လျင်မြန်မှုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ အတူတည်ရှိနိုင်ကြောင်း သက်သေပြလိုက်တဲ့ ပြိုင်ကား

Posted_Date

Image

လျင်မြန်မှုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ အတူတည်ရှိနိုင်ကြောင်း သက်သေပြလိုက်တဲ့ ပြိုင်ကား

Body

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ ဒီကနေ့ခေတ်မှာ အင်မတန်မှ အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်လာပါတယ်။ ပြောရမယ်ဆိုရင် တစ်ခုခုလုပ်မယ်ဆိုတာနဲ့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကို ထည့်သွင်းစဉ်းစား တွက်ချက်ရတဲ့အထိ ဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ပြိုင်ကား လောကဆိုတာ လောင်စာဆီကို အများအပြား အသုံးပြုရတဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ပုံမှန်အား ဖြင့်ကြည့်မယ်ဆိုရင် ပြိုင်ကားလောကနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေတဲ့ အရာလို့ဆိုရမှာပါ။

ဒါပေမဲ့ အမေရိကန်မှအင်ဂျင်နီယာ ကျောင်းသား ၁၄ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က အမေရိကန်ပြိုင်ကား ကလပ်ရဲ့ကူညီမှုနဲ့အတူ စနစ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။ သူတို့ဖန်တီးလိုက်တဲ့စနစ်က ပြိုင်ကားတွေကို အသုံးပြုပေမယ့် တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေမယ့် နည်းလမ်းဖြစ်ပါ တယ်။ အခြေခံသဘော တရားကတော့ လောင်စာဆီသုံးပြိုင်ကားတွေမှာ စွမ်းအင်နှစ်မျိုးပေါင်းစပ် အသုံးပြုနိုင်အောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

သူတို့ဖန်တီးလိုက်တဲ့ပြိုင်ကားက လေးဘီးယက်စနစ်နဲ့ပြိုင်ကားဖြစ်ပါတယ်။ ဒါပေမဲ့ သမားရိုးကျပုံစံတော့မဟုတ်ပါဘူး။ ရှေ့နှစ်ဘီးအတွက်ကို လျှပ်စစ်မော်တာ အသုံးပြုထားပြီး နောက်နှစ်ဘီးအတွက်ကိုသာ လောင်စာဆီသုံးအင်ဂျင် အသုံးပြုထားတာဖြစ်ပါတယ်။ ဒီစနစ်ရဲ့နောက်ထပ် ထူးခြားမှုတစ်ခုက ကား အတွင်းပိုင်းမှာ ရှေ့ဘီးယက်စနစ်နဲ့ နောက်ဘီးယက် စနစ်တို့ကြား ဘယ်လိုမျိုးဆက်သွယ် ချိတ်ဆက်မှုမှ မရှိခြင်းဘဲဖြစ်ပါတယ်။

သူ့မှာ ဘရိတ်ဖမ်းစနစ်ကနေ တစ်ဆင့်လျှပ်စစ်စွမ်းအင်ကို ဘက်ထရီထဲအား ပြန်သွင်းတဲ့စနစ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သိုလှောင်သိမ်းဆည်းထားတဲ့ စွမ်းအင်ကို လောင်စာဆီသုံးအင်ဂျင်ရဲ့စွမ်းအင်ကို မြှင့်တင်ပေးဖို့အတွက်လည်း အသုံးပြုထားပါတယ်။ ဒါကြောင့် အင်ဂျင်အနေနဲ့လောင်စာဆီကိုအသုံးပြု ထားရပေမယ့်လည်း ဆီစားသက်သာတဲ့အပြင် အရှိန်တင်မှုကို အလွယ်တကူ လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အခုဖန်တီးလိုက်တဲ့ကားက လျင်မြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ အတူယှဉ်တွဲ တည်ရှိနိုင်တယ်ဆိုတာကို သက်သေပြ လိုက်တာဖြစ်ပါတယ်။

MWD Web Portal