စည်းလုံးညီညာအောင်ကြောင်းဖြာ တို့မြန်မာပြည်သာယာ
Posted_Date
Image
Body
မြန်မာ့သမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် စည်းလုံးညီညွတ်သော နိုင်ငံတော်များ တည်ထောင်နိုင်ခဲ့ခြင်းကို အားရကျေနပ်ဖွယ် တွေ့ရှိရသည်။ ယနေ့တိုင် ဂုဏ်ယူဝင့်ကြွားဖွယ် ကောင်းလှသည့် နိုင်ငံတော်ကြီး သုံးရပ်တည်ထောင်နိုင်ခဲ့ခြင်းမှာ စည်းလုံးညီညွတ်မှု၏ ကောင်းမွန်သော ရလဒ်ဖြစ်သည်။
နိုင်ငံ့အတွက် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာခြင်းနှင့် ထိုခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် ပြည်သူများ စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ခြင်းတို့ကြောင့် ပြည်ထောင်စုနိုင်ငံတော်များ တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ညီညွတ်ခြင်းမှန်သမျှသည် အင်အားကို ဖြစ်စေသည်။
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြင်နာစွာ ကိုယ်ချင်းစာစိတ်ဖြင့် ဆက်ဆံပါက အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာပြီဖြစ်သည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ပြည်သူများ တစ်ခဲနက် ရွေးချယ်တင်မြှောက်ပေးလိုက်သည့် ကိုယ်စားလှယ်များဖြင့် လွှတ်တော်များ ကျင်းပကာ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ဦးဆောင်သည့် အစိုးရအဖွဲ့သစ်သည် ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ကျမ်းသစ္စာဆိုခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကတိသစ္စာပြုပွဲတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်၏ စိန်ခေါ်မှုများကို ပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ ကျော်လွှားသွားမည်ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ နိုင်ငံတော်သမ္မတသည် အုပ်ချုပ်ရေးအကြီးအကဲဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့တွင် သမ္မတ၊ ဒုတိယသမ္မတများ၊ ဝန်ကြီးများနှင့် ရှေ့နေချုပ်တို့ ပါဝင်သည်။
အစိုးရအဖွဲ့သစ်သည် တရားမျှတမှု၊ လွတ်လပ်မှုနှင့် ညီမျှမှုတို့ကို အခြေခံကာ ပြည်သူလူထု၏ ငြိမ်းချမ်းသာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်မှုကို အခြေခံ၍ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာစွာ တည်ဆောက်ရန် လိုအပ်သည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် လိုအပ်ပြီး ၎င်းတို့သည် ပြည်သူလူထုအကျိုးစီးပွားအတွက်သာ ဖြစ်သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်လျက်ရှိပြီး NCA သဘောတူညီချက်အတိုင်း အလေးထား လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။
အနှစ်ချုပ်အားဖြင့် “စည်းလုံးညီညာအောင်ကြောင်းဖြာ တို့မြန်မာပြည်သာယာ” ဟူသည့်အတိုင်း ပြည်သူနှင့်အစိုးရအားလုံး စည်းလုံးညီညွတ်စွာ အတူတကွ တည်ဆောက်သွားရမည်ဖြစ်သည်။
MWD
