲမှသကြားဓာတ်ကို စုပ်ယူအသုံးပြုရသည်။ ထို့ ကြောင့် အစာစားပြီးချိန် လမ်းလျှောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ် ရုတ်တရက်အလွန်အမင်းမြင့်တက်သွားခြင်းကို ကာကွယ်ပေးနိုင်သည်။ ဆီးချို ရောဂါအကြိုအဆင့်ရှိသူများနှင့် ဆီးချိုရောဂါအမျိုး အစား(၂)ရှိသူများအတွက် အထူးအကျိုးရှိစေနိုင်သည်။
နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း
ပုံမှန်လမ်းလျှောက်ခြင်းက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုစေနိုင်သည့်အပြင် သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး သွေးဖိအားကိုထိန်းညှိပေးနိုင်သည်။ ထမင်းစားပြီးချိန် လမ်းလျှောက် ခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသော ကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချ ပေးနိုင်သည်။
ကိုယ်အလေးချိန်ထိန်းခြင်းနှင့်ဝိတ်ကျစေခြင်း
ထမင်းစားပြီးချိန်လမ်းလျှောက်ခြင်းက စားလိုက် သည့်အစာမှရရှိမည့် ပိုနေသောကယ်လိုရီတချို့ကို လောင်ကျွမ်းစေနိုင်သည်။ ထို့ပြင် ဇီဝကမ္မဖြစ်စဉ် ကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်ထိန်းရာတွင် အထောက်အကူပြုစေသည်။ ရေရှည်တွင် ကိုယ်အလေးချိန်လျှော့ချရန် ကြိုးစားနေသူများအတွက် အထောက်အကူဖြစ်စေနိုင်သည်။
စိတ်ဖိစီးမှုလျော့ကျစေခြင်း
လမ်းလျှောက်ခြင်းက စိတ်ဖိစီးမှုဟော်မုန်းကိုလျှော့ချပေးပြီး စိတ်ကိုတည်ငြိမ်စေသည်။ ထို့ပြင်ဦးနှောက်ထဲမှ ကောင်းမွန်သောခံစားမှုကိုပေးသည့် အန်ဒေါ်ဖင်ဟော်မုန်းထွက်ရှိမှုကို အားပေးသောကြောင့် စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး စိတ်ကြည်လင်လန်းဆန်းစေသည်။ ညစာစားပြီးချိန်လမ်းလျှောက်ပေးခြင်းက ကောင်းမွန်စွာအိပ်ပျော်စေ ရန်လည်း ကူညီပေးနိုင်သည်။
- ထမင်းစားပြီး ချက်ချင်းမဟုတ်ဘဲ ၅-၁၀ မိနစ် ကြာစောင့်ပြီးမှ စတင်လမ်းလျှောက်သင့်သည်။
- ၅-၁၀ မိနစ်ခန့် လမ်းလျှောက်ပေးလျှင် လုံလောက်သည်။ အချိန်ပိုရလျှင် မိနစ် ၂၀ ခန့် လျှောက်သင့် သည်။
- လမ်းလျှောက်ရာတွင် ဖြည်းဖြည်းမှန်မှန်လျှောက် သင့်သည်။ ဗိုက်ထဲတွင် အစာများဖြင့်ပြည့်နေ သည့်အချိန်မဟုတ်ဘဲ သက်သောင့်သက်သာရှိ သည့်အချိန်တွင် လမ်းလျှောက်သင့်သည်။
- သတိပြုရန်မှာ အစာစားပြီး ချက်ချင်း ပြင်းထန် သောလေ့ကျင့်ခန်းများ မပြုလုပ်သင့်ပါ။
- မိမိတွင် ကျန်းမာရေးပြဿနာတစ်ခုခုရှိပါကဆရာဝန်နှင့်တိုင်ပင်ပြီးမှ လမ်းလျှောက်သင့် သည်။
ထမင်းစားပြီးချိန်တွင် မပြုလုပ်သင့်သော အောက်ပါအလေ့အထများလည်းရှိသည်။
အိပ်ခြင်း
နေ့လယ်နေ့ခင်းထမင်းစားပြီးသည်နှင့် မအိပ် သင့်ပါ။ ညစာကို နောက်ကျမှစား၍အိပ်ခြင်းမျိုး မပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ခြင်းက အစာခြေစနစ် ကိုဝန်ပိစေပြီး အစာမကြေခြင်းဖြစ်စေနိုင်သည်။ ထိုအခါ အစာခြေအက်စစ်များက အစာအိမ်ထဲမှတစ် ဆင့် အစာပြွန်ထဲသို့ရောက်ရှိလာပြီး ရင်ပူခြင်းမျိုးဖြစ် စေနိုင်သည်။ ထို့ကြောင့် အကောင်းဆုံးမှာ အစာစား ပြီး နှစ်နာရီခန့်အကြာမှသာ အိပ်စက်သင့်သည်။
ဆေးလိပ်သောက်ခြင်း
အစာစားပြီးပြီးချင်း ခံတွင်းချဉ်၍ ဆေးလိပ်သောက် ခြင်းကိုလည်း မပြုလုပ်သင့်ပေ။ အကြောင်းမှာ အစာ စားပြီးချိန်တွင် ဆေးလိပ်သောက်ခြင်းက တခြားအချိန် ဆေးလိပ်သောက်ခြင်းထက် ခန္ဓာကိုယ်ကို ထိခိုက် နိုင်ခြေ ၁၀ ဆခန့် ပိုများနိုင်သည်။ အစာစားပြီး ဆေးလိပ်လုံးဝမသောက်သင့်ပါ။
ရေချိုးခြင်း
အစာတစ်ခုခုစားပြီးမှ ရေချိုးခြင်းက အစာခြေစနစ် ၏လုပ်ဆောင်မှုကို နှေးသွားစေသည်။ အကြောင်းမှာ ရေချိုးလိုက်သည့်အခါ အစာခြေစနစ်သို့ ရောက်ရှိရ မည့်သွေးများက အစာခြေစနစ်သို့မရောက်ရှိဘဲခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိရန် ခန္ဓာကိုယ်အနှံ့သို့စီးဆင်းသွားပြီး အစာခြေစနစ်၏လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားနိုင်သောကြောင့်ဖြစ်သည်။
သစ်သီးစားခြင်း
အစားအစာတစ်ခုချင်းစီအလိုက် ခန္ဓာကိုယ်၏အစာခြေမှုကွာခြားသည်။ ထမင်းမစားမီ သစ်သီး စားခြင်းက အစာကြေရန် လွယ်ကူစေသော်လည်း ထမင်းစားပြီး သစ်သီးစားခြင်းက အစာခြေစနစ်ကို နှေးကွေးစေနိုင်ပြီး အစာမကြေခြင်းမျိုးဖြစ်စေနိုင် သည်။ ထို့ကြောင့် သစ်သီးကို ထမင်းစားပြီး နှစ်နာရီ ခန့်အကြာမှ စားသင့်သည်။
ရေနွေးကြမ်းသောက်ခြင်း
အစားအစာများတွင် ပရိုတင်းပါဝင်နေပြီး ထမင်းစားပြီးချိန်တွင် ရေနွေးကြမ်းသောက်ခြင်းက ပရို တင်းကို ချေဖျက်နိုင်စွမ်း ကျဆင်းစေနိုင်သကဲ့သို့ ခန္ဓာကိုယ်၏သံဓာတ်စုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်သည်။ ထို့ကြောင့် ရေနွေးကြမ်းကြိုက်သည် ဆိုလျှင် ထမင်းစားပြီး တစ်နာရီခန့်ကြာမှသာ သောက်သင့်သည်။
လေ့ကျင့်ခန်းပြုလုပ်ခြင်း
ထမင်းမစားမီ၊ ရေမချိုးမီ လူတိုင်း နေ့စဉ်နာရီ ဝက်မှ တစ်နာရီကြာ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူး၊ လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်သင့်သည်။ အစာတစ်ခုခုကို ပြည့်ပြည့်ဝဝစားပြီး လေ့ကျင့်ခန်း လုပ်သည်က အစာခြေစနစ်၏လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အော့အန်ခြင်း၊ ဗိုက် အောင့်ခြင်းမျိုးကိုပါ ဖြစ်စေနိုင်သည်။ ထို့ကြောင့် အစာတစ်ခုခုစားပြီး၍ ၂-၃ နာရီခန့်ကြာမှသာ လေ့ကျင့်ခန်းပြုလုပ်သင့်သည်။
အသက်ရှည်ရှည်နေနိုင်ရန် မွေးမြူသင့်သည့်အလေ့အထကောင်းများလည်းရှိသေးသည်။
- အလွန်အကျွံမစားသင့်ပါ။ အသက်ရှည်ရှည်နေ လိုလျှင် အစာစားသည့်အခါ နည်းနည်းချင်းစီကို ကြေညက်စွာဝါးစားကာ အကြိမ်ရေများများစား ပေးရသည်။ တစ်ကြိမ်တည်း အဝစားလိုက်ခြင်း မျိုး မပြုလုပ်သင့်ပါ။ စားသုံးသည့်ကယ်လိုရီပမာဏနည်းလေလေ၊ အိုမင်းမှုနည်းလေလေ ဖြစ်သည်။
- အခွံမာသီးစားပေးသင့်သည်။ အခွံမာသီးတွင် ပရိုတင်း၊ အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင် အာနိသင်များ ပါဝင်သည်။ ထို့ပြင် ဗီတာမင်၊ သတ္တုဓာတ်များ၊ ကော့ပါး၊ မဂ္ဂနီဆီယမ်၊ ပိုတက် ဆီယမ်နှင့် ဖောလိတ်တို့အပြင် ဗီတာမင်-B6 နှင့် ဗီတာမင်-E တို့ပါဝင်သည်။ တစ်ပတ်လျှင် သုံးကြိမ် အခွံမာသီးစားပေးပါက အရွယ်မတိုင် မီ သေဆုံးနိုင်ခြေကို ၃၉ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်သည်။
- အသီးအရွက်များများစားသင့်သည်။ အသီး အရွက်များများစားသူများက အသားကြိုက်သူ များထက် အသက်ပိုရှည်ကြသည်။ ထို့ကြောင့် အရွယ်မတိုင်မီ သေဆုံးခြင်းမျိုးမဖြစ်စေရန် အသီးအရွက်များများ စားပေးသင့်သည်။ သဘာဝ မှရသည့် သစ်သီးနှင့်အရွက်များက ကင်ဆာဖြစ် နိုင်ခြေကို လျှော့ချပေးသကဲ့သို့ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေကို ၁၂-၁၅ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်ကြောင်း ရေးသားလိုက်ရပါသည်။
MWD
