ခန္ဓာကိုယ်တွင်းရှိ အဆီပိုများ လျော့နည်းစေရန်

Posted_Date

Image

ခန္ဓာကိုယ်တွင်းရှိ အဆီပိုများ လျော့နည်းစေရန်

Body

  မိမိခန္ဓာကိုယ်အတွင်း အဆီပိုများစုဝေးလာပါက လှုပ်ရှားသွားလာရာတွင် လေးလံသကဲ့သို့ ခံစားရတတ်သည်။ အဆီပိုများရှိနေခြင်းသည် ခန္ဓာကိုယ်၏အလှတရားကိုထိခိုက်စေသည့်အပြင် ကျန်းမာရေးအတွက်လည်း ဆိုးကျိုးဖြစ်နိုင်သည်။

ပရိုတင်းဓာတ်ကြွယ်ဝသောအစားအစာများစားသင့်

    ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများသည် အာဟာရဖြစ်စေသည့်အပြင် အဆီများကို   ပိုမိုလောင်ကျွမ်းစေသည်။  ပရိုတင်းက ခါးအဆီများကို  ပိုမိုလောင်ကျွမ်းစေသည်။  ကယ်လိုရီများကိုလျော့ကျစေပြီး ကြွက်သားများတည်ဆောက်ရာတွင်  အထောက်အကူပြုသည်။   

အသား၊  ပင်လယ်စာ၊  ပဲတောင့်ရှည်၊ ပဲအမျိုးမျိုးနှင့် နို့ထွက်ပစ္စည်းများ သည် ပရိုတင်းဓာတ်ကြွယ်ဝသည်။

ပုံမှန်ထက် အနည်းငယ်ပိုအိပ်စက်သင့်

     ညဘက်အိပ်ရာစောစောဝင်ပြီး ပုံမှန်ထက်အနည်းငယ် နောက်ကျပြီးမှ အိပ်ရာထခြင်းသည် အဆီများလောင်ကျွမ်းပြီး  ကိုယ်အလေးချိန်တက်ခြင်းကိုကာကွယ်နိုင်သည်။ သုတေသနပြုချက်များအရ အိပ်ရေးဝခြင်းနှင့်  ကိုယ်အလေးချိန်လျော့ခြင်းကြား ဆက်စပ်မှုရှိသည်။  တစ်ဖက်တွင်လည်း အိပ်ရေးမဝခဲ့သော် ကိုယ်အလေးချိန်တိုးလာသည်ကို တွေ့ရသည်။   

အနည်းဆုံး တစ်ရက်လျှင် ခုနစ်နာရီခန့် အိပ်စက်သင့်သည်။ နှစ်ခြိုက်စွာအိပ်စက်နိုင်ရန်   ကော်ဖီလျှော့သောက်ပြီး  မိုဘိုင်းလ်ဖုန်း အသုံးပြုချိန်လျှော့ချသင့်သည်။

ရှလကာရည်သုံးစွဲသင့်

     နှလုံးကျန်းမာရေးနှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ရန် ရှလကာရည်ကို နေ့စဉ်သုံးစွဲသင့်သည်။ ရှလကာရည်သည် အဆီများကိုလောင်ကျွမ်းစေသည်။  နေ့စဉ်အစားအသောက်တွင်  ရှလကာရည်ကို ထမင်းစားဇွန်း ၁-၂ ဇွန်းခန့်ထည့်သွင်းစားသုံးခြင်းသည် ကိုယ်အလေးချိန်ကျစေပြီး ခါးအဆီများကိုလျော့နည်းစေသောကြောင့် ဆက်တိုက်သုံးစွဲပေးသင့်သည်။ ဗိုက်ပြည့်သကဲ့သို့ ခံစားရစေပြီး ထမင်းများများစားခြင်းကို ကာကွယ်ပေးသည်။ ရှလကာရည်ကို အချဉ်ရည်အနေဖြင့် ပြုလုပ်စားသုံးသင့်သည်။

ကျန်းမာရေးနှင့်ညီညွတ်သောဖျော်ရည်များသောက်သင့်

     သကြားဓာတ်များလွန်းသည့် အချိုရည်များအစား     ကျန်းမာရေးအတွက်  သင့်လျော်မည့်ဖျော်ရည်များကို  အစားထိုးသောက်သုံးသင့်သည်။   အချိုရည်များနှင့်  အရက်သည် ခါးတွင် အဆီများစုဝေးခြင်းနှင့် ဆက်စပ်နေသည်။  လက်ဖက်စိမ်းရည်တွင် ကဖင်းဓာတ်ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်သည်။  အဆိုပါနှစ်မျိုးစလုံးသည် အဆီများလောင်ကျွမ်းစေရန် အထောက်အကူပြုသည်။

အမျှင်ဓာတ်များသောအစားအစာများ စားသုံးသင့်

     အမျှင်ဓာတ်သည် အူလမ်းကြောင်းထဲရောက်သော် ရေကိုစုပ်ယူပြီးအစာခြေစနစ်အတွင်း  ဖြည်းညင်းစွာရွေ့လျားသွားသည်။ သုတေသနတစ်ခု၌ ရေတွင်ပျော်ဝင်နိုင်သည့်အမျှင်ဓာတ်ကို နေ့စဉ် ၁၀ ဂရမ် စားသုံးခြင်းသည်  ကိုယ်အလေးချိန်တက်ခြင်းနှင့်  အဆီစုဝေးခြင်းကိုလျော့ကျစေသည်။  ထို့ပြင် အမျှင်ဓာတ်သည် ဗိုက်ပြည့်စေပြီး ဆာလောင်မှုကိုသက်သာစေသည်။  တစ်ရက်လျှင် အမျှင်ဓာတ်  ၁၄  ဂရမ်စားသုံးပါကကယ်လိုရီစုပ်ယူခြင်းကို ၁၀ ရာခိုင်နှုန်းကျဆင်းစေသည်။

အဆင့်ဆင့်ပြုပြင်ထားသောကာဗိုဟိုက်ဒရိတ်များ

     အဆင့်ဆင့်ပြုပြင်ထားသော ကာဗိုဟိုက်ဒရိတ်များတွင် ပေါင်မုန့်ဖြူ၊ဆော်ဒါ၊   ဆန်ဖြူ၊ ဘီစကွတ်ကဲ့သို့  အစားအစာများပါဝင်သည်။ စားကောင်းစေရန် ဆန်၊ ဂျုံ စသည်တို့ဖြင့်ပြုလုပ်ထားပြီး အဆင့်ဆင့်ပြုပြင်ထားသည့်အပြင် အချိုဓာတ်လည်းများသည်။  အမျှင်ဓာတ်နှင့်တခြား အာဟာရဓာတ်များ နည်းပါးသည်။ ထို့ကြောင့်  အဆိုပါအစားအစာများသည် ခါးတွင် အဆီများစုလာစေသည်။ အဆင့်ဆင့်ပြုပြင်ထားသော အစားအသောက်များအစား  မပြုပြင်ထားသော အစေ့အဆန်၊ ပေါင်မုန့်ညိုနှင့် ဆန်လုံးညို စသည်တို့ကို စားသုံးသင့်သည်။

လေ့ကျင့်ခန်းပိုလုပ်သင့်

     အေရိုးဗစ် သို့မဟုတ် ကာဒီယိုလေ့ကျင့်ခန်းများက နှလုံးနှင့်အဆုတ်ကို  အားကောင်းစေသည့်အပြင်   အဆီများကို    လောင်ကျွမ်းစေသည့်လေ့ကျင့်ခန်းများဖြစ်သည်။ သုတေသနအရ လူတိုင်း တစ်ပတ်လျှင် မိနစ်  ၁၅၀-၃၀၀ သို့မဟုတ် တစ်ရက်လျှင် မိနစ် ၂၀-၄၀ ခန့် ကာဒီယို လေ့ကျင့်ခန်းပြုလုပ်သင့်သည်။ နေ့စဉ် နာရီဝက်မှ တစ်နာရီကြာ အပြေး၊  ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်သည်။

ကော်ဖီသောက်သင့်

    ကော်ဖီတွင်ပါဝင်သည့် ကဖင်းဓာတ်သည် ဗဟိုအာရုံကြောစနစ်ကိုလှုံ့ဆော်ပေးပြီး ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးသည်။ အဆိုပါအခြေအနေတွင် Fatty acid များကိုချေဖျက်ရန် ကူညီပေးသည်။ ထို့ကြောင့် ကဖင်းဓာတ်သည် အဆီများလောင်ကျွမ်းခြင်းနှင့် ဆက်စပ်နေသည်။ ကဖင်းဓာတ်ကောင်းစွာရရှိရန်  နို့ဆီနှင့်သကြားကို  လျှော့ပြီးဖျော်သင့်သည်။ 

ကဖင်းဓာတ်သည် အဆီကိုပိုမိုလောင်ကျွမ်းရန် အားပေးသည်။ သို့သော်  ညအိပ်ခါနီးမှသောက်သည်ဆိုလျှင် ကောင်းစွာအိပ်မပျော်သောကြောင့် ကိုယ်အလေးချိန်တက်စေသည်။

သံဓာတ်စားသုံးမှုမြှင့်တင်သင့်

    သံဓာတ်ချို့တဲ့ခြင်းသည် ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်မှုကို လျော့ကျစေသောကြောင့်   အဆီချေဖျက်မှုကို  နှေးကွေးစေနိုင်သည်။  ထို့ပြင်သံဓာတ်နည်းလျှင် အားနည်းခြင်း၊ ပင်ပန်းခြင်း၊ အသက်ရှူမဝခြင်းစသည်တို့ခံစားရပြီး ကိုယ်လက်လှုပ်ရှားမှုကောင်းစွာမလုပ်နိုင်၍  ကိုယ်အလေးချိန်လည်း တက်လာနိုင်သည်။ သံဓာတ်ကြွယ်ဝသော အစားအစာများမှာ အသား၊ ငါး၊ ကြက်၊ ဘဲ၊ ပင်လယ်စာ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး စသည်တို့နှင့် သံဓာတ်အားပြည့်စေသော အစေ့အဆန်၊ ကောက်ပဲသီးနှံတို့ဖြစ်သည်။

ဗီတာမင်- D

    ဗီတာမင်- သည်  ပန်ကရိယမှထုတ်သော  အင်ဆူလင်ဟော်မုန်းအပေါ် ၊ ဆဲလ်များ၏တုံ့ပြန်မှုအပေါ် သက်ရောက်မှုရှိသည်။ ဆဲလ်များထဲတွင် ဂလူးကို့စ်များလောင်ကျွမ်းပြီး စွမ်းအင်ဖြစ်လာသည်။ အင်ဆူလင်က ဂလူးကို့စ်အား ဆဲလ်များဆီပို့ဆောင်ပေးသည်ကို  အင်ဆူလင်တုံ့ပြန်မှုကောင်းသည်ဟုသတ်မှတ်ပြီး   အင်ဆူလင်တုံ့ပြန်မှုမကောင်းသည့်အခါ  စားသုံးလိုက်သည့် ကယ်လိုရီများက အဆီဆဲလ်များအဖြစ်စုလာသည်။

ခန္ဓာကိုယ်တွင် ဗီတာမင်- D ပမာဏလျော့နည်းနေပါက ပါရာသိုင်းရွိုက်ဂလင်းမှထွက်သည့်   ဟော်မုန်းများလာသည်။  ပုံမှန်ထက်များပါက ဂလူးကို့စ်မှ အဆီအဖြစ်ပြောင်းလဲသွားစေသည်။ ထို့ပြင်  ဗီတာမင်- ချို့တဲ့ပါက    အစာစားသည့်အခါ   ဗိုက်ပြည့်သည်ကို    သိရှိစေသော လက်ပတင်ဟော်မုန်းကို အနှောင့်အယှက်ပေးသည်။ ထို့ကြောင့် ဗိုက်ပြည့်သည်ကိုမသိရှိဘဲ အစားပိုစားမိစေသည်။

ပရိုတင်း

    နေ့စဉ်စားသုံးသည့်အစာထဲတွင် ပရိုတင်းပါဝင်အောင် စားသုံးသောကြောင့်   ခန္ဓာကိုယ်အတွင်း  အဆီများမစုမိရန်    ကာကွယ်နိုင်သည်။

ခန္ဓာကိုယ်အတွင်း  ကြွက်သားနှင့်အဆီ၏ဆက်စပ်မှုသည် ကြွက်သားများလျှင်   အဆီနည်းပြီး အဆီများလျှင်  ကြွက်သားနည်းသည်။ ကယ်လ်စီယမ်နှင့်ဗီတာမင်- က ပရိုတင်းမှ ကြွက်သားတည်ဆောက်ရန် အားပေးကူညီသည်။ လေ့လာမှုများအရ တစ်ရက်လျှင် ပရိုတင်းနှစ်ကြိမ်စားသုံးသူသည် မစားသုံးသူထက် ကိုယ်အလေးချိန် ၃ ဒသမ ၉ ရာခိုင်နှုန်း ဆုံးရှုံးနိုင်ခြေပိုများကြောင်း သိရသည်။ ထို့ပြင် ခန္ဓာကိုယ်အဆီကျခြင်းသာမက ပိုမိုသန်မာလာသည်။

Omega-3 အဆီ

     Omega- 3 အဆီက အဆီဆဲလ်များကိုလောင်ကျွမ်းစေသော အင်ဇိုင်းကို အထောက်အကူပြုသည်။ ထို့ပြင် အစာစားချင်စိတ်ကိုလည်း  ထိန်းချုပ်ပေးသောကြောင့် အစာများ အလွန်အကျွံမစားမိစေရန် တားဆီးနိုင်သည်။ Omega- 3  အဆီက    ဦးနှောက်ကိုအချက်ပြသည့်   လက်ပတင်ဟော်မုန်း၏လုပ်ဆောင်မှုကို  ကောင်းမွန်စေသည်။  Omega- 3  အဆီကို  အဆီများသော ငါး၊ အခွံမာသီးနှင့် အစေ့အဆန် စသည်တို့မှ ရရှိနိုင်သည်။

MWD