ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ဉာဏ်ရည်တုလှိုင်းများ (၇)
-
လက်ရှိ အေအိုင်အဆင့်အတန်းသည် အထွေထွေ သုံးနည်းပညာအဆင့်သို့ မရောက်သေး။ သို့သော် အထွေထွေသုံးနည်းပညာတို့လိုမျိုး ပါဝါပြန်လည် ဖြန့်ဝေမှု စတင်နေပြီဖြစ်သည်ကို သတိပြုမိသည်။ များသောအားဖြင့် အထွေထွေသုံးနည်းပညာတို့၏ ပါဝါပြန်လည်ဖြန့်ဝေမှုမှာ အဘက်ဘက်သို့ ပျံ့နှံ့ သွားသလား၊ ဗဟိုချက်တွင် စုသွားသလားဆိုသည့် အဓိက ပုံစံနှစ်မျိုးရှိသည်။ ယခုအေအိုင်မှာမူ ရှေ့က ပြောခဲ့ဖူးသလို ပျံ့နှံ့သည်လည်းရှိသလို ဗဟိုချက်တွင် စုသွားသည်လည်းရှိသည်ကို အံ့ဩစရာ တွေ့ရသည်။ နည်းပညာတစ်ခု၏ ပါဝါပြန်လည်ဖြန့်ဝေမှုကို လေ့လာခြင်းမှာ အလွန်ကျယ်ပြန့် ပါသည်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ခြေယမ်းလက်ယမ်းနည်းဖြင့် ကိုယ်မြင်သလောက်သာ ဆွေးနွေးသွားမည်ဖြစ်၍ ပိုမြင်နိုင်ကြသူများ သည်းခံကြပါ။ ဤဆောင်းပါးတွင် ပြောလိုသည်မှာ အေအိုင်သည် နည်းပညာတစ်ခု၊ ကိရိယာတစ်ခုသာမဟုတ်တော့ဘဲ ပါဝါပြန်လည်ဖြန့်ဝေသည့် စနစ်တစ်ခု ဖြစ်လာနေပြီဆိုသည့်အချက်ပင်။လူအများစုအနေဖြင့် အေအိုင်ကို စကားအပြန်အလှန်ပြောနိုင်သော၊ အလုပ်အတွက်ဖြစ်ဖြစ်၊ ကျောင်းအတွက်ဖြစ်ဖြစ် အကြံဉာဏ်ရသော၊ ကိုယ်လိုချင်သည့်ပုံများ၊ ဗီဒီယိုများဖန်တီးစေနိုင်သော ကိရိယာတစ်ခုအဖြစ်သာ မြင်နေရသေးသည်။ သို့သော် ထိုအတိုင်းအတာမှာပင် ပါဝါပြန်လည် ဖြန့်ဝေမှုကို မြင်နေရသည်။ ယခင်က ကိုယ်မလုပ်နိုင်သောအရာများကို လုပ်နိုင်နေသည့် ခံစားချက်ကောင်းတစ်ခု ရရှိနေသည်မဟုတ်ပါလား။ ယင်းသည်ပင်လျှင် အေအိုင်ကပေးလာသည့် ပါဝါဖြစ်သည်။ ထိုပါဝါသည် အင်တာနက်အသုံးပြုနိုင်သော လူတိုင်းဆီသို့ ပျံ့နှံ့ရောက်ရှိသည်။ သုံးခြင်း၊ မသုံးခြင်းက ပုဂ္ဂလိကရွေးချယ်မှုသာ။ကျွန်တော်ကိုယ်တိုင်လည်း အေအိုင်ထံမှ အကျိုးကျေးဇူးနည်းနည်းပါးပါး လက်တွေ့ရရှိထား၍ ထိုသို့ ပြောနိုင်ခြင်းဖြစ်သည်။ အေအိုင်မတိုင်ခင် နည်း ပညာများအရဆိုလျှင် ကျွန်တော့်လို ဘာမှမဟုတ်သူ တစ်ယောက်အနေဖြင့် စမတ်ဖုန်းတွင်သုံးနိုင်သည့် အက်ပ်တစ်ခုဖန်တီးဖို့ဆိုသည်မှာ ဘယ်လိုမှမဖြစ်နိုင်။ သို့သော် အေအိုင်နှင့် အပြန်အလှန်မေးမြန်းစုံစမ်းကြည့်ပြီးနောက် အက်စ်ကျူအယ်လ်၊ အေပီအိုင်တို့သုံးထားသော အက်ပ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ စီးပွားဖြစ်မဟုတ်၍ ပလေးစတိုးသို့ မတင်သည့်တိုင် မိတ်ဆွေသူငယ်ချင်းများနှင့်မျှဝေပြီး ပျော်ပျော်ရွှင်ရွှင်သုံးနိုင်သည့် အက်ပ်တစ်ခု ဖြစ်လာသည်။ ထိုအခါတွင်မှ အေအိုင်ကပေးလာသည့်ပါဝါကို သတိပြုမိလိုက်ခြင်းဖြစ်သည်။ကျွန်တော့်လို လူတစ်ယောက်ပင် အက်ပ်တစ်ခုရေးနိုင်သည်ဆိုလျှင် ပရိုဂရမ်မာတစ်ယောက်ဆိုလျှင် စီးပွားဖြစ်အက်ပ်တစ်ခုကို ကောင်းကောင်းစတင်နိုင်စရာရှိသည်။ ကောင်းသည့်အချက်ဖြစ်သည်။ ကျွန်တော့်သမီး ခုနစ်တန်းတက်မည့်ကျောင်းသူက ပန်းချီဆွဲရသည်ကို ဝါသနာပါသည်။ သူသိလိုသည့်အချက်များကို အေအိုင်ကိုမေးပြီး ကွန်ပျူတာပေါ်တွင်ရော စာရွက်များပေါ်တွင်ပါ သူဖန်တီးလိုသည်တို့ကို ပိုပြီးကောင်းကောင်းဖန်တီးလာနိုင်သည်ကို အံ့ဩစရာတွေ့ရသည်။ ကောင်းသည့်အချက်ဖြစ်သည်။ ဓာတ်ပုံ၊ ဗီဒီယိုတို့နှင့်ဆိုင်သည့် အေအိုင်များလည်းရှိရာ ဝါသနာပါသူတို့အဖို့ မီဒီယာစတူဒီယိုတစ်ခု တည်ဆောက်ဖို့ ဖြစ်နိုင်လောက်သည်။ ကောင်းသည့်အချက်ဖြစ်သည်။ သို့သော် မကောင်းသည့်အပိုင်းဆိုလျှင်ရော။သာမန်လိမ်လည်သူတစ်ယောက်သည် တစ်ချိန်က လူအများနှင့်ပေါင်းပြီးမှ လုပ်နိုင်မည့် လိမ်လည်မှုမျိုးကို အေအိုင်သုံးပြီး တစ်ယောက်တည်း လုပ်လာနိုင်စရာမရှိဘူးလား။ ရှိနိုင်ပါသည်။ သတင်းများကို ကြည့်ခြင်းအားဖြင့် အေအိုင်ကို ဘယ်လိုသုံးသလဲ အတိအကျမသိရသည့်တိုင် အေအိုင် ကိုသုံးပြီး လိမ်လည်မှုများက အမှန်တကယ်ရှိနေပြီဖြစ်သည်။ ထိုအတိုင်း ဆက်ပြီးနှိုင်းယှဉ်ကြည့်လျှင် သဘာဝအရေးတက်ကြွလှုပ်ရှားသူတစ်ယောက်က သူ့လှုံ့ဆော်မှုများကို အေအိုင်သုံးပြီး လူများများ အသိဉာဏ်ပွင့်လာအောင်လုပ်နိုင်သလို အကြမ်းဖက်သမားတစ်ယောက်ကလည်း အေအိုင်သုံးပြီး အကြမ်းဖက်လုပ်ငန်းများလုပ်ဖို့ ပိုပြီးသွေးဆောင်လာနိုင်သည် မဟုတ်ပါလား။ ယင်းမှာ အေအိုင်၏ တစ်ဦးတစ်ယောက်ချင်းစီသို့ ပါဝါပြန်လည်ဖြန့်ဝေမှု၏ နှစ်ဖက်သွားဓားသဘာဝကို ပြနေခြင်းဖြစ်သည်။တစ်ဦးတစ်ယောက်ချင်းအဆင့်တွင် ပါဝါပျံ့နှံ့မှုကိုမြင်ရသည့်တိုင် ကော်ပိုရေးရှင်းကြီးများအဆင့်တွင် ပါဝါဗဟိုချက်ပြုသွားသည်ကို မြင်ရသည်မှာလည်း အံ့ဩစရာဖြစ်သည်။ ဘာကြောင့်လဲဆိုလျှင် အခြေခံအဆောက်အအုံ ကြီးကြီးမားမားလိုသောကြောင့်ဟု အကြမ်းဖျင်းဆိုနိုင်သည်။ နည်းနည်းချဲ့ ပြောလျှင် အချက်အလက်၊ တွက်ချက်မှု၊ သုတေသီများ၊ စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများကြောင့်ဖြစ်သည်။အေအိုင်တိုးတက်မှုသည် အတွက်အချက်ပေါ်တွင် အခြေခံသည်။ သို့သော် အဆင့်မြင့်အေအိုင် ချစ်ပ်များကို လူတိုင်းထုတ်နိုင်သည်မဟုတ်။ လက်ရှိ အနေအထားတွင် အေအိုင်ဂျီပီယူဈေးကွက်ကို အင်န်ဗီးဒီးယားက ချုပ်ထားသည်။ အေအိုင် မိုဒယ်ကြီးတစ်ခုလည်ပတ်ရန် အဆင့်မြင့်အေအိုင် ဂျီပီယူ သောင်းနှင့်ချီပြီး လိုအပ်သည်။ ဂျီပီတီ-၄ အဆင့် အေအိုင်တစ်ခုအတွက်ဆိုလျှင်ပင် ဒေါ်လာဘီလီယံနှင့်ချီ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားကြသည်များရှိသည်။ ပေးနိုင်သည်ထားဦး၊ အင်န်ဗီးဒီးယားက ရောင်းဦးမှဖြစ်သည်။အေအိုင်တစ်ခုကို လေ့ကျင့်ဖို့ အချက်အလက်များစွာလိုသည်။ ထို့ကြောင့် အချက်အလက်ဗဟိုဌာနကြီးများ ပိုင်ဆိုင်ထားသော မိုက်ခရိုဆော့ဖ်၊ အမေဇုန်၊ ဂူဂဲလ်တို့က ထိုအပိုင်းကို ချုပ်ထားသည်။ ဟိုက်ပါအဆင့် ကလောက်ဒ်ကုမ္ပဏီကြီးများဟု ဆိုနိုင်သည်။ ဆိုလိုသည်မှာ အေအိုင်အက်ပ်တစ်ခု တည်ဆောက်လိုသည်ဆိုပါစို့။ ကိုယ့်ဘာသာကိုယ် အချက်အလက်အနည်းငယ်ဖြင့် စတင်လည်ပတ်ဖို့မှာ ဖြစ်နိုင်သော်လည်း အလှမ်းဝေးသည်။ ရှိပြီးသား အဇူးဝါး၊ အေဒဗလျူအက်စ်၊ ဂူဂဲလ်ကလောက်ဒ်တို့အပေါ်တွင် မောင်းသည်က မြန်ဆန်သက်သာပြီး လက်ရှိအနေအထားအရ အဓိပ္ပာယ်ရှိသည့် အလုပ်လည်းဖြစ်သည်။စွမ်းအင်ပိုင်းသည်လည်း အရေးကြီးသည်။ အချက်အလက်ဗဟိုဌာနကြီးများ တည်ဆောက်ဖို့ ကြီးမားသည့် စွမ်းအင်အရင်းအမြစ်များ လိုအပ်သည်။ ဥပမာ ဖေ့စ်ဘွတ်ခ်၏ မိခင်ကုမ္ပဏီမီတာသည် အချက်အလက်များအတွက် စွမ်းအင်ပေးဖို့ နျူကလီးယားဓာတ်ပေါင်းဖို အငယ်စားများကို သုံးရန် စီစဉ်ထားပြီဖြစ်သည်။ ဒေါ်လာ ၁၄ ဘီလီယံတန်သည်ဟု ကြားရသည့် ထိုသဘောတူညီချက်အရ ဝပ်အား ဘီလီယံနှင့်ချီ၍ ထုတ်ပေးမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် အစပိုင်းတွင် လျှပ်စစ်စတင်ထုတ်ပေး နိုင်မည်ဟု သိရသည်။ ယင်းမှာ သန်းနှင့်ချီသော နေအိမ်များကိုပေးနိုင်သည့် လျှပ်စစ်အရင်းအမြစ် မျိုး ဖြစ်သည်။ မကြာသေးခင်ကလည်း နည်းပညာသူကြွယ်ကြီး အီလွန်မက်စ်က စွမ်းအင်မလုံလောက်တော့သဖြင့် အချက်အလက်ဗဟိုဌာနများကို ကမ္ဘာပတ်လမ်းပေါ်သို့တင်ပြီး နေရောင်ခြည်စွမ်းအင်ဖြင့် လည်ပတ်မည်ဟုပြောသည်ကို ကြားလိုက်ရဖူးသည်။ ယခုအနေအထားအထိကြည့်လျှင် တီထွင်ဆန်းသစ်မှုအပိုင်း၌ ဗဟိုချက်မရှိတော့။ အေအိုင်သုံးပြီး လူတိုင်းတီထွင်ဆန်းသစ်နိုင်သည်။ ကိုယ့်စိတ်ကူးကောင်းလျှင် ကောင်းသလို အကျိုးအမြတ် ခံစားရမည်။ သို့သော် အခြေခံအဆောက်အအုံများမှာ ဗဟိုချက်များ၌စုသွားသည်။ ဆိုလိုသည်မှာ တစ်နိုင်တစ်ပိုင် အလုပ်လေးများလုပ်လျှင်ဖြစ်စေ တစ်အုပ်တစ်မ အလုပ်ကြီးများလုပ်လျှင်ဖြစ်စေ ကိုယ့်စိတ်ကူးများကို အရင်ကထက်ပိုပြီး အကောင်အထည် ဖော်နိုင်အောင် အေအိုင်က ပံ့ပိုးပေးသည်။ သို့သော် ကော်ပိုရိတ်ကြီးများ ခင်းပေးထားသည့် ပလက်ဖောင်းပေါ်မှ သွားရမည်။ထို့ကြောင့် ထိပ်ဆုံးအပိုင်းတွင် ကွာခြားသွား၏။ နောက်ဆုံးပေါ် စွမ်းအားအကောင်းဆုံး အေအိုင်မိုဒယ်ကြီးများကို တည်ဆောက်နိုင်သည်မှာ အိုးပင်းအေအိုင်၊ အန်သရိုးပစ်၊ ဂူဂဲလ်ဒိမိုင်းဒ်၊ မီတာတို့လို လက်တစ်ဆုပ်စာအဖွဲ့ကြီးများသာ ကျန်ရစ်သည်။ ထိုအကြောင်းတရားတို့ကြောင့် ဖြစ်လာသည့် အကျိုးဆက်များကို နောက်တစ်ပတ်တွင် ဆက်လက်ဆွေးနွေးသွားပါဦးမည်။MDN

လက်ရှိ အေအိုင်အဆင့်အတန်းသည် အထွေထွေ သုံးနည်းပညာအဆင့်သို့ မရောက်သေး။  သို့သော် အထွေထွေသုံးနည်းပညာတို့လိုမျိုး  ပါဝါပြန်လည် ဖြန့်ဝေမှု စတင်နေပြီဖြစ်သည်ကို သတိပြုမိသည်။ များသောအားဖြင့် အထွေထွေသုံးနည်းပညာတို့၏ ပါဝါပြန်လည်ဖြန့်ဝေမှုမှာ  အဘက်ဘက်သို့   ပျံ့နှံ့ သွားသလား၊ ဗဟိုချက်တွင် စုသွားသလားဆိုသည့် အဓိက ပုံစံနှစ်မျိုးရှိသည်။ ယခုအေအိုင်မှာမူ ရှေ့က ပြောခဲ့ဖူးသလို  ပျံ့နှံ့သည်လည်းရှိသလို ဗဟိုချက်တွင် စုသွားသည်လည်းရှိသည်ကို အံ့ဩစရာ တွေ့ရသည်။ နည်းပညာတစ်ခု၏ ပါဝါပြန်လည်ဖြန့်ဝေမှုကို လေ့လာခြင်းမှာ အလွန်ကျယ်ပြန့် ပါသည်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ခြေယမ်းလက်ယမ်းနည်းဖြင့် ကိုယ်မြင်သလောက်သာ ဆွေးနွေးသွားမည်ဖြစ်၍ ပိုမြင်နိုင်ကြသူများ သည်းခံကြပါ။ ဤဆောင်းပါးတွင် ပြောလိုသည်မှာ အေအိုင်သည် နည်းပညာတစ်ခု၊ ကိရိယာတစ်ခုသာမဟုတ်တော့ဘဲ ပါဝါပြန်လည်ဖြန့်ဝေသည့် စနစ်တစ်ခု ဖြစ်လာနေပြီဆိုသည့်အချက်ပင်။

လူအများစုအနေဖြင့်  အေအိုင်ကို  စကားအပြန်အလှန်ပြောနိုင်သော၊ အလုပ်အတွက်ဖြစ်ဖြစ်၊ ကျောင်းအတွက်ဖြစ်ဖြစ် အကြံဉာဏ်ရသော၊ ကိုယ်လိုချင်သည့်ပုံများ၊ ဗီဒီယိုများဖန်တီးစေနိုင်သော ကိရိယာတစ်ခုအဖြစ်သာ မြင်နေရသေးသည်။ သို့သော် ထိုအတိုင်းအတာမှာပင် ပါဝါပြန်လည် ဖြန့်ဝေမှုကို မြင်နေရသည်။ ယခင်က ကိုယ်မလုပ်နိုင်သောအရာများကို လုပ်နိုင်နေသည့်   ခံစားချက်ကောင်းတစ်ခု ရရှိနေသည်မဟုတ်ပါလား။ ယင်းသည်ပင်လျှင်   အေအိုင်ကပေးလာသည့်   ပါဝါဖြစ်သည်။ ထိုပါဝါသည် အင်တာနက်အသုံးပြုနိုင်သော လူတိုင်းဆီသို့ ပျံ့နှံ့ရောက်ရှိသည်။ သုံးခြင်း၊ မသုံးခြင်းက ပုဂ္ဂလိကရွေးချယ်မှုသာ။

ကျွန်တော်ကိုယ်တိုင်လည်း အေအိုင်ထံမှ အကျိုးကျေးဇူးနည်းနည်းပါးပါး လက်တွေ့ရရှိထား၍ ထိုသို့ ပြောနိုင်ခြင်းဖြစ်သည်။ အေအိုင်မတိုင်ခင် နည်း ပညာများအရဆိုလျှင် ကျွန်တော့်လို ဘာမှမဟုတ်သူ တစ်ယောက်အနေဖြင့် စမတ်ဖုန်းတွင်သုံးနိုင်သည့် အက်ပ်တစ်ခုဖန်တီးဖို့ဆိုသည်မှာ  ဘယ်လိုမှမဖြစ်နိုင်။ သို့သော် အေအိုင်နှင့် အပြန်အလှန်မေးမြန်းစုံစမ်းကြည့်ပြီးနောက် အက်စ်ကျူအယ်လ်၊ အေပီအိုင်တို့သုံးထားသော အက်ပ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ စီးပွားဖြစ်မဟုတ်၍ ပလေးစတိုးသို့ မတင်သည့်တိုင် မိတ်ဆွေသူငယ်ချင်းများနှင့်မျှဝေပြီး ပျော်ပျော်ရွှင်ရွှင်သုံးနိုင်သည့် အက်ပ်တစ်ခု ဖြစ်လာသည်။ ထိုအခါတွင်မှ အေအိုင်ကပေးလာသည့်ပါဝါကို သတိပြုမိလိုက်ခြင်းဖြစ်သည်။

ကျွန်တော့်လို လူတစ်ယောက်ပင် အက်ပ်တစ်ခုရေးနိုင်သည်ဆိုလျှင် ပရိုဂရမ်မာတစ်ယောက်ဆိုလျှင် စီးပွားဖြစ်အက်ပ်တစ်ခုကို ကောင်းကောင်းစတင်နိုင်စရာရှိသည်။ ကောင်းသည့်အချက်ဖြစ်သည်။ ကျွန်တော့်သမီး ခုနစ်တန်းတက်မည့်ကျောင်းသူက ပန်းချီဆွဲရသည်ကို ဝါသနာပါသည်။ သူသိလိုသည့်အချက်များကို အေအိုင်ကိုမေးပြီး ကွန်ပျူတာပေါ်တွင်ရော စာရွက်များပေါ်တွင်ပါ သူဖန်တီးလိုသည်တို့ကို ပိုပြီးကောင်းကောင်းဖန်တီးလာနိုင်သည်ကို အံ့ဩစရာတွေ့ရသည်။  ကောင်းသည့်အချက်ဖြစ်သည်။ ဓာတ်ပုံ၊ ဗီဒီယိုတို့နှင့်ဆိုင်သည့် အေအိုင်များလည်းရှိရာ ဝါသနာပါသူတို့အဖို့ မီဒီယာစတူဒီယိုတစ်ခု တည်ဆောက်ဖို့ ဖြစ်နိုင်လောက်သည်။ ကောင်းသည့်အချက်ဖြစ်သည်။ သို့သော် မကောင်းသည့်အပိုင်းဆိုလျှင်ရော။

သာမန်လိမ်လည်သူတစ်ယောက်သည် တစ်ချိန်က လူအများနှင့်ပေါင်းပြီးမှ လုပ်နိုင်မည့် လိမ်လည်မှုမျိုးကို အေအိုင်သုံးပြီး တစ်ယောက်တည်း လုပ်လာနိုင်စရာမရှိဘူးလား။ ရှိနိုင်ပါသည်။ သတင်းများကို ကြည့်ခြင်းအားဖြင့် အေအိုင်ကို ဘယ်လိုသုံးသလဲ အတိအကျမသိရသည့်တိုင် အေအိုင် ကိုသုံးပြီး လိမ်လည်မှုများက အမှန်တကယ်ရှိနေပြီဖြစ်သည်။ ထိုအတိုင်း ဆက်ပြီးနှိုင်းယှဉ်ကြည့်လျှင် သဘာဝအရေးတက်ကြွလှုပ်ရှားသူတစ်ယောက်က သူ့လှုံ့ဆော်မှုများကို  အေအိုင်သုံးပြီး  လူများများ အသိဉာဏ်ပွင့်လာအောင်လုပ်နိုင်သလို အကြမ်းဖက်သမားတစ်ယောက်ကလည်း အေအိုင်သုံးပြီး အကြမ်းဖက်လုပ်ငန်းများလုပ်ဖို့ ပိုပြီးသွေးဆောင်လာနိုင်သည် မဟုတ်ပါလား။ ယင်းမှာ အေအိုင်၏ တစ်ဦးတစ်ယောက်ချင်းစီသို့ ပါဝါပြန်လည်ဖြန့်ဝေမှု၏  နှစ်ဖက်သွားဓားသဘာဝကို  ပြနေခြင်းဖြစ်သည်။

တစ်ဦးတစ်ယောက်ချင်းအဆင့်တွင် ပါဝါပျံ့နှံ့မှုကိုမြင်ရသည့်တိုင် ကော်ပိုရေးရှင်းကြီးများအဆင့်တွင် ပါဝါဗဟိုချက်ပြုသွားသည်ကို မြင်ရသည်မှာလည်း အံ့ဩစရာဖြစ်သည်။  ဘာကြောင့်လဲဆိုလျှင် အခြေခံအဆောက်အအုံ ကြီးကြီးမားမားလိုသောကြောင့်ဟု အကြမ်းဖျင်းဆိုနိုင်သည်။ နည်းနည်းချဲ့ ပြောလျှင် အချက်အလက်၊ တွက်ချက်မှု၊ သုတေသီများ၊ စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများကြောင့်ဖြစ်သည်။

အေအိုင်တိုးတက်မှုသည် အတွက်အချက်ပေါ်တွင် အခြေခံသည်။ သို့သော်  အဆင့်မြင့်အေအိုင် ချစ်ပ်များကို လူတိုင်းထုတ်နိုင်သည်မဟုတ်။ လက်ရှိ အနေအထားတွင်  အေအိုင်ဂျီပီယူဈေးကွက်ကို အင်န်ဗီးဒီးယားက ချုပ်ထားသည်။  အေအိုင် မိုဒယ်ကြီးတစ်ခုလည်ပတ်ရန် အဆင့်မြင့်အေအိုင် ဂျီပီယူ သောင်းနှင့်ချီပြီး လိုအပ်သည်။ ဂျီပီတီ-၄ အဆင့် အေအိုင်တစ်ခုအတွက်ဆိုလျှင်ပင် ဒေါ်လာဘီလီယံနှင့်ချီ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားကြသည်များရှိသည်။   ပေးနိုင်သည်ထားဦး၊  အင်န်ဗီးဒီးယားက ရောင်းဦးမှဖြစ်သည်။

အေအိုင်တစ်ခုကို လေ့ကျင့်ဖို့ အချက်အလက်များစွာလိုသည်။ ထို့ကြောင့်  အချက်အလက်ဗဟိုဌာနကြီးများ ပိုင်ဆိုင်ထားသော မိုက်ခရိုဆော့ဖ်၊ အမေဇုန်၊ ဂူဂဲလ်တို့က ထိုအပိုင်းကို ချုပ်ထားသည်။ ဟိုက်ပါအဆင့်  ကလောက်ဒ်ကုမ္ပဏီကြီးများဟု ဆိုနိုင်သည်။ ဆိုလိုသည်မှာ အေအိုင်အက်ပ်တစ်ခု တည်ဆောက်လိုသည်ဆိုပါစို့။ ကိုယ့်ဘာသာကိုယ် အချက်အလက်အနည်းငယ်ဖြင့် စတင်လည်ပတ်ဖို့မှာ ဖြစ်နိုင်သော်လည်း အလှမ်းဝေးသည်။ ရှိပြီးသား အဇူးဝါး၊ အေဒဗလျူအက်စ်၊  ဂူဂဲလ်ကလောက်ဒ်တို့အပေါ်တွင် မောင်းသည်က မြန်ဆန်သက်သာပြီး လက်ရှိအနေအထားအရ  အဓိပ္ပာယ်ရှိသည့် အလုပ်လည်းဖြစ်သည်။

စွမ်းအင်ပိုင်းသည်လည်း အရေးကြီးသည်။ အချက်အလက်ဗဟိုဌာနကြီးများ တည်ဆောက်ဖို့ ကြီးမားသည့်  စွမ်းအင်အရင်းအမြစ်များ လိုအပ်သည်။ ဥပမာ ဖေ့စ်ဘွတ်ခ်၏ မိခင်ကုမ္ပဏီမီတာသည် အချက်အလက်များအတွက် စွမ်းအင်ပေးဖို့ နျူကလီးယားဓာတ်ပေါင်းဖို အငယ်စားများကို သုံးရန် စီစဉ်ထားပြီဖြစ်သည်။ ဒေါ်လာ ၁၄ ဘီလီယံတန်သည်ဟု ကြားရသည့် ထိုသဘောတူညီချက်အရ ဝပ်အား ဘီလီယံနှင့်ချီ၍ ထုတ်ပေးမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် အစပိုင်းတွင် လျှပ်စစ်စတင်ထုတ်ပေး နိုင်မည်ဟု သိရသည်။ ယင်းမှာ သန်းနှင့်ချီသော နေအိမ်များကိုပေးနိုင်သည့် လျှပ်စစ်အရင်းအမြစ် မျိုး ဖြစ်သည်။  မကြာသေးခင်ကလည်း  နည်းပညာသူကြွယ်ကြီး  အီလွန်မက်စ်က စွမ်းအင်မလုံလောက်တော့သဖြင့် အချက်အလက်ဗဟိုဌာနများကို ကမ္ဘာပတ်လမ်းပေါ်သို့တင်ပြီး နေရောင်ခြည်စွမ်းအင်ဖြင့်  လည်ပတ်မည်ဟုပြောသည်ကို ကြားလိုက်ရဖူးသည်။ 

ယခုအနေအထားအထိကြည့်လျှင်   တီထွင်ဆန်းသစ်မှုအပိုင်း၌ ဗဟိုချက်မရှိတော့။ အေအိုင်သုံးပြီး လူတိုင်းတီထွင်ဆန်းသစ်နိုင်သည်။ ကိုယ့်စိတ်ကူးကောင်းလျှင် ကောင်းသလို အကျိုးအမြတ် ခံစားရမည်။ သို့သော် အခြေခံအဆောက်အအုံများမှာ ဗဟိုချက်များ၌စုသွားသည်။ ဆိုလိုသည်မှာ တစ်နိုင်တစ်ပိုင် အလုပ်လေးများလုပ်လျှင်ဖြစ်စေ တစ်အုပ်တစ်မ အလုပ်ကြီးများလုပ်လျှင်ဖြစ်စေ ကိုယ့်စိတ်ကူးများကို အရင်ကထက်ပိုပြီး အကောင်အထည် ဖော်နိုင်အောင် အေအိုင်က  ပံ့ပိုးပေးသည်။ သို့သော် ကော်ပိုရိတ်ကြီးများ   ခင်းပေးထားသည့်   ပလက်ဖောင်းပေါ်မှ သွားရမည်။

ထို့ကြောင့် ထိပ်ဆုံးအပိုင်းတွင် ကွာခြားသွား၏။ နောက်ဆုံးပေါ် စွမ်းအားအကောင်းဆုံး အေအိုင်မိုဒယ်ကြီးများကို တည်ဆောက်နိုင်သည်မှာ အိုးပင်းအေအိုင်၊ အန်သရိုးပစ်၊  ဂူဂဲလ်ဒိမိုင်းဒ်၊  မီတာတို့လို လက်တစ်ဆုပ်စာအဖွဲ့ကြီးများသာ ကျန်ရစ်သည်။ ထိုအကြောင်းတရားတို့ကြောင့်  ဖြစ်လာသည့် အကျိုးဆက်များကို  နောက်တစ်ပတ်တွင် ဆက်လက်ဆွေးနွေးသွားပါဦးမည်။

MDN

နီဇော်သစ်

ဉာဏ်ရည်တုလှိုင်းများ (၆)
-
ဉာဏ်ရည်တုလှိုင်းများ ခေါင်းစဉ်အောက်တွင် ဉာဏ်ရည်တုနည်းပညာ၏ လုပ်ဆောင်နိုင်စွမ်းနှင့် လုပ်ပိုင်ခွင့်တို့အကြောင်း အကြမ်းဖျင်းအားဖြင့် ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါသည်။ ဉာဏ်ရည်တု သို့မဟုတ် အေအိုင်နည်းပညာနှင့်ပတ်သက်၍ ကျွန်တော်တို့ စိုးရိမ်နေကြသည့် အန္တရာယ်တို့မှာ လုပ်ဆောင်နိုင်စွမ်းနှင့်မဆိုင် လုပ်ပိုင်ခွင့်ဘယ်လောက်ပေးထားလဲဆိုသည်အပေါ်တွင် ပို၍မူတည်ကြောင်းလည်း တွေ့ခဲ့ရပြီဖြစ်သည်။ သို့သော် လုပ်ဆောင်နိုင်စွမ်းအတိုင်းအတာတစ်ခုအထိ မြင့်တက်သွားလျှင် အေအိုင်သည် သူ့လုပ်ပိုင်ခွင့်သူ မြှင့်တင်သွားနိုင်စွမ်းရှိမလားဆိုသည်မှာ ရှင်းရှင်း လင်းလင်း ကြိုတင်မြင်နိုင်သည့်အနေအထားတွင် ရှိမနေပါ။ ရှေ့က ပြောခဲ့သလို အေအိုင်လုပ်ပိုင်ခွင့် အဆင့်(၅)သည် လူသားသမိုင်း၏ အကြီးမားဆုံး နည်းပညာတော်လှန်ရေးဖြစ်လာနိုင်သလို လူသားတို့ကိုယ်တိုင် ဖန်တီးလိုက်သော ပြိုင်ဘက်တစ်ခုလည်း ဖြစ်လာနိုင်သည်။ အရေးကြီးသည်မှာ ထိုအဆင့်သို့ မရောက်ခင် လူသားတို့က ထိန်းချုပ်မှု၊ တာဝန်ယူမှုနှင့် တန်ဖိုးထားမှုတို့ကို ဘယ်လိုသတ်မှတ်မလဲဆိုသည်က အရေးကြီးသည်။ အဓိကအကျဆုံးမှာ ထိန်းချုပ်နိုင် မှာလား၊ မထိန်းချုပ်နိုင်ဘဲ လွှတ်ပေးလိုက်ရမှာလားဆိုသည့် မေးခွန်းဖြစ်သည်။လူသားမျိုးစိတ်၏ ပထမဆုံးကြိုးကိုင် ဖန်တီးမှုဖြစ်သည့် မီးနှင့် ကျောက်လက်နက်တို့ကို အသုံးပြုသည့် နည်းပညာများ ဖန်တီးခဲ့ချိန်မှစ၍ နည်းပညာတိုးတက်မြင့်မားလာခြင်းနှင့် ကျယ်ပြန့်လွှမ်းမိုးလာခြင်းတို့သည် လူသားတို့၏ သမိုင်းကြောင်းနှင့် ယှဉ်တွဲဖြစ်တည်လာခဲ့သည်။ နည်းပညာတစ်ခု တီထွင်ဖန်တီးလိုက်ပြီးတိုင်း မပြောင်းလဲဘဲ ထာဝရရပ်တည်နေသည့် နိယာမမှာ ဈေးသက်သာလာမည်၊ အလွယ်တကူ သုံးနိုင်လာမည်၊ တစ်ဟုန် ထိုး တိုးတက်ပွားများပြီး ကျယ်ပြန့်လာမည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ထိုဖြစ်စဉ်မှာ လူသားတို့၏ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်နှင့် အလားတူသည်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေဖို့၊ ကိုယ့်ကံကြမ္မာကို တိုးတက်စေဖို့၊ ကိုယ့်စွမ်းဆောင်ရည်များကို တိုးတက်စေဖို့၊ ကိုယ့်ပတ်ဝန်းကျင်အပေါ် ကိုယ့်ဩဇာလွှမ်းမိုးမှုတိုးတက်စေဖို့ လူသားတို့၏ စူးစမ်းရှာဖွေမှုများသည် နည်းပညာတို့၏ ဆင့်ကဲဖြစ်စဉ်ကို တွန်းအားပေးသည်။ ထိုတွန်းအားက တစ်ဟုန်ထိုး တိုးတက်ပွားများ ကျယ်ပြန့်မှုကို ကမ္ဘာတစ်ခွင်လုံး၌ ပျံ့နှံ့စေပြီး နည်းပညာအပေါ် လူသားတို့၏ ကန့်သတ်ထိန်းချုပ်နိုင်စွမ်းကို လွတ်ထွက်သွားစေသည်။သမိုင်းတစ်လျှောက် အထွေထွေသုံးနည်းပညာများထဲတွင် လူသားတို့၏ ကန့်သတ်ထိန်းချုပ်မှုအောက်၌ လုံးဝကျရောက်ခဲ့သည့် နည်းပညာဟူ၍ နျူကလီးယားနည်းပညာသာရှိသည်ကို တွေ့နိုင်သည်။ ဟီရိုရှီးမားနှင့် နာဂါဆာကီ ဖြစ်စဉ်တို့သည် သမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့် စစ်ပွဲကြီး ကို ရပ်တန့်သွားစေသည်ဟုဆိုကြသော်လည်း တစ်ဆက်တည်းမှာပင် နျူကလီးယား နည်းပညာအပေါ် လူသားထု၏ စိုးရိမ်ထိတ်လန့်မှုကိုလည်း အဆုံးစွန်ရောက် မြင့်တက်စေခဲ့သည်။ နျူကလီးယားနည်းပညာလို အထွေထွေသုံးနည်းပညာတစ်ခု၏ တိုးတက်ပျံ့နှံ့မှုကို ထိန်းချုပ်လိုက်နိုင်သည် မှာလည်း အဆိုပါ စိုးရိမ်ထိတ်လန့်မှုကြောင့်ပင်။ တစ်ဖက်တွင်လည်း အိုင်းစတိုင်းပြောသလို နေမှအပဖြစ်သော စွမ်းအင်ကို ဖန်တီးပေးသည့် နည်းပညာ၏ ကောင်းကျိုးများကို လူသားတို့ အပြည့်အဝမခံစားကြရအောင် တားဆီးလိုက်သည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင်ဖြစ်စေ နည်းပညာသမိုင်းမြင်ကွင်းတွင် ထိုသို့ အပြည့်အဝနီးပါး ကန့်သတ်ထိန်းချုပ်နိုင်သည်ဟူ၍ နျူကလီးယားနည်းပညာတစ်ခုသာရှိပြီး ကျန်နည်းပညာများသည် မည်သူမျှ ကန့်သတ်ထိန်းချုပ်၍ မရနိုင်လောက်အောင် လူသားမျိုးစိတ်တစ်ခုလုံး၏ လက်ထဲသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်ကတော့ သေချာပါသည်။ယခု အေအိုင်နည်းပညာကရော ဘယ်လိုဖြစ်နိုင်ပါသလဲ။ လက်ရှိ အေအိုင်နည်းပညာလောက၏ ဦးစီးရှေ့ဆောင် တစ်ယောက်ဖြစ်သော မိုက်ခရိုဆော့ဖ်အေအိုင် စီအီးအို မူစတာဖာဆူလီမန်က ၂၀၂၃ ခုနှစ်ထုတ် သူ့စာအုပ် The Coming Wave ထဲတွင် အေအိုင်နည်းပညာကို သုတေသနလုပ်ဖြစ်ခဲ့သည့် ရည်မှန်းချက်ကို“ကျွန်တော်တို့ကို ကျွန်တော်တို့ဖြစ်လာစေသည့်၊ သူမတူသော မျိုးစိတ်ဖြစ်လာစေသည့် ကျွန်တော်တို့၏ အသိဉာဏ်ကို ပုံတူပွားရမည့် ရည်မှန်းချက် … ထိုရည်မှန်းချက်ကို အောင်မြင်စေဖို့ ကျွန်တော်တို့ စနစ်တစ်ခုဖန်တီးဖို့ လိုအပ်သည်။ အမြင်နှင့် အပြောမှသည် စီမံခြင်းနှင့် စိတ်ကူးခြင်းအထိ၊ ကရုဏာတရားမှသည် ဖန်တီးနိုင်စွမ်းအထိ လူသားတို့၏ အသိအမြင်ဆိုင်ရာ စွမ်းဆောင်ရည်များအားလုံးကို အရင်ဆုံး တုပ၊ နောက်ပိုင်း သာလွန်သွားစေမည့် စနစ်ဖြစ်သည်”ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် ဉာဏ်ရည်တု နည်းပညာတို့ကို ဖန်တီးခဲ့ကြသည့်၊ ဖန်တီးနေကြသည့် ပညာရှင်တို့သည် ရှေ့တွင်တင်ပြခဲ့သည့် အေအိုင်၏ လုပ်ဆောင်နိုင်စွမ်းတို့ထဲတွင် နောက်ဆုံး အဆင့် လုပ်ဆောင်နိုင်စွမ်းကို နဂိုကတည်းက ရည်မှန်းထားခဲ့ခြင်းဖြစ်ကြောင်း သိနိုင်သည်။ အထွေထွေဉာဏ်ရည်တုတို့၊ စူပါဉာဏ်ရည်တုတို့ဆိုသည်မှာ လုပ်ရင်းမှ တွေ့လာသည့် ရည်မှန်းချက်များမဟုတ်။ စကတည်းကရှိခဲ့သည့် ရည်မှန်းချက်များ ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းမှာလည်း မထူးဆန်း။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက သဘောကျခဲ့သည့် တာမင်နေတာလို သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားများထဲမှ ပြဒါးလူသားတို့လိုမျိုး စက်ရုပ်များသည် ထိုသို့သော စွမ်းရည်မျိုးပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။လက်ရှိအချိန်တွင် ကျွန်တော်တို့လို သာမန်လူတို့သည် အေအိုင်နည်းပညာနှင့် စတင်ယဉ်ပါးခါစသာရှိသေးသည်။ ပညာရှင်လောကထဲတွင်မူ ဉာဏ်ရည်တုနည်းပညာသည် အေဂျီအိုင်ဟုခေါ်သည့် အထွေထွေဉာဏ်ရည်တုနည်းပညာထဲသို့ စတင်ချင်းနင်းဝင်ရောက်နေချိန်ဟု ဆိုနိုင်သည်။ ရှေ့တွင် ဖော်ပြခဲ့သည့် အေအိုင်လုပ်နိုင်စွမ်းနှင့် လုပ်ပိုင်ခွင့်အဆင့်ဆင့်များထဲတွင် ထိုသို့ ချင်းနင်းဝင်ရောက်မှုကို မြင်နိုင်နေပြီဖြစ်ရာ အကျယ်တဝင့်ထပ်မပြောတော့ပါ။ အန္တရာယ်များအနေဖြင့် အလွဲသုံးခြင်း၊ အလိုင်းမင်းလွဲခြင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ အန္တရာယ်တို့အကြောင်းကိုသာ ဆက်လက်ဆွေးနွေးသွားပါမည်။လက်ရှိ နည်းပညာအဆင့်အထိ အဓိကအန္တရာယ်မှာ အလွဲသုံးခြင်းဖြစ်သည်။ ပြဿနာမှာ နည်းပညာမဟုတ်သေးဘဲ နည်းပညာကိုအသုံးချသည့် လူသားဖြစ်သည်။ ယင်းမှာ နည်းပညာတိုင်းတွင် ကြုံရသည့် အန္တရာယ်ဖြစ်သည်။ မည်သည့် နည်းပညာကိုမဆို မကောင်းသည့်ဘက်တွင် အသုံးချလိုသူများ အမှန်တကယ်ရှိခဲ့ပြီး ထိုအန္တရာယ်တို့ကိုလည်း အမှန်တကယ်ကြုံခဲ့ကြရသည်။ ယခုအချိန်တွင်လည်း အေအိုင်နည်းပညာအသုံးပြုကာ အသံတု၊ ဗီဒီယိုအတုများဖြင့် လိမ်လည်ခြင်း၊ ငွေညှစ်ခြင်းတို့ကို စတင်မြင်တွေ့နေရပြီဖြစ်သည်။ ပုံအတု၊ ဗီဒီယိုအတု၊ သတင်းအတုလုပ်ခြင်းတို့မှာ လူမှုမီဒီယာများပေါ်တွင် ထူးဆန်းသောကိစ္စမဟုတ်တော့ဟုပင် ဆို၍ရနေပြီ။ ပေါ်ဦးစ အေဂျီအိုင် (Emerging AGI)နှင့် အသင့်အတင့်သော အေဂျီအိုင် (Compet-ent AGI)အဆင့်များတွင်၊ တစ်နည်းအားဖြင့် ကျွမ်းကျင်သူ အေဂျီအိုင် (Expert AGI)အဆင့် မရောက်ခင်အထိ အဆိုပါ လူသားနှင့်ဆိုင် သော ပြဿနာမျိုးသာ ရှိနိုင်သေးသည်ဟု ပညာရှင်များက သုံးသပ်ထားကြသည်။ အလွဲသုံးခြင်းအပြင် မတော်တဆမှုများနှင့် မလိုမုန်းထားမှုများကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ ဤအဆင့် တွင် ဆိုက်ဘာတိုက်ခိုက်မှုများ အားကောင်းလာနိုင်သည်လည်းရှိသည်။ သာမန်အဆင့် ဟက်ကာ တစ်ယောက်သည်ပင်လျှင် အေအိုင်၏ အကူအညီဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်လာနိုင်သည်။ထို့ကြောင့် လက်ရှိအနေအထားအထိ ကန့်သတ်ထိန်းချုပ်မှုမှာ နည်းပညာကို ထိန်းချုပ်နိုင်စွမ်းရှိနေပြီး လူသားတို့၏ အမှားနှင့် အလွဲသုံးမှုတို့၏ အန္တရာယ်တို့က ပိုများသည်ကို တွေ့နိုင်သည်။ နည်းပညာအန္တရာယ်ဟူ၍ နည်းပညာတိုင်းတွင် ကြုံရလေ့ရှိသော အလုပ်အကိုင်အပြောင်းအလဲများ သာရှိသည်။ တစ်ခုရှိသည်မှာ အေအိုင်ကြောင့် အလုပ်အကိုင်နေရာဖယ်ပေးလိုက်ရခြင်းတို့သည် လူ့အဖွဲ့အစည်းက အလုပ်အကိုင်သစ်များ ပြန်လည်ဖန်တီးပေးနိုင်သည်ထက် ပိုမြန်နေနိုင်သည့် ကိစ္စဖြစ်သည်။ ထိုအန္တရာယ်ကတော့ လက်ရှိတွင်လည်း စတင်နေပြီဖြစ်ပြီး မကြာခင်ကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် မြင်လာရတော့မည့်အန္တရာယ် ဖြစ်သည်။နောက်ဆုံးတစ်ခုမှာ ပါဝါပြန်လည်ဖြန့်ဝေမှုဖြစ်သည်။ နည်းပညာတိုင်းက လုပ်လေ့ရှိသည့် ပါဝါပြန်လည်ဖြန့်ဝေမှုကို အေအိုင်နည်းပညာက ပိုမိုကျယ်ပြန့်စွာလုပ်နိုင်ကြောင်း မြင်နေရပြီဖြစ်သည်။ လက်ရှိအချိန်အထိတော့ ပါဝါဗဟိုချက် စုသွားခြင်းမျိုးကို ပိုမြင်နေရသည်။ အွန်လိုင်းပေါ်တွင် အေအိုင်ကို လူတိုင်းသုံးနိုင်သည့် နည်းပညာတစ်ခုအဖြစ် မြင်လာရခြင်းကြောင့် အေအိုင်သည် အများပြည်သူ ထံ ပါဝါဖြန့်ဝေပေးသော နည်းပညာဟု ဆိုကောင်းဆိုနိုင်မည်။ လက်ရှိ အေအိုင်ကို မကောင်းသည့်နေရာတွင်ရောကောင်းသည့် နေရာတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြခြင်းမှာ လည်း မှန်သည်။ သို့သော် နောက်ကွယ်တွင် ပါဝါဗဟိုချက်ပြုခြင်းမှာလည်း ပိုမိုအားကောင်းလာသည်ကို အထင်အရှားမြင်နေရသည်။ ထိုအကြောင်းများကို နောက်တစ်ပတ်တွင် ဆက်လက်ဆွေးနွေးသွားပါမည်။MDN

ဉာဏ်ရည်တုလှိုင်းများ    ခေါင်းစဉ်အောက်တွင် ဉာဏ်ရည်တုနည်းပညာ၏ လုပ်ဆောင်နိုင်စွမ်းနှင့်  လုပ်ပိုင်ခွင့်တို့အကြောင်း အကြမ်းဖျင်းအားဖြင့်ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါသည်။ ဉာဏ်ရည်တု သို့မဟုတ် အေအိုင်နည်းပညာနှင့်ပတ်သက်၍ ကျွန်တော်တို့ စိုးရိမ်နေကြသည့် အန္တရာယ်တို့မှာ လုပ်ဆောင်နိုင်စွမ်းနှင့်မဆိုင် လုပ်ပိုင်ခွင့်ဘယ်လောက်ပေးထားလဲဆိုသည်အပေါ်တွင် ပို၍မူတည်ကြောင်းလည်း တွေ့ခဲ့ရပြီဖြစ်သည်။ သို့သော် လုပ်ဆောင်နိုင်စွမ်းအတိုင်းအတာတစ်ခုအထိ မြင့်တက်သွားလျှင် အေအိုင်သည်  သူ့လုပ်ပိုင်ခွင့်သူ   မြှင့်တင်သွားနိုင်စွမ်းရှိမလားဆိုသည်မှာ  ရှင်းရှင်း လင်းလင်း ကြိုတင်မြင်နိုင်သည့်အနေအထားတွင် ရှိမနေပါ။ ရှေ့က ပြောခဲ့သလို အေအိုင်လုပ်ပိုင်ခွင့် အဆင့်(၅)သည်လူသားသမိုင်း၏ အကြီးမားဆုံး နည်းပညာတော်လှန်ရေးဖြစ်လာနိုင်သလို လူသားတို့ကိုယ်တိုင် ဖန်တီးလိုက်သောပြိုင်ဘက်တစ်ခုလည်း ဖြစ်လာနိုင်သည်။ အရေးကြီးသည်မှာ ထိုအဆင့်သို့ မရောက်ခင်လူသားတို့က ထိန်းချုပ်မှု၊ တာဝန်ယူမှုနှင့် တန်ဖိုးထားမှုတို့ကို ဘယ်လိုသတ်မှတ်မလဲဆိုသည်က  အရေးကြီးသည်။ အဓိကအကျဆုံးမှာ ထိန်းချုပ်နိုင် မှာလား၊ မထိန်းချုပ်နိုင်ဘဲ  လွှတ်ပေးလိုက်ရမှာလားဆိုသည့် မေးခွန်းဖြစ်သည်။

လူသားမျိုးစိတ်၏ ပထမဆုံးကြိုးကိုင် ဖန်တီးမှုဖြစ်သည့် မီးနှင့် ကျောက်လက်နက်တို့ကို အသုံးပြုသည့် နည်းပညာများ ဖန်တီးခဲ့ချိန်မှစ၍ နည်းပညာတိုးတက်မြင့်မားလာခြင်းနှင့် ကျယ်ပြန့်လွှမ်းမိုးလာခြင်းတို့သည်  လူသားတို့၏ သမိုင်းကြောင်းနှင့် ယှဉ်တွဲဖြစ်တည်လာခဲ့သည်။ နည်းပညာတစ်ခု တီထွင်ဖန်တီးလိုက်ပြီးတိုင်း မပြောင်းလဲဘဲ ထာဝရရပ်တည်နေသည့် နိယာမမှာ ဈေးသက်သာလာမည်၊ အလွယ်တကူ သုံးနိုင်လာမည်၊ တစ်ဟုန် ထိုး တိုးတက်ပွားများပြီး  ကျယ်ပြန့်လာမည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ထိုဖြစ်စဉ်မှာ လူသားတို့၏ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်နှင့်  အလားတူသည်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေဖို့၊ ကိုယ့်ကံကြမ္မာကိုတိုးတက်စေဖို့၊ ကိုယ့်စွမ်းဆောင်ရည်များကို တိုးတက်စေဖို့၊ ကိုယ့်ပတ်ဝန်းကျင်အပေါ် ကိုယ့်ဩဇာလွှမ်းမိုးမှုတိုးတက်စေဖို့ လူသားတို့၏ စူးစမ်းရှာဖွေမှုများသည် နည်းပညာတို့၏ ဆင့်ကဲဖြစ်စဉ်ကို တွန်းအားပေးသည်။ ထိုတွန်းအားက တစ်ဟုန်ထိုး တိုးတက်ပွားများ ကျယ်ပြန့်မှုကို ကမ္ဘာတစ်ခွင်လုံး၌ ပျံ့နှံ့စေပြီး နည်းပညာအပေါ် လူသားတို့၏ ကန့်သတ်ထိန်းချုပ်နိုင်စွမ်းကို လွတ်ထွက်သွားစေသည်။

သမိုင်းတစ်လျှောက် အထွေထွေသုံးနည်းပညာများထဲတွင် လူသားတို့၏ ကန့်သတ်ထိန်းချုပ်မှုအောက်၌ လုံးဝကျရောက်ခဲ့သည့် နည်းပညာဟူ၍ နျူကလီးယားနည်းပညာသာရှိသည်ကို တွေ့နိုင်သည်။ ဟီရိုရှီးမားနှင့် နာဂါဆာကီ ဖြစ်စဉ်တို့သည် သမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့်  စစ်ပွဲကြီး ကို ရပ်တန့်သွားစေသည်ဟုဆိုကြသော်လည်း တစ်ဆက်တည်းမှာပင် နျူကလီးယား နည်းပညာအပေါ်  လူသားထု၏ စိုးရိမ်ထိတ်လန့်မှုကိုလည်း အဆုံးစွန်ရောက် မြင့်တက်စေခဲ့သည်။  နျူကလီးယားနည်းပညာလို အထွေထွေသုံးနည်းပညာတစ်ခု၏ တိုးတက်ပျံ့နှံ့မှုကို ထိန်းချုပ်လိုက်နိုင်သည် မှာလည်း အဆိုပါ စိုးရိမ်ထိတ်လန့်မှုကြောင့်ပင်။ တစ်ဖက်တွင်လည်း အိုင်းစတိုင်းပြောသလို နေမှအပဖြစ်သော စွမ်းအင်ကို ဖန်တီးပေးသည့် နည်းပညာ၏ ကောင်းကျိုးများကို လူသားတို့ အပြည့်အဝမခံစားကြရအောင် တားဆီးလိုက်သည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင်ဖြစ်စေ  နည်းပညာသမိုင်းမြင်ကွင်းတွင် ထိုသို့ အပြည့်အဝနီးပါး ကန့်သတ်ထိန်းချုပ်နိုင်သည်ဟူ၍ နျူကလီးယားနည်းပညာတစ်ခုသာရှိပြီး ကျန်နည်းပညာများသည် မည်သူမျှ ကန့်သတ်ထိန်းချုပ်၍   မရနိုင်လောက်အောင် လူသားမျိုးစိတ်တစ်ခုလုံး၏ လက်ထဲသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်ကတော့ သေချာပါသည်။

ယခု   အေအိုင်နည်းပညာကရော ဘယ်လိုဖြစ်နိုင်ပါသလဲ။ လက်ရှိ အေအိုင်နည်းပညာလောက၏   ဦးစီးရှေ့ဆောင် တစ်ယောက်ဖြစ်သော မိုက်ခရိုဆော့ဖ်အေအိုင် စီအီးအို မူစတာဖာဆူလီမန်က ၂၀၂၃ ခုနှစ်ထုတ် သူ့စာအုပ် The Coming Wave ထဲတွင် အေအိုင်နည်းပညာကို သုတေသနလုပ်ဖြစ်ခဲ့သည့် ရည်မှန်းချက်ကို“ကျွန်တော်တို့ကို ကျွန်တော်တို့ဖြစ်လာစေသည့်၊ သူမတူသော မျိုးစိတ်ဖြစ်လာစေသည့် ကျွန်တော်တို့၏  အသိဉာဏ်ကို ပုံတူပွားရမည့် ရည်မှန်းချက် … ထိုရည်မှန်းချက်ကို အောင်မြင်စေဖို့ ကျွန်တော်တို့ စနစ်တစ်ခုဖန်တီးဖို့ လိုအပ်သည်။ အမြင်နှင့် အပြောမှသည် စီမံခြင်းနှင့် စိတ်ကူးခြင်းအထိ၊ ကရုဏာတရားမှသည် ဖန်တီးနိုင်စွမ်းအထိ လူသားတို့၏ အသိအမြင်ဆိုင်ရာ စွမ်းဆောင်ရည်များအားလုံးကို အရင်ဆုံး တုပ၊ နောက်ပိုင်း သာလွန်သွားစေမည့် စနစ်ဖြစ်သည်”ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် ဉာဏ်ရည်တု နည်းပညာတို့ကို  ဖန်တီးခဲ့ကြသည့်၊ ဖန်တီးနေကြသည့် ပညာရှင်တို့သည် ရှေ့တွင်တင်ပြခဲ့သည့်  အေအိုင်၏ လုပ်ဆောင်နိုင်စွမ်းတို့ထဲတွင် နောက်ဆုံး အဆင့် လုပ်ဆောင်နိုင်စွမ်းကို နဂိုကတည်းက  ရည်မှန်းထားခဲ့ခြင်းဖြစ်ကြောင်း သိနိုင်သည်။ အထွေထွေဉာဏ်ရည်တုတို့၊ စူပါဉာဏ်ရည်တုတို့ဆိုသည်မှာ လုပ်ရင်းမှ တွေ့လာသည့် ရည်မှန်းချက်များမဟုတ်။ စကတည်းကရှိခဲ့သည့် ရည်မှန်းချက်များ ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းမှာလည်း မထူးဆန်း။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက သဘောကျခဲ့သည့် တာမင်နေတာလို သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားများထဲမှ ပြဒါးလူသားတို့လိုမျိုး စက်ရုပ်များသည် ထိုသို့သော စွမ်းရည်မျိုးပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။

လက်ရှိအချိန်တွင် ကျွန်တော်တို့လို သာမန်လူတို့သည် အေအိုင်နည်းပညာနှင့် စတင်ယဉ်ပါးခါစသာရှိသေးသည်။ ပညာရှင်လောကထဲတွင်မူ ဉာဏ်ရည်တုနည်းပညာသည် အေဂျီအိုင်ဟုခေါ်သည့် အထွေထွေဉာဏ်ရည်တုနည်းပညာထဲသို့ စတင်ချင်းနင်းဝင်ရောက်နေချိန်ဟု ဆိုနိုင်သည်။  ရှေ့တွင်  ဖော်ပြခဲ့သည့် အေအိုင်လုပ်နိုင်စွမ်းနှင့်  လုပ်ပိုင်ခွင့်အဆင့်ဆင့်များထဲတွင် ထိုသို့  ချင်းနင်းဝင်ရောက်မှုကို မြင်နိုင်နေပြီဖြစ်ရာ အကျယ်တဝင့်ထပ်မပြောတော့ပါ။ အန္တရာယ်များအနေဖြင့် အလွဲသုံးခြင်း၊ အလိုင်းမင်းလွဲခြင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ အန္တရာယ်တို့အကြောင်းကိုသာ ဆက်လက်ဆွေးနွေးသွားပါမည်။

လက်ရှိ  နည်းပညာအဆင့်အထိ အဓိကအန္တရာယ်မှာ အလွဲသုံးခြင်းဖြစ်သည်။ ပြဿနာမှာ နည်းပညာမဟုတ်သေးဘဲ  နည်းပညာကိုအသုံးချသည့်လူသားဖြစ်သည်။ ယင်းမှာ နည်းပညာတိုင်းတွင် ကြုံရသည့် အန္တရာယ်ဖြစ်သည်။ မည်သည့် နည်းပညာကိုမဆို မကောင်းသည့်ဘက်တွင်     အသုံးချလိုသူများ အမှန်တကယ်ရှိခဲ့ပြီး ထိုအန္တရာယ်တို့ကိုလည်း အမှန်တကယ်ကြုံခဲ့ကြရသည်။ ယခုအချိန်တွင်လည်း အေအိုင်နည်းပညာအသုံးပြုကာ အသံတု၊  ဗီဒီယိုအတုများဖြင့် လိမ်လည်ခြင်း၊ ငွေညှစ်ခြင်းတို့ကို စတင်မြင်တွေ့နေရပြီဖြစ်သည်။ ပုံအတု၊ ဗီဒီယိုအတု၊ သတင်းအတုလုပ်ခြင်းတို့မှာ လူမှုမီဒီယာများပေါ်တွင် ထူးဆန်းသောကိစ္စမဟုတ်တော့ဟုပင် ဆို၍ရနေပြီ။ ပေါ်ဦးစ အေဂျီအိုင် (Emerging AGI)နှင့် အသင့်အတင့်သော အေဂျီအိုင် (Compet-ent AGI)အဆင့်များတွင်၊   တစ်နည်းအားဖြင့်    ကျွမ်းကျင်သူ  အေဂျီအိုင် (Expert AGI)အဆင့် မရောက်ခင်အထိ အဆိုပါ လူသားနှင့်ဆိုင် သော ပြဿနာမျိုးသာ ရှိနိုင်သေးသည်ဟု ပညာရှင်များက သုံးသပ်ထားကြသည်။ အလွဲသုံးခြင်းအပြင် မတော်တဆမှုများနှင့် မလိုမုန်းထားမှုများကိုလည်း  ထည့်သွင်းစဉ်းစားရပါမည်။ ဤအဆင့် တွင်  ဆိုက်ဘာတိုက်ခိုက်မှုများ အားကောင်းလာနိုင်သည်လည်းရှိသည်။ သာမန်အဆင့်  ဟက်ကာ တစ်ယောက်သည်ပင်လျှင် အေအိုင်၏ အကူအညီဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ  လုပ်လာနိုင်သည်။

ထို့ကြောင့် လက်ရှိအနေအထားအထိ ကန့်သတ်ထိန်းချုပ်မှုမှာ နည်းပညာကို ထိန်းချုပ်နိုင်စွမ်းရှိနေပြီး လူသားတို့၏ အမှားနှင့်  အလွဲသုံးမှုတို့၏  အန္တရာယ်တို့က   ပိုများသည်ကို  တွေ့နိုင်သည်။ နည်းပညာအန္တရာယ်ဟူ၍ နည်းပညာတိုင်းတွင် ကြုံရလေ့ရှိသော အလုပ်အကိုင်အပြောင်းအလဲများ သာရှိသည်။ တစ်ခုရှိသည်မှာ အေအိုင်ကြောင့် အလုပ်အကိုင်နေရာဖယ်ပေးလိုက်ရခြင်းတို့သည် လူ့အဖွဲ့အစည်းက   အလုပ်အကိုင်သစ်များ ပြန်လည်ဖန်တီးပေးနိုင်သည်ထက် ပိုမြန်နေနိုင်သည့် ကိစ္စဖြစ်သည်။ ထိုအန္တရာယ်ကတော့ လက်ရှိတွင်လည်း စတင်နေပြီဖြစ်ပြီး မကြာခင်ကာလအတွင်းကျယ်ကျယ်ပြန့်ပြန့် မြင်လာရတော့မည့်အန္တရာယ် ဖြစ်သည်။

နောက်ဆုံးတစ်ခုမှာ ပါဝါပြန်လည်ဖြန့်ဝေမှုဖြစ်သည်။ နည်းပညာတိုင်းက လုပ်လေ့ရှိသည့် ပါဝါပြန်လည်ဖြန့်ဝေမှုကို အေအိုင်နည်းပညာက ပိုမိုကျယ်ပြန့်စွာလုပ်နိုင်ကြောင်း မြင်နေရပြီဖြစ်သည်။ လက်ရှိအချိန်အထိတော့ ပါဝါဗဟိုချက် စုသွားခြင်းမျိုးကို ပိုမြင်နေရသည်။ အွန်လိုင်းပေါ်တွင် အေအိုင်ကို လူတိုင်းသုံးနိုင်သည့် နည်းပညာတစ်ခုအဖြစ် မြင်လာရခြင်းကြောင့် အေအိုင်သည် အများပြည်သူ ထံ ပါဝါဖြန့်ဝေပေးသော နည်းပညာဟု ဆိုကောင်းဆိုနိုင်မည်။ လက်ရှိ အေအိုင်ကို မကောင်းသည့်နေရာတွင်ရောကောင်းသည့် နေရာတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြခြင်းမှာ လည်း မှန်သည်။ သို့သော် နောက်ကွယ်တွင်  ပါဝါဗဟိုချက်ပြုခြင်းမှာလည်း ပိုမိုအားကောင်းလာသည်ကို အထင်အရှားမြင်နေရသည်။ ထိုအကြောင်းများကို နောက်တစ်ပတ်တွင် ဆက်လက်ဆွေးနွေးသွားပါမည်။

အိန္ဒိယတပ်မတော်ရဲ့ အစိမ်းရောင်စွမ်းအင်နဲ့ ဆက်လျှောက်မယ့်ခြေလှမ်းများ
-
လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အခြေအနေကိုကြည့်မယ်ဆိုရင် အီရန်စစ်ပွဲရဲ့နောက်ဆက်တွဲအကျိုးဆက်ဖြစ်တဲ့စွမ်းအင်ဂယက်ဟာ တစ်ကမ္ဘာလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေတာအားလုံးအသိပဲဖြစ်ပါတယ်။ အထူးသဖြင့် စက်သုံးဆီနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းအဆမတန်မြင့်တက်လာမှုဟာ နိုင်ငံတိုင်းရဲ့စီးပွားရေးယန္တရားကိုသာမက နိုင်ငံတော်ကာကွယ်ရေးကဏ္ဍကိုပါ ကြီးမားတဲ့စိန်ခေါ်မှုတွေ ပေးလာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိန္ဒိယတပ်မတော်ဟာ သူတို့ရဲ့စွမ်းအင်သုံးစွဲမှုပုံစံကို အခြေခံကစ အကြီးအကျယ် ပြောင်းလဲဖို့ ပြင်ဆင်လာတာဟာ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဗျူဟာမြောက်ခြေလှမ်းတစ်ရပ်လို့ ပြောရမှာပါ။ အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့စွမ်းအင်ဖြတ်တောက်မှုတွေနဲ့ ဈေးကွက်မတည်ငြိမ်မှုတွေဟာ အိန္ဒိယနိုင်ငံလိုစွမ်းအင်ကို ပြည်ပကနေအဓိကထားတင်သွင်းနေရတဲ့ အာရှနိုင်ငံတွေအတွက် နိုးကြားမှုအသစ်တစ်ခုကို ဖြစ်စေခဲ့ပါတယ်။ အခုဆိုရင် အိန္ဒိယတပ်မတော်အနေနဲ့ သမားရိုးကျစက်သုံးဆီနေရာမှာ အစားထိုးနိုင်မယ့် အစိမ်းရောင် စွမ်းအင်နည်းလမ်းတွေကို အလေးအနက်ရှာဖွေလာနေပြီ ဖြစ်ပါတယ်။ဒေသတွင်း သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ အိန္ဒိယကြည်းတပ်က သူတို့ရဲ့စခန်းတွေမှာ အချက်အပြုတ်လုပ်ငန်းတွေအတွက် အသုံးပြုနေတဲ့ သဘာဝဓာတ်ငွေ့သုံးပစ္စည်းတွေနေရာမှာ ဇီဝဓာတ်ငွေ့အသုံးပြုမီးဖိုတွေနဲ့ အစားထိုးဖို့ စီစဉ်နေပါတယ်။ ဒါတင်မကသေးဘဲ စစ်သုံးယာဉ်တွေနဲ့ ရုံးလုပ်ငန်းတွေမှာလည်း အစိမ်းရောင်လောင်စာတွေအသုံးပြုနိုင်ဖို့ လေ့လာနေသလို၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေမှာ နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်တွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ ခြေလှမ်းပြင်နေတယ်လို့ သိရပါတယ်။အီရန်စစ်ပွဲမတိုင်ခင် ဘရန့်ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၇၀ ဝန်းကျင်သာရှိခဲ့ရာကနေ စစ်ပွဲအတွင်း ၁၂၆ ဒေါ်လာအထိ စံချိန်တင်မြင့်တက်သွားခဲ့တာဟာ စွမ်းအင်အန္တရာယ်ဘယ်လောက်အထိကြီးမားတယ်ဆိုတာကို ပြသနေပါတယ်။ ဟော်မုရေလက်ကြားလို ဗျူဟာမြောက်ရေလမ်းကြောင်း ပိတ်ဆို့ခံထားရတဲ့ အခြေအနေမျိုးမှာ အိန္ဒိယတင်မကဘဲ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးဟာ သူတို့ရဲ့စွမ်းအင်ဖူလုံရေးအတွက် စိုးရိမ်ပူပန်လာကြတာ အဆန်းတော့ မဟုတ်ပါဘူး။စွမ်းအင်ကျွမ်းကျင်သူတွေရဲ့အမြင်အရ အာရှနိုင်ငံတွေဟာသူတို့ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လိုအပ်ချက် ၆၀ ရာခိုင်နှုန်းလောက်ကို အရှေ့အလယ်ပိုင်းဒေသမှတင်သွင်းနေရတာဖြစ်လို့ ဒီဒေသမှာပဋိပက္ခဖြစ်တိုင်း အားနည်းချက်တွေရှိလာလေ့ရှိပါတယ်။ အခုလိုမျိုးပြည်တွင်းမှာထုတ်လုပ်နိုင်တဲ့ အစိမ်းရောင်စွမ်းအင်တွေဘက်ကိုကူးပြောင်းခြင်းဖြင့် အိန္ဒိယတပ်မတော်အနေနဲ့ စွမ်းအင်ဒဏ်ခံနိုင်ရည်ကို တည်ဆောက်နေတယ်လို့မြင်ရပါတယ်။ ဒါကတိုက်ပွဲဝင်အသင့်ဖြစ်မှုကိုအာမခံနိုင်ဖို့အတွက်လည်း အလွန်အရေးကြီးပါတယ်။ အခုလောလောဆယ်မှာ အမေရိကန်က အီရန်ကို ငြိမ်းချမ်းရေးအဆိုပြုချက် တင်ထားတာကြောင့် ရေနံဈေးက ဒေါ်လာ ၁၀၀ အောက်ပြန် ကျလာပေမယ့်လည်း ဟော်မုရေလက်ကြား ပြန်ပွင့်ဖို့ကတော့ အချိန်ယူရဦးမှာပါ။ ရေကြောင်းကုန်သွယ်မှုတွေ ပုံမှန်ပြန်ဖြစ်ဖို့ ဆိုတာကလည်း ချက်ချင်းလုပ်ယူလို့ရတာမျိုး မဟုတ်ဘဲအာမခံဈေးကွက်နဲ့ ယုံကြည်မှုပြန်လည် တည်ဆောက်ဖို့အတွက် သီတင်းပတ်ပေါင်းများစွာ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အပစ်အခတ်ရပ်စဲရေး သတင်းထွက်လာရုံနဲ့ စွမ်းအင်ပြဿနာပြေလည်သွားပြီလို့ ယူဆလို့မရကြောင်း ကျွမ်းကျင်သူတွေက သတိပေးနေကြတာပါ။ဒီလိုစိန်ခေါ်မှုတွေကြားက အစိမ်းရောင်စွမ်းအင်ကို ပြောင်းလဲအသုံးပြုဖို့ ကြိုးစားရာမှာလည်း အခက်အခဲတွေတော့ ရှိနေပါသေးတယ်။ လောလောဆယ်မှာ အစိမ်းရောင်စွမ်းအင်ဟာ စစ်အခြေစိုက်စခန်းတွေ၊ ချက်ပြုတ်ရေးလုပ်ငန်းတွေ၊ စောင့်ကြည့်ရေး စနစ်တွေနဲ့ ဝေးလံခေါင်သီတဲ့ ကင်းစခန်းတွေမှာတော့ အထောက်အကူပြုနိုင်ပေမယ့်တိုက်ပွဲဝင်စစ်ဆင်ရေးတွေမှာ အသုံးပြုနေတဲ့ သမားရိုးကျလောင်စာဆီတွေနေရာမှာတော့အပြည့်အဝ အစားမထိုးနိုင်သေးပါဘူး။ အထူးသဖြင့်တပ်ဆင်ခ အလွန်မြင့်မားတာ၊ နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေရှိတာနဲ့ နေရောင်ခြည် ဒါမှမဟုတ်လေစွမ်းအင်ဆိုတာမျိုးက အမြဲတမ်းပုံမှန်မရနိုင်တဲ့ သဘာဝရှိတာကြောင့် အကြီးစား စစ်လက်နက်ပစ္စည်းတွေကို မောင်းနှင်ဖို့ဆိုတာ မလွယ်ကူသေးပါဘူး။ ဒါပေမဲ့လည်း အိန္ဒိယတပ်မတော်ဟာ လာဒက်လိုမျိုး ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသတွေမှာ နေရောင်ခြည်-ဟိုက်ဒရိုဂျင်စွမ်းအင်သုံးအသေးစားဓာတ်အားလိုင်းစနစ်တွေကို အောင်အောင်မြင်မြင် အသုံးပြုပြထားပြီးပါပြီ။ ဒါဟာ အနာဂတ်အတွက် အလားအလာကောင်းတဲ့လက္ခဏာတစ်ခုပါပဲ။အခုလို အစိမ်းရောင်စွမ်းအင်ကို အသုံးပြုလာခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးတွေကတော့ များပြားလှပါတယ်။ ပထမဆုံးအနေနဲ့က ကမ္ဘာ့ဈေးကွက်မှာ ရေနံဈေးတွေဘယ်လောက်ပဲတက်တက်၊ ဘယ်လိုပဲ စစ်မီးတွေတောက်နေပါစေ မိမိနိုင်ငံအတွင်းမှာပဲ ထုတ်လုပ်နိုင်တဲ့ စွမ်းအင်ရှိနေတဲ့အတွက် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲတွေကို လျှော့ချနိုင်ပါမယ်။ဥပမာ ဝေးလံခေါင်သီတဲ့ ကင်းစခန်းတွေမှာ ရဟတ်ယာဉ်တွေနဲ့ လောင်စာဆီသွားပို့ရတဲ့ စရိတ်စကနဲ့ အန္တရာယ်ဟာ အလွန်ကြီးမားပါတယ်။ အဲဒီအစား အဲဒီစခန်းတွေမှာတင် လေစွမ်းအင် သို့မဟုတ် နေရောင်ခြည်စွမ်းအင်ကိုအသုံးချနိုင်ရင် ကုန်ကျစရိတ်တွေသက်သာသွားမယ့်အပြင် ရန်သူ့ရဲ့ဖြတ်တောက်မှုကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး။ ဒုတိယအနေနဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်ပြီး ကမ္ဘာ့ကျန်းမာရေးစံနှုန်းတွေနဲ့လည်း ကိုက်ညီမှုရှိစေမှာပါ။တစ်ကမ္ဘာလုံးဆိုင်ရာ အမြင်နဲ့ကြည့်မယ်ဆိုရင်လည်း အခုလိုအိန္ဒိယတပ်မတော်ရဲ့ ဆောင်ရွက်ချက်ဟာ ကမ္ဘာ့စံနမူနာကောင်းတွေကို လိုက်နာကျင့်သုံးခြင်းလည်းဖြစ်ပါတယ်။ တပ်မတော်တစ်ရပ်ရဲ့ စွမ်းဆောင်ရည်ကို မထိခိုက်စေဘဲ ပိုမိုခိုင်မာတဲ့ စွမ်းအင်စနစ်ကို တည်ဆောက်နိုင်ခြင်းဟာ အာရှဒေသတွင်းက တခြားနိုင်ငံတွေအတွက်လည်း အတုယူစရာဖြစ်လာမှာပါ။ စစ်မြေပြင်မှာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေဟာ ရန်သူ့ရဲ့အဓိကပစ်မှတ်ဖြစ်လေ့ရှိပါတယ်။ စက်သုံးဆီယာဉ်တန်းတွေအပေါ် မှီခိုနေရမယ့်အစား ကိုယ့်စခန်းမှာတင် ကိုယ်ပိုင်ဇီဝဓာတ်ငွေ့နဲ့ နေရောင်ခြည်စွမ်းအင်ထုတ်ယူသုံးစွဲနိုင်ခြင်းက ဗျူဟာမြောက် အားသာချက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုးအပြောင်းအလဲဟာ ရေတိုမှာ ငွေကုန်ကြေးကျများနိုင်တယ်လို့ထင်ရပေမယ့် ရေရှည်မှာ တပ်မတော်အတွက်သာမက နိုင်ငံတော်အတွက်ပါ မဟာဗျူဟာမြောက် အောင်မြင်မှုတွေကို ယူဆောင်ပေးမှာဖြစ်ပါတယ်။ဒါ့အပြင် ဒီလိုမျိုးအစိမ်းရောင်စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်လာတာဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းစက်မှုလုပ်ငန်းတွေကိုလည်းအားကောင်းစေပါတယ်။ တပ်မတော်အတွက်လိုအပ်တဲ့ ဆိုလာပြားတွေ၊ ဇီဝဓာတ်ငွေ့စနစ်တွေနဲ့ စွမ်းအင်သိုလှောင်တဲ့ဘက်ထရီတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်လာနိုင်တဲ့အခါ “အိန္ဒိယပြည်တွင်ပြုလုပ်သည်” ဆိုတဲ့မူဝါဒကိုလည်း အထောက်အကူပြုရာရောက်ပါတယ်။ စွမ်းအင်ဆိုတာ ဒီနေ့ခေတ်စစ်ပွဲမှာ လက်နက်ခဲယမ်းတွေလိုပဲ အရေးကြီးတဲ့အရာတစ်ခုဖြစ်လာပါတယ်။ တပ်မတော်တစ်ရပ်က စွမ်းအင်ရရှိရေးအတွက် တခြားသူအပေါ် မှီခိုနေရသရွေ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေက လွတ်လပ်မှုရှိမှာ မဟုတ်ပါဘူး။ အခုလို အိန္ဒိယတပ်မတော်ကဦးဆောင်ပြီး စွမ်းအင်အပြောင်းအလဲကို ဖော်ဆောင်နေတာဟာ တခြားသော အစိုးရဌာနတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေအတွက်ပါ စံနမူနာကောင်းတစ်ခု ဖြစ်နေပါတယ်။စစ်မှန်တဲ့ စွမ်းအင်ဖူလုံရေးဆိုတာ ရေနံတွင်းတွေ အများကြီးပိုင်တာကို မဆိုလိုပါဘူး။ ရရှိနိုင်တဲ့အရင်းအမြစ်တွေကို အထိရောက်ဆုံးသောနည်းလမ်းတွေနဲ့ အသုံးချနိုင်တာကိုဆိုလိုတာပါ။ အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင်အကျပ်အတည်းဟာ အိန္ဒိယတပ်မတော်ကို ပိုမိုခေတ်မီပြီး ပိုမိုကြံ့ခိုင်တဲ့အနာဂတ်ဆီကို တွန်းပို့ပေးလိုက်သလို ဖြစ်နေပါတယ်။ စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်စွမ်းဟာ စွမ်းရည်ထက်မြက်တဲ့ တပ်မတော်တစ်ရပ်ရဲ့လက္ခဏာဖြစ်ပါတယ်။ အိန္ဒိယတပ်မတော်ရဲ့ အစိမ်းရောင်စွမ်းအင်နဲ့ လျှောက်လှမ်းမယ့်ခြေလှမ်းတွေဟာ အာရှတိုက်ရဲ့ စွမ်းအင်ဖူလုံရေးသမိုင်းစာ မျက်နှာသစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေမှာအမှန်ပဲ ဖြစ်ပါတယ်။Ref: SCMPMWD

လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အခြေအနေကိုကြည့်မယ်ဆိုရင် အီရန်စစ်ပွဲရဲ့နောက်ဆက်တွဲအကျိုးဆက်ဖြစ်တဲ့စွမ်းအင်ဂယက်ဟာ တစ်ကမ္ဘာလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေတာအားလုံးအသိပဲဖြစ်ပါတယ်။ အထူးသဖြင့် စက်သုံးဆီနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းအဆမတန်မြင့်တက်လာမှုဟာ နိုင်ငံတိုင်းရဲ့စီးပွားရေးယန္တရားကိုသာမက နိုင်ငံတော်ကာကွယ်ရေးကဏ္ဍကိုပါ ကြီးမားတဲ့စိန်ခေါ်မှုတွေ ပေးလာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိန္ဒိယတပ်မတော်ဟာ သူတို့ရဲ့စွမ်းအင်သုံးစွဲမှုပုံစံကို အခြေခံကစ အကြီးအကျယ် ပြောင်းလဲဖို့ ပြင်ဆင်လာတာဟာ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဗျူဟာမြောက်ခြေလှမ်းတစ်ရပ်လို့ ပြောရမှာပါ။ အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့စွမ်းအင်ဖြတ်တောက်မှုတွေနဲ့ ဈေးကွက်မတည်ငြိမ်မှုတွေဟာ အိန္ဒိယနိုင်ငံလိုစွမ်းအင်ကို ပြည်ပကနေအဓိကထားတင်သွင်းနေရတဲ့ အာရှနိုင်ငံတွေအတွက် နိုးကြားမှုအသစ်တစ်ခုကို ဖြစ်စေခဲ့ပါတယ်။ အခုဆိုရင် အိန္ဒိယတပ်မတော်အနေနဲ့ သမားရိုးကျစက်သုံးဆီနေရာမှာ အစားထိုးနိုင်မယ့် အစိမ်းရောင် စွမ်းအင်နည်းလမ်းတွေကို အလေးအနက်ရှာဖွေလာနေပြီ ဖြစ်ပါတယ်။

ဒေသတွင်း သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ အိန္ဒိယကြည်းတပ်က သူတို့ရဲ့စခန်းတွေမှာ အချက်အပြုတ်လုပ်ငန်းတွေအတွက် အသုံးပြုနေတဲ့ သဘာဝဓာတ်ငွေ့သုံးပစ္စည်းတွေနေရာမှာ ဇီဝဓာတ်ငွေ့အသုံးပြုမီးဖိုတွေနဲ့ အစားထိုးဖို့ စီစဉ်နေပါတယ်။ ဒါတင်မကသေးဘဲ စစ်သုံးယာဉ်တွေနဲ့ ရုံးလုပ်ငန်းတွေမှာလည်း အစိမ်းရောင်လောင်စာတွေအသုံးပြုနိုင်ဖို့ လေ့လာနေသလို၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေမှာ နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်တွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ ခြေလှမ်းပြင်နေတယ်လို့ သိရပါတယ်။

အီရန်စစ်ပွဲမတိုင်ခင် ဘရန့်ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၇၀ ဝန်းကျင်သာရှိခဲ့ရာကနေ စစ်ပွဲအတွင်း ၁၂၆ ဒေါ်လာအထိ စံချိန်တင်မြင့်တက်သွားခဲ့တာဟာ စွမ်းအင်အန္တရာယ်ဘယ်လောက်အထိကြီးမားတယ်ဆိုတာကို ပြသနေပါတယ်။ ဟော်မုရေလက်ကြားလို ဗျူဟာမြောက်ရေလမ်းကြောင်း ပိတ်ဆို့ခံထားရတဲ့ အခြေအနေမျိုးမှာ အိန္ဒိယတင်မကဘဲ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးဟာ သူတို့ရဲ့စွမ်းအင်ဖူလုံရေးအတွက် စိုးရိမ်ပူပန်လာကြတာ အဆန်းတော့ မဟုတ်ပါဘူး။

စွမ်းအင်ကျွမ်းကျင်သူတွေရဲ့အမြင်အရ အာရှနိုင်ငံတွေဟာသူတို့ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လိုအပ်ချက် ၆၀ ရာခိုင်နှုန်းလောက်ကို အရှေ့အလယ်ပိုင်းဒေသမှတင်သွင်းနေရတာဖြစ်လို့ ဒီဒေသမှာပဋိပက္ခဖြစ်တိုင်း အားနည်းချက်တွေရှိလာလေ့ရှိပါတယ်။ အခုလိုမျိုးပြည်တွင်းမှာထုတ်လုပ်နိုင်တဲ့ အစိမ်းရောင်စွမ်းအင်တွေဘက်ကိုကူးပြောင်းခြင်းဖြင့် အိန္ဒိယတပ်မတော်အနေနဲ့ စွမ်းအင်ဒဏ်ခံနိုင်ရည်ကို တည်ဆောက်နေတယ်လို့မြင်ရပါတယ်။ ဒါကတိုက်ပွဲဝင်အသင့်ဖြစ်မှုကိုအာမခံနိုင်ဖို့အတွက်လည်း အလွန်အရေးကြီးပါတယ်။ 

အခုလောလောဆယ်မှာ အမေရိကန်က အီရန်ကို ငြိမ်းချမ်းရေးအဆိုပြုချက် တင်ထားတာကြောင့် ရေနံဈေးက ဒေါ်လာ ၁၀၀ အောက်ပြန် ကျလာပေမယ့်လည်း ဟော်မုရေလက်ကြား ပြန်ပွင့်ဖို့ကတော့ အချိန်ယူရဦးမှာပါ။ ရေကြောင်းကုန်သွယ်မှုတွေ ပုံမှန်ပြန်ဖြစ်ဖို့ ဆိုတာကလည်း ချက်ချင်းလုပ်ယူလို့ရတာမျိုး မဟုတ်ဘဲအာမခံဈေးကွက်နဲ့ ယုံကြည်မှုပြန်လည် တည်ဆောက်ဖို့အတွက် သီတင်းပတ်ပေါင်းများစွာ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အပစ်အခတ်ရပ်စဲရေး သတင်းထွက်လာရုံနဲ့ စွမ်းအင်ပြဿနာပြေလည်သွားပြီလို့ ယူဆလို့မရကြောင်း ကျွမ်းကျင်သူတွေက သတိပေးနေကြတာပါ။

ဒီလိုစိန်ခေါ်မှုတွေကြားက အစိမ်းရောင်စွမ်းအင်ကို ပြောင်းလဲအသုံးပြုဖို့ ကြိုးစားရာမှာလည်း အခက်အခဲတွေတော့ ရှိနေပါသေးတယ်။ လောလောဆယ်မှာ အစိမ်းရောင်စွမ်းအင်ဟာ စစ်အခြေစိုက်စခန်းတွေ၊ ချက်ပြုတ်ရေးလုပ်ငန်းတွေ၊ စောင့်ကြည့်ရေး စနစ်တွေနဲ့ ဝေးလံခေါင်သီတဲ့ ကင်းစခန်းတွေမှာတော့ အထောက်အကူပြုနိုင်ပေမယ့်တိုက်ပွဲဝင်စစ်ဆင်ရေးတွေမှာ အသုံးပြုနေတဲ့ သမားရိုးကျလောင်စာဆီတွေနေရာမှာတော့အပြည့်အဝ အစားမထိုးနိုင်သေးပါဘူး။ အထူးသဖြင့်တပ်ဆင်ခ အလွန်မြင့်မားတာ၊ နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေရှိတာနဲ့ နေရောင်ခြည် ဒါမှမဟုတ်လေစွမ်းအင်ဆိုတာမျိုးက အမြဲတမ်းပုံမှန်မရနိုင်တဲ့ သဘာဝရှိတာကြောင့် အကြီးစား စစ်လက်နက်ပစ္စည်းတွေကို မောင်းနှင်ဖို့ဆိုတာ မလွယ်ကူသေးပါဘူး။ 

ဒါပေမဲ့လည်း အိန္ဒိယတပ်မတော်ဟာ လာဒက်လိုမျိုး  ဝေးလံခေါင်သီတဲ့   တောင်တန်းဒေသတွေမှာ နေရောင်ခြည်-ဟိုက်ဒရိုဂျင်စွမ်းအင်သုံးအသေးစားဓာတ်အားလိုင်းစနစ်တွေကို  အောင်အောင်မြင်မြင် အသုံးပြုပြထားပြီးပါပြီ။ ဒါဟာ အနာဂတ်အတွက် အလားအလာကောင်းတဲ့လက္ခဏာတစ်ခုပါပဲ။

အခုလို အစိမ်းရောင်စွမ်းအင်ကို အသုံးပြုလာခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးတွေကတော့ များပြားလှပါတယ်။ ပထမဆုံးအနေနဲ့က ကမ္ဘာ့ဈေးကွက်မှာ ရေနံဈေးတွေဘယ်လောက်ပဲတက်တက်၊ ဘယ်လိုပဲ စစ်မီးတွေတောက်နေပါစေ မိမိနိုင်ငံအတွင်းမှာပဲ ထုတ်လုပ်နိုင်တဲ့ စွမ်းအင်ရှိနေတဲ့အတွက် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲတွေကို လျှော့ချနိုင်ပါမယ်။

ဥပမာ  ဝေးလံခေါင်သီတဲ့  ကင်းစခန်းတွေမှာ ရဟတ်ယာဉ်တွေနဲ့ လောင်စာဆီသွားပို့ရတဲ့ စရိတ်စကနဲ့ အန္တရာယ်ဟာ အလွန်ကြီးမားပါတယ်။ အဲဒီအစား အဲဒီစခန်းတွေမှာတင် လေစွမ်းအင် သို့မဟုတ် နေရောင်ခြည်စွမ်းအင်ကိုအသုံးချနိုင်ရင် ကုန်ကျစရိတ်တွေသက်သာသွားမယ့်အပြင် ရန်သူ့ရဲ့ဖြတ်တောက်မှုကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး။ ဒုတိယအနေနဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်ပြီး ကမ္ဘာ့ကျန်းမာရေးစံနှုန်းတွေနဲ့လည်း ကိုက်ညီမှုရှိစေမှာပါ။

တစ်ကမ္ဘာလုံးဆိုင်ရာ အမြင်နဲ့ကြည့်မယ်ဆိုရင်လည်း အခုလိုအိန္ဒိယတပ်မတော်ရဲ့ ဆောင်ရွက်ချက်ဟာ ကမ္ဘာ့စံနမူနာကောင်းတွေကို လိုက်နာကျင့်သုံးခြင်းလည်းဖြစ်ပါတယ်။ တပ်မတော်တစ်ရပ်ရဲ့ စွမ်းဆောင်ရည်ကို မထိခိုက်စေဘဲ ပိုမိုခိုင်မာတဲ့ စွမ်းအင်စနစ်ကို တည်ဆောက်နိုင်ခြင်းဟာ အာရှဒေသတွင်းက တခြားနိုင်ငံတွေအတွက်လည်း အတုယူစရာဖြစ်လာမှာပါ။ စစ်မြေပြင်မှာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေဟာ ရန်သူ့ရဲ့အဓိကပစ်မှတ်ဖြစ်လေ့ရှိပါတယ်။ စက်သုံးဆီယာဉ်တန်းတွေအပေါ် မှီခိုနေရမယ့်အစား ကိုယ့်စခန်းမှာတင် ကိုယ်ပိုင်ဇီဝဓာတ်ငွေ့နဲ့ နေရောင်ခြည်စွမ်းအင်ထုတ်ယူသုံးစွဲနိုင်ခြင်းက ဗျူဟာမြောက် အားသာချက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုးအပြောင်းအလဲဟာ ရေတိုမှာ ငွေကုန်ကြေးကျများနိုင်တယ်လို့ထင်ရပေမယ့် ရေရှည်မှာ တပ်မတော်အတွက်သာမက နိုင်ငံတော်အတွက်ပါ မဟာဗျူဟာမြောက် အောင်မြင်မှုတွေကို ယူဆောင်ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီလိုမျိုးအစိမ်းရောင်စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်လာတာဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းစက်မှုလုပ်ငန်းတွေကိုလည်းအားကောင်းစေပါတယ်။ တပ်မတော်အတွက်လိုအပ်တဲ့ ဆိုလာပြားတွေ၊ ဇီဝဓာတ်ငွေ့စနစ်တွေနဲ့ စွမ်းအင်သိုလှောင်တဲ့ဘက်ထရီတွေကို    ပြည်တွင်းမှာပဲ ထုတ်လုပ်လာနိုင်တဲ့အခါ “အိန္ဒိယပြည်တွင်ပြုလုပ်သည် ဆိုတဲ့မူဝါဒကိုလည်း အထောက်အကူပြုရာရောက်ပါတယ်။ စွမ်းအင်ဆိုတာ ဒီနေ့ခေတ်စစ်ပွဲမှာ လက်နက်ခဲယမ်းတွေလိုပဲ အရေးကြီးတဲ့အရာတစ်ခုဖြစ်လာပါတယ်။ တပ်မတော်တစ်ရပ်က စွမ်းအင်ရရှိရေးအတွက် တခြားသူအပေါ် မှီခိုနေရသရွေ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေက လွတ်လပ်မှုရှိမှာ မဟုတ်ပါဘူး။ အခုလို အိန္ဒိယတပ်မတော်ကဦးဆောင်ပြီး စွမ်းအင်အပြောင်းအလဲကို ဖော်ဆောင်နေတာဟာ တခြားသော အစိုးရဌာနတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေအတွက်ပါ စံနမူနာကောင်းတစ်ခု ဖြစ်နေပါတယ်။

စစ်မှန်တဲ့ စွမ်းအင်ဖူလုံရေးဆိုတာ ရေနံတွင်းတွေ အများကြီးပိုင်တာကို မဆိုလိုပါဘူး။ ရရှိနိုင်တဲ့အရင်းအမြစ်တွေကို အထိရောက်ဆုံးသောနည်းလမ်းတွေနဲ့ အသုံးချနိုင်တာကိုဆိုလိုတာပါ။ အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင်အကျပ်အတည်းဟာ အိန္ဒိယတပ်မတော်ကို ပိုမိုခေတ်မီပြီး ပိုမိုကြံ့ခိုင်တဲ့အနာဂတ်ဆီကို တွန်းပို့ပေးလိုက်သလို ဖြစ်နေပါတယ်။ စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်စွမ်းဟာ စွမ်းရည်ထက်မြက်တဲ့ တပ်မတော်တစ်ရပ်ရဲ့လက္ခဏာ

ဖြစ်ပါတယ်။ အိန္ဒိယတပ်မတော်ရဲ့ အစိမ်းရောင်စွမ်းအင်နဲ့ လျှောက်လှမ်းမယ့်ခြေလှမ်းတွေဟာ အာရှတိုက်ရဲ့ စွမ်းအင်ဖူလုံရေးသမိုင်းစာ မျက်နှာသစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေမှာအမှန်ပဲ ဖြစ်ပါတယ်။

Ref: SCMP

MWD

ထက်မြက်

KF-21 Boramae နှင့် ကမ္ဘာ့လေကြောင်းအင်အားကြီးနိုင်ငံများကြားမှ စိန်ခေါ်မှုများ
-
တောင်ကိုရီးယားနိုင်ငံ၏ ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်ထားသော KF-21 Boramae တိုက်လေယာဉ်သည် ယခုအခါ ရှေ့ပြေးပုံစံအဆင့်မှ အချောသတ်ထုတ်လုပ်ရေးအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ ယင်းသည် တောင်ကိုရီးယားအတွက် ကမ္ဘာ့လေကြောင်းအဆင့်မြင့်နည်းပညာ ပိုင်ဆိုင်သည့် နိုင်ငံများထဲတွင် ရှစ်နိုင်ငံမြောက်အဖြစ် ပါဝင်လာစေသည့် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်သည်။ စီမံကိန်းကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် လက်တွေ့အကောင်အထည်ဖော်နိုင်သည့်အဆင့်သို့ ရောက်ရှိလာခဲ့သဖြင့် ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကြိုးပမ်းအားထုတ်မှု၏ ရလဒ်ကို ထင်ဟပ်စေသည်။သို့သော်လည်း KF-21 Boramae သည် အမေရိကန်၊ တရုတ်နှင့် ဥရောပထုတ် ထိပ်တန်းတိုက်လေယာဉ်များနှင့် ယှဉ်ပြိုင်နိုင်မည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်နေသည်။ ကျွမ်းကျင်ပညာရှင်များ၏ အမြင်အရ ယင်းလေယာဉ်သည် ဈေးကွက်သို့ နောက်ကျမှ ဝင်ရောက်လာခြင်းနှင့် ပြိုင်ဘက်များ၏ အရေအတွက်များပြားခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် အပြိုင်အဆိုင် ယှဉ်ပြိုင်နိုင်ရန် အချိန်နှင့် ကြိုးပမ်းအားထုတ်မှုများ ထပ်မံလိုအပ်နေသေးကြောင်း သုံးသပ်ကြသည်။တောင်ကိုရီးယား၏ အဓိကအားသာချက်များမှာ ဈေးနှုန်းသက်သာခြင်း၊ အရည်အသွေးယုံကြည်စိတ်ချရခြင်း၊ အချိန်မီပို့ဆောင်နိုင်ခြင်းနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများ ပိုမိုပေးနိုင်ခြင်းတို့ဖြစ်သည်။ သို့ရာတွင် တိုက်လေယာဉ်ဝယ်ယူရာတွင် နည်းပညာတစ်ခုတည်းသာမက နိုင်ငံရေးအနေအထား၊ မဟာမိတ်ဆက်ဆံရေးနှင့် အပိုပစ္စည်းထောက်ပံ့နိုင်မှုတို့လည်း အရေးပါသည်။ ထို့ကြောင့် KF-21 အနေဖြင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် ဈေးကွက်ဗျူဟာများနှင့် ရေရှည်ထောက်ပံ့ရေးအာမခံချက်များကို ခိုင်မာစွာ တည်ဆောက်ရန် လိုအပ်နေသည်။လက်ရှိထုတ်လုပ်နေသည့် Block I အမျိုးအစားသည် လေကြောင်းအသာစီးရယူရေးကို အဓိကရည်ရွယ်ထားပြီး Meteor ကဲ့သို့ မြင်ကွင်းလွန်ပစ်ခတ်နိုင်သော ဒုံးကျည်များနှင့် IRIS-T ကဲ့သို့ တာတိုပစ်ဒုံးကျည်များကို တပ်ဆင်ထားသည်။ ထို့အပြင် AESA (Active Electronically Scanned Array) ရေဒါစနစ်အသုံးပြုထားခြင်းကြောင့် ပစ်မှတ်အများအပြားကို တစ်ပြိုင်နက် ထောက်လှမ်းနိုင်ပြီး ခေတ်သစ်စစ်ဆင်ရေးများတွင် ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ မြေပြင်နှင့် ရေပြင်တိုက်ခိုက်ရေးစွမ်းရည်များ ပါဝင်လာမည့် Block II အဆင့် ပြီးမြောက်ပြီးမှသာ လေယာဉ်၏ စွမ်းဆောင်ရည်ကို အပြည့်အဝ အကဲဖြတ်နိုင်မည်ဖြစ်သည်။နည်းပညာပိုင်းအရ KF-21 ၏ ဒီဇိုင်းသည် ကိုယ်ပျောက်တိုက်လေယာဉ်များ၏ လက္ခဏာအချို့ ပါဝင်သော်လည်း လက်နက်များကို အပြင်ဘက်တွင် တပ်ဆင်ထားရဆဲဖြစ်သည်။ ယင်းသည် စတုတ္ထနှင့် ပဉ္စမမျိုးဆက် တိုက်လေယာဉ်များအကြား အလယ်အလတ်အဆင့်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ထို့အပြင် လူပါတိုက်လေယာဉ်နှင့် ဒရုန်းများ ပူးပေါင်းစစ်ဆင်နိုင်သော MUM-T စနစ်ကို ထည့်သွင်းနိုင်ရန် ကြိုးပမ်းနေပြီး ယင်းနည်းပညာသည် အနာဂတ်စစ်ဆင်ရေးများတွင် အရေးပါလာမည်ဖြစ်သည်။မဟာဗျူဟာအရ KF-21 သည် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် ဒရုန်းခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန်နှင့် ဒေသတွင်း လေကြောင်းအင်အားညှိနှိုင်းမှုကို ထိန်းညှိနိုင်ရန် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် Kill Chain ဟုခေါ်သော ကြိုတင်သိရှိတိုက်ခိုက်နိုင်သည့် စစ်ဗျူဟာတွင်လည်း အရေးပါစွာ ပါဝင်လာမည်ဖြစ်သည်။သို့ရာတွင် စီမံကိန်းအတွက် အင်ဒိုနီးရှားနိုင်ငံနှင့် ငွေကြေးပူးပေါင်းမှုတွင် အခက်အခဲများ ရှိနေပြီး ယင်းကြောင့် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးသည် တောင်ကိုရီးယားဘက်သို့ ပိုမိုကျရောက်နေသည်။ ထို့ကြောင့် လေယာဉ်တစ်စင်းလျှင် ကုန်ကျစရိတ် မြင့်တက်နိုင်ခြေရှိသည်။ထို့အပြင် စစ်မြေပြင်တွင် လက်တွေ့အသုံးပြုမှုမှတ်တမ်း မရှိသေးခြင်းသည်လည်း နိုင်ငံတကာဈေးကွက်တွင် အားနည်းချက်တစ်ခုဖြစ်နေသည်။ သို့သော် ၂၀၃၀ ပြည့်နှစ်များတွင် ကိုယ်ပျောက်နည်းပညာ အပြည့်အဝပါဝင်မည့် Block III အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ပါက KF-21 သည် ကမ္ဘာ့ထိပ်တန်း တိုက်လေယာဉ်များနှင့် တိုက်ရိုက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ယေဘုယျအားဖြင့် KF-21 Boramae သည် တောင်ကိုရီးယား၏ လေကြောင်းကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်သည့် အရေးပါသော စီမံကိန်းတစ်ခုဖြစ်ပြီး နည်းပညာ၊ မဟာမိတ်ဆက်ဆံရေးနှင့် ဈေးကွက်ဗျူဟာများကို အောင်မြင်စွာ ပေါင်းစပ်နိုင်ပါက ကမ္ဘာ့လေကြောင်းလောကတွင် ထင်ရှားသော အခန်းကဏ္ဍတစ်ခုကို ရယူနိုင်မည်ဖြစ်သည်။Ref: SCMPMWD

တောင်ကိုရီးယားနိုင်ငံ၏ ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်ထားသော KF-21 Boramae တိုက်လေယာဉ်သည် ယခုအခါ ရှေ့ပြေးပုံစံအဆင့်မှ အချောသတ်ထုတ်လုပ်ရေးအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ ယင်းသည် တောင်ကိုရီးယားအတွက် ကမ္ဘာ့လေကြောင်းအဆင့်မြင့်နည်းပညာ ပိုင်ဆိုင်သည့် နိုင်ငံများထဲတွင် ရှစ်နိုင်ငံမြောက်အဖြစ် ပါဝင်လာစေသည့် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်သည်။ စီမံကိန်းကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် လက်တွေ့အကောင်အထည်ဖော်နိုင်သည့်အဆင့်သို့ ရောက်ရှိလာခဲ့သဖြင့် ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကြိုးပမ်းအားထုတ်မှု၏ ရလဒ်ကို ထင်ဟပ်စေသည်။

သို့သော်လည်း KF-21 Boramae သည် အမေရိကန်၊ တရုတ်နှင့် ဥရောပထုတ် ထိပ်တန်းတိုက်လေယာဉ်များနှင့် ယှဉ်ပြိုင်နိုင်မည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်နေသည်။ ကျွမ်းကျင်ပညာရှင်များ၏ အမြင်အရ ယင်းလေယာဉ်သည် ဈေးကွက်သို့ နောက်ကျမှ ဝင်ရောက်လာခြင်းနှင့် ပြိုင်ဘက်များ၏ အရေအတွက်များပြားခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် အပြိုင်အဆိုင် ယှဉ်ပြိုင်နိုင်ရန် အချိန်နှင့် ကြိုးပမ်းအားထုတ်မှုများ ထပ်မံလိုအပ်နေသေးကြောင်း သုံးသပ်ကြသည်။

တောင်ကိုရီးယား၏ အဓိကအားသာချက်များမှာ ဈေးနှုန်းသက်သာခြင်း၊ အရည်အသွေးယုံကြည်စိတ်ချရခြင်း၊ အချိန်မီပို့ဆောင်နိုင်ခြင်းနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများ ပိုမိုပေးနိုင်ခြင်းတို့ဖြစ်သည်။ သို့ရာတွင် တိုက်လေယာဉ်ဝယ်ယူရာတွင် နည်းပညာတစ်ခုတည်းသာမက နိုင်ငံရေးအနေအထား၊ မဟာမိတ်ဆက်ဆံရေးနှင့် အပိုပစ္စည်းထောက်ပံ့နိုင်မှုတို့လည်း အရေးပါသည်။ ထို့ကြောင့် KF-21 အနေဖြင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် ဈေးကွက်ဗျူဟာများနှင့် ရေရှည်ထောက်ပံ့ရေးအာမခံချက်များကို ခိုင်မာစွာ တည်ဆောက်ရန် လိုအပ်နေသည်။

လက်ရှိထုတ်လုပ်နေသည့် Block I အမျိုးအစားသည် လေကြောင်းအသာစီးရယူရေးကို အဓိကရည်ရွယ်ထားပြီး Meteor ကဲ့သို့ မြင်ကွင်းလွန်ပစ်ခတ်နိုင်သော ဒုံးကျည်များနှင့် IRIS-T ကဲ့သို့ တာတိုပစ်ဒုံးကျည်များကို တပ်ဆင်ထားသည်။ ထို့အပြင် AESA (Active Electronically Scanned Array) ရေဒါစနစ်အသုံးပြုထားခြင်းကြောင့် ပစ်မှတ်အများအပြားကို တစ်ပြိုင်နက် ထောက်လှမ်းနိုင်ပြီး ခေတ်သစ်စစ်ဆင်ရေးများတွင် ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ မြေပြင်နှင့် ရေပြင်တိုက်ခိုက်ရေးစွမ်းရည်များ ပါဝင်လာမည့် Block II အဆင့် ပြီးမြောက်ပြီးမှသာ လေယာဉ်၏ စွမ်းဆောင်ရည်ကို အပြည့်အဝ အကဲဖြတ်နိုင်မည်ဖြစ်သည်။

နည်းပညာပိုင်းအရ KF-21 ၏ ဒီဇိုင်းသည် ကိုယ်ပျောက်တိုက်လေယာဉ်များ၏ လက္ခဏာအချို့ ပါဝင်သော်လည်း လက်နက်များကို အပြင်ဘက်တွင် တပ်ဆင်ထားရဆဲဖြစ်သည်။ ယင်းသည် စတုတ္ထနှင့် ပဉ္စမမျိုးဆက် တိုက်လေယာဉ်များအကြား အလယ်အလတ်အဆင့်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ထို့အပြင် လူပါတိုက်လေယာဉ်နှင့် ဒရုန်းများ ပူးပေါင်းစစ်ဆင်နိုင်သော MUM-T စနစ်ကို ထည့်သွင်းနိုင်ရန် ကြိုးပမ်းနေပြီး ယင်းနည်းပညာသည် အနာဂတ်စစ်ဆင်ရေးများတွင် အရေးပါလာမည်ဖြစ်သည်။

မဟာဗျူဟာအရ KF-21 သည် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် ဒရုန်းခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန်နှင့် ဒေသတွင်း လေကြောင်းအင်အားညှိနှိုင်းမှုကို ထိန်းညှိနိုင်ရန် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် Kill Chain ဟုခေါ်သော ကြိုတင်သိရှိတိုက်ခိုက်နိုင်သည့် စစ်ဗျူဟာတွင်လည်း အရေးပါစွာ ပါဝင်လာမည်ဖြစ်သည်။

သို့ရာတွင် စီမံကိန်းအတွက် အင်ဒိုနီးရှားနိုင်ငံနှင့် ငွေကြေးပူးပေါင်းမှုတွင် အခက်အခဲများ ရှိနေပြီး ယင်းကြောင့် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးသည် တောင်ကိုရီးယားဘက်သို့ ပိုမိုကျရောက်နေသည်။ ထို့ကြောင့် လေယာဉ်တစ်စင်းလျှင် ကုန်ကျစရိတ် မြင့်တက်နိုင်ခြေရှိသည်။

ထို့အပြင် စစ်မြေပြင်တွင် လက်တွေ့အသုံးပြုမှုမှတ်တမ်း မရှိသေးခြင်းသည်လည်း နိုင်ငံတကာဈေးကွက်တွင် အားနည်းချက်တစ်ခုဖြစ်နေသည်။ သို့သော် ၂၀၃၀ ပြည့်နှစ်များတွင် ကိုယ်ပျောက်နည်းပညာ အပြည့်အဝပါဝင်မည့် Block III အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ပါက KF-21 သည် ကမ္ဘာ့ထိပ်တန်း တိုက်လေယာဉ်များနှင့် တိုက်ရိုက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

ယေဘုယျအားဖြင့် KF-21 Boramae သည် တောင်ကိုရီးယား၏ လေကြောင်းကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်သည့် အရေးပါသော စီမံကိန်းတစ်ခုဖြစ်ပြီး နည်းပညာ၊ မဟာမိတ်ဆက်ဆံရေးနှင့် ဈေးကွက်ဗျူဟာများကို အောင်မြင်စွာ ပေါင်းစပ်နိုင်ပါက ကမ္ဘာ့လေကြောင်းလောကတွင် ထင်ရှားသော အခန်းကဏ္ဍတစ်ခုကို ရယူနိုင်မည်ဖြစ်သည်။

Ref: SCMP

MWD

ထက်မြတ်

ဉာဏ်ရည်တုလှိုင်းများ(၂)
-
ဉာဏ်ရည်တုနည်းပညာ၏ အတိတ်၊ ပစ္စုပ္ပန် အကျိုးသက်ရောက်မှုများကိုလေ့လာပြီး အနာဂတ်ဖြစ်နိုင်ခြေများကို ခန့်မှန်းဖို့ဆိုလျှင် လက်ရှိအခင်း အကျင်းများကို တတ်နိုင်သမျှ ရှုထောင့်စုံအောင် လေ့လာရှုမြင်ဖို့ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့်ဆောင်းပါးတွင် အေအိုင်လောက၏ အတွင်းလူများဖြစ်သော လီကိုင်ဖူးနှင့် ချန်ကျူဖန်းတို့၏ အေအိုင် ၂၀၄၁ စာအုပ်ထဲမှ ဉာဏ်ရည်တု နည်းပညာအကျိုးသက်ရောက်မှုများကို လှိုင်းများအဖြစ် ဖော်ပြမှုအား ကိုးကားခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်ထုတ် ထိုစာအုပ်တွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အထိ ဉာဏ်ရည်တုတိုးတက်လာသော လှိုင်း လေးခုကို ဖော်ပြထားသည်။ လက်ရှိ ကျွန်တော်တို့ရောက်နေသည်မှာ ဉာဏ်ရည်တု ပဉ္စမလှိုင်းဖြစ်သည့် ဂျင်နရေးတစ် အေအိုင်လှိုင်းထဲတွင်ဖြစ်သည်။ ရှေ့ဆက်ပြီး ပညာရှင်တို့ မျှော်မှန်းထားသည့်လှိုင်းမှာ အေဂျီအိုင်လှိုင်းဖြစ်သည်။ ဤနေရာတွင် အေအိုင်နှင့် အေဂျီအိုင် ဘယ်လိုကွာခြားလဲဆိုသည့် အခင်းအကျင်းကို ဉာဏ်ရည်တုနည်းပညာရှင်တစ်ယောက်လို မဟုတ်တောင် သာမန်အားဖြင့် ကွဲကွဲပြားပြား နားလည်ထားမှ အခင်းအကျင်း ဘယ်လိုကွာခြားလဲဆိုသည်ကို သိနိုင်မည်ဟု ထင်ပါသည်။ ထိုသို့မသိရှိပါက လှိုင်းတစ်ခုနှင့် တစ်ခုအကြား အဓိပ္ပာယ်ကွာခြားမှုကို နားလည်ရန်ခက်ခဲနိုင်သည်။အေအိုင်နှင့် အေဂျီအိုင် ဘယ်လိုကွာခြားသလဲ၊ အေဂျီအိုင်က ဘာတွေလုပ်နိုင်မယ်လို့ မျှော်လင့်ထားလဲဆိုသည့် မေးခွန်းများအတွက် ၂၀၂၄ ခုနှစ် စက်သင် ယူမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံတွင် မယ်ရာဒစ် ရင်ဂျယ် မောရစ္စ ဦးဆောင်သည့်အဖွဲ့က တင်ပြခဲ့သော Position: Levels of AGI for Operationalizing Progress on the Path to AGI စာတမ်း မှာ ကိုးကား၍ အကောင်းဆုံးဖြစ်မည်ဟု ထင်ပါသည်။ ခက်ခဲသော ပညာရပ်ဆိုင်ရာ စကားလုံးများကို ဖယ်ထားပြီး ‘အေဂျီအိုင်သို့ သွားရာလမ်းအဆင့်ဆင့်’ ဟု မှတ်လိုက်လျှင်ရပါသည်။ ထိုစာတမ်းတွင် အထွေထွေ ဉာဏ်ရည်တုနည်းပညာသဘောတရားကို အေအိုင်နည်းပညာအတွက် ရည်မှန်းချက်များ၊ အေအိုင်နည်းပညာ ကြိုတင်ဟောကိန်းများနှင့် အေအိုင်နည်းပညာ၏ အန္တရာယ်ဆိုသည့် အပိုင်း သုံးပိုင်းခွဲပြီး လေ့လာသုံးသပ်ထားသည်။ပထမဇယားတွင် အေအိုင်နှင့် အေဂျီအိုင်ကို ကော်လံနှစ်ခုခွဲပြီး အဆင့်လိုက်ခွဲခြားဖော်ပြထားသည်။ ဆိုလိုသည်မှာ အေအိုင်ကော်လံအောက်တွင် ဘောင်ကျဉ်းသော လုပ်ဆောင်ချက်များပါဝင်ပြီး အေဂျီအိုင်အောက်တွင် အထွေထွေသုံးဆန်သော လုပ်ဆောင်ချက်များ ပါဝင်သည်။ပထမဆုံးအဆင့်မှာ အဆင့် သုည။ အေအိုင် မဟုတ်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်အောက်တွင် ဂဏန်းပေါင်းစက်အဆင့်ဖြစ်သည်။ အထွေထွေ လုပ်ဆောင်ချက်အောက်တွင် အမေဇုန်က လက်ရှိသုံးနေသော အလိုအလျောက် ငွေရှင်းစက်များဖြစ်သည်။အဆင့်(၁)မှာ ပေါ်ဦးစအဆင့်။ အေအိုင်မဟုတ်။ ကျွမ်းကျင်မှုမရှိသော လူသားတစ်ယောက်၏ စွမ်းဆောင်ရည်ထက် သာလွန်သည့်အဆင့်ဖြစ်သည်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်များအောက်တွင် ရိုးရှင်းသောစည်းမျဉ်းအခြေပြုစနစ် များဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် ထွက်ပေါ်လာသည့် SHRDLU လို ကွန်ပျူတာထဲမှ ဘလောက်တုံး ပုံဆောင်လောကထဲတွင် သဘာဝ ဘာသာစကား လမ်းညွှန်ချက်များအတိုင်း လိုက်လုပ်နိုင်သော စနစ်မျိုးဖြစ်သည်။ GOFAI ဟု အတိုကောက်ခေါ်သော ရှေးရိုးစံထား အေအိုင်ကောင်းများ (good old-fashioned artificial intelligence) များ အားလုံး ပါဝင်သည်။ အထွေထွေခေါင်းစဉ်အောက်တွင်တော့ လက်ရှိ တွင်ကျယ်နေသည့် ချတ်ဂျီပီတီ၊ ဘာ့ဒ်၊ လာမာ-၂၊ ဂျမနိုင်း အစရှိသော ဂျင်နရေးတစ် အေအိုင်များ ပါဝင်သည်။အဆင့်(၂)မှာ သင့်တင့်သောအဆင့်။ အရွယ်ရောက်ပြီး ကျွမ်းကျင်လုပ်သားတစ်ယောက် လုပ်ဆောင်ရည်၏ ၅၀ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်းရှိသည့်အဆင့်ဖြစ်သည်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်များအောက်တွင် မြင်လွယ်သည့် ဥပမာများပေးရလျှင် အက်ပဲလ်၏ စီရီ၊ အမေဇုန်၏ အလက်ဇာ၊ ဂူးဂဲလ်၏ ဂူးဂဲလ်လက်ထောက်တို့လို ကျွန်တော်တို့နှင့် အကျွမ်းတဝင်ရှိနေပြီဖြစ်သည့် အေအိုင်နည်းပညာသုံး အက်ပ်များဖြစ်သည်။ အထွေထွေလုပ်ဆောင်ချက်အောက်တွင် ဘာမှမရှိသေး။အဆင့်(၃)မှာ ကျွမ်းကျင်သောအဆင့်။ အရွယ်ရောက်ပြီး ကျွမ်းကျင်လုပ်သားတစ်ယောက် လုပ်ဆောင်ရည်၏ ၉၀ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်းရှိသည့်အဆင့်ဖြစ်သည်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်အောက်တွင် ၂၀၂၃ ခုနှစ်ထုတ် Grammarly လိုမျိုး စာလုံးပေါင်းနှင့် သဒ္ဒါစစ်ပေးသည့် အေအိုင်များ၊ အင်မာဂျင်နှင့် ဒဲလ်-အီး(၂)တို့လို ဂျင်နရေးတစ် ပုံရိပ်အေအိုင်များပါဝင်သည်။ အထွေ ထွေလုပ်ဆောင်ချက်အောက်တွင် ဘာမှမရှိသေး။အဆင့်(၄)မှာ အထူးကျွမ်းကျင်အဆင့်။ အရွယ်ရောက်ပြီး ကျွမ်းကျင်လုပ်သားတစ်ယောက် လုပ်ဆောင်ရည်၏ ၉၉ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်းရှိသည့်အဆင့်ဖြစ်သည်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်အောက်တွင် ကက်စပါးရော့ကို အနိုင်ကစားခဲ့သည့် ဒိဘလူး၊ တရုတ်ကျား ဆရာတိုင်းကို အနိုင်ယူခဲ့သည့် အယ်လ်ဖာဂိုးတို့ပါဝင်သည်။ အထွေထွေလုပ်ဆောင်ချက်အောက်တွင် ဘာမှမရှိသေး။အဆင့်(၅)မှာ စူပါလူသားအဆင့်။ လူတစ်ယောက်လို ၁၀၀ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်းရှိသည်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်အောက်တွင် အယ်လ်ဖာဇီးရိုးတို့၊ အယ်လ်ဖာဖိုးလ်ဒ်တို့၊ ၂၀၂၃ ခုနှစ်ထွက် စတော့ဖစ်ရှ်တို့လို အေအိုင်များ ထည့်သွင်းနိုင်သည်။ အထွေထွေလုပ်ဆောင်ချက် အောက်တွင် ဘာမှမရှိသေး။ဆိုလိုသည်မှာ အေဂျီအိုင်နှင့်ပတ်သက်လျှင် ကျွန်တော်တို့ ရောက်နေသည့်ကာလသည် ပေါ်ဦးစ အဆင့်တွင်သာရှိသေးသည်။ သို့သော် ဂျင်နရေးတစ် အေအိုင်တို့၏အနာဂတ်သည် အေဂျီအိုင်၊ အေဂျီအိုင်၏ အခြေခံအုတ်မြစ်သည် ဂျင်နရေးတစ်အေအိုင်များဟုတော့ ပြောနိုင်နေပြီ။ စာတမ်းထဲမှ နောက်ထပ် ဇယားတစ်ခုမှာ ကိုယ်တိုင်လုပ်နိုင်စွမ်းအပေါ် မူတည်ပြီး ခွဲခြားပြထားသည့်ဇယားဖြစ်သည်။ ထိုဇယားအကြောင်းကိုတော့ နောက်တစ်ပတ်မှ ဆက်ပြောပါမည်။ရှေ့တွင်ဆိုခဲ့သလို ဉာဏ်ရည်တုနည်းပညာလမ်းကြောင်းကို ရည်မှန်းချက်၊ ဟောကိန်းနှင့် အန္တရာယ်ဟု သုံးပိုင်းခွဲ၍ လေ့လာရာတွင် အဓိက ဦးတည်သည်မှာ ထိန်းချုပ်နိုင်စွမ်းရှိဖို့ဖြစ်သည်။ သမိုင်းတစ်လျှောက် ကြီးမားသောနည်းပညာလှိုင်းများ အရှိန်ပြင်းပြင်း ပျံ့နှံ့ခဲ့သည်ကို တွေ့ခဲ့ကြရပြီး ဖြစ်သည်။ အကျိုးဆက်များကလည်း ကြီးမားသည်။ ကျောက်လက်နက်၊ မီး၊ ဘာသာစကား အစရှိသည့် အထွေထွေသုံးနည်းပညာတို့ကို တွေ့ရှိ ဖော်ထုတ်ပြီး အရှိန်အဟုန်ဖြင့်ပျံ့နှံ့မှုသည် လူသားတို့ကို အစာကွင်းဆက်ထိပ်ဆုံးအထိ ရောက်သွားစေသည်။ စက်မှုတော်လှန်ရေးခေတ် အထွေထွေသုံး နည်းပညာပေါ်ထွက်ပျံ့နှံ့မှုတို့သည် အင်ပါယာနိုင်ငံများနှင့် ကိုလိုနီနိုင်ငံများကို ဖြစ်လာစေသည်။ ဖြစ်စဉ်တိုင်းကိုကြည့်လျှင် ထိန်းချုပ်နိုင်သူက အသာရသည်ဟု အဓိပ္ပာယ်ထွက်သည်။ယခု ဉာဏ်ရည်တုနည်းပညာသည် အထွေထွေသုံးနည်းပညာအဆင့်သို့ မရောက်သေး။ ပျံ့နှံ့မှုနှုန်းမှာလည်း သမိုင်းကိုပြောင်းလဲခဲ့သော နည်းပညာ လှိုင်းများရရှိခဲ့သည့် အရှိန်အဟုန်နှင့်ယှဉ်လျှင် အားနည်းနေသေးသည်။ သို့သော် ယင်းမှာအခိုက် အတန့်မျှသာ။ လာမည့် ဆယ်စုနှစ် တစ်ခု၊ နှစ်ခု အတွင်းမှာပင် ထူးခြားသည့်ပြောင်းလဲမှုတို့ကို မြင်ရဖို့ရှိနေသည်ဟု ပညာရှင်များက ခန့်မှန်းထားကြသည်။ စိုးရိမ်စရာအကောင်းဆုံးကိစ္စတို့မှာ ဉာဏ်ရည်တုသည် တိုင်းပြည်နိုင်ငံများနှင့် ပြည်သူများကြားမှ ပါဝါလွန်ဆွဲပွဲဖြစ်နိုင်သလို တိုင်းပြည်နိုင်ငံတို့၏ အချုပ်အခြာအာဏာကို စစ်လက်နက်များမသုံးဘဲ ထိခိုက်စေခြင်းလည်းဖြစ်နိုင်သည်။ ထိုအကြောင်းများကို နောက်ပိုင်းတွင် လေ့လာမိသမျှ ဆက်လက်ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။MDN

ဉာဏ်ရည်တုနည်းပညာ၏ အတိတ်၊ ပစ္စုပ္ပန် အကျိုးသက်ရောက်မှုများကိုလေ့လာပြီး အနာဂတ်ဖြစ်နိုင်ခြေများကို ခန့်မှန်းဖို့ဆိုလျှင် လက်ရှိအခင်း အကျင်းများကို တတ်နိုင်သမျှ ရှုထောင့်စုံအောင် လေ့လာရှုမြင်ဖို့ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့်ဆောင်းပါးတွင်  အေအိုင်လောက၏ အတွင်းလူများဖြစ်သော လီကိုင်ဖူးနှင့် ချန်ကျူဖန်းတို့၏   အေအိုင် ၂၀၄၁ စာအုပ်ထဲမှ ဉာဏ်ရည်တု နည်းပညာအကျိုးသက်ရောက်မှုများကို လှိုင်းများအဖြစ် ဖော်ပြမှုအား ကိုးကားခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်ထုတ် ထိုစာအုပ်တွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အထိ ဉာဏ်ရည်တုတိုးတက်လာသော လှိုင်း လေးခုကို ဖော်ပြထားသည်။ လက်ရှိ ကျွန်တော်တို့ရောက်နေသည်မှာ   ဉာဏ်ရည်တု ပဉ္စမလှိုင်းဖြစ်သည့် ဂျင်နရေးတစ် အေအိုင်လှိုင်းထဲတွင်ဖြစ်သည်။ ရှေ့ဆက်ပြီး ပညာရှင်တို့ မျှော်မှန်းထားသည့်လှိုင်းမှာ အေဂျီအိုင်လှိုင်းဖြစ်သည်။ ဤနေရာတွင် အေအိုင်နှင့် အေဂျီအိုင် ဘယ်လိုကွာခြားလဲဆိုသည့် အခင်းအကျင်းကို ဉာဏ်ရည်တုနည်းပညာရှင်တစ်ယောက်လို မဟုတ်တောင် သာမန်အားဖြင့် ကွဲကွဲပြားပြား နားလည်ထားမှ အခင်းအကျင်း ဘယ်လိုကွာခြားလဲဆိုသည်ကို သိနိုင်မည်ဟု ထင်ပါသည်။ ထိုသို့မသိရှိပါက လှိုင်းတစ်ခုနှင့် တစ်ခုအကြား အဓိပ္ပာယ်ကွာခြားမှုကို နားလည်ရန်ခက်ခဲနိုင်သည်။

အေအိုင်နှင့် အေဂျီအိုင် ဘယ်လိုကွာခြားသလဲ၊ အေဂျီအိုင်က ဘာတွေလုပ်နိုင်မယ်လို့ မျှော်လင့်ထားလဲဆိုသည့် မေးခွန်းများအတွက် ၂၀၂၄ ခုနှစ် စက်သင် ယူမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံတွင် မယ်ရာဒစ် ရင်ဂျယ် မောရစ္စ ဦးဆောင်သည့်အဖွဲ့က တင်ပြခဲ့သော Position: Levels of AGI for Operationalizing Progress on the Path to AGI စာတမ်း မှာ ကိုးကား၍  အကောင်းဆုံးဖြစ်မည်ဟု ထင်ပါသည်။ ခက်ခဲသော ပညာရပ်ဆိုင်ရာ စကားလုံးများကို ဖယ်ထားပြီး ‘အေဂျီအိုင်သို့ သွားရာလမ်းအဆင့်ဆင့်’ ဟု  မှတ်လိုက်လျှင်ရပါသည်။  ထိုစာတမ်းတွင် အထွေထွေ ဉာဏ်ရည်တုနည်းပညာသဘောတရားကို အေအိုင်နည်းပညာအတွက် ရည်မှန်းချက်များ၊ အေအိုင်နည်းပညာ ကြိုတင်ဟောကိန်းများနှင့် အေအိုင်နည်းပညာ၏ အန္တရာယ်ဆိုသည့်  အပိုင်း သုံးပိုင်းခွဲပြီး လေ့လာသုံးသပ်ထားသည်။

ပထမဇယားတွင် အေအိုင်နှင့် အေဂျီအိုင်ကို ကော်လံနှစ်ခုခွဲပြီး အဆင့်လိုက်ခွဲခြားဖော်ပြထားသည်။ ဆိုလိုသည်မှာ အေအိုင်ကော်လံအောက်တွင် ဘောင်ကျဉ်းသော   လုပ်ဆောင်ချက်များပါဝင်ပြီး အေဂျီအိုင်အောက်တွင် အထွေထွေသုံးဆန်သော လုပ်ဆောင်ချက်များ ပါဝင်သည်။

ပထမဆုံးအဆင့်မှာ အဆင့် သုည။ အေအိုင် မဟုတ်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်အောက်တွင် ဂဏန်းပေါင်းစက်အဆင့်ဖြစ်သည်။ အထွေထွေ လုပ်ဆောင်ချက်အောက်တွင် အမေဇုန်က လက်ရှိသုံးနေသော အလိုအလျောက် ငွေရှင်းစက်များဖြစ်သည်။

အဆင့်(၁)မှာ ပေါ်ဦးစအဆင့်။ အေအိုင်မဟုတ်။ ကျွမ်းကျင်မှုမရှိသော လူသားတစ်ယောက်၏ စွမ်းဆောင်ရည်ထက် သာလွန်သည့်အဆင့်ဖြစ်သည်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်များအောက်တွင်  ရိုးရှင်းသောစည်းမျဉ်းအခြေပြုစနစ် များဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် ထွက်ပေါ်လာသည့် SHRDLU လို   ကွန်ပျူတာထဲမှ ဘလောက်တုံး ပုံဆောင်လောကထဲတွင် သဘာဝ ဘာသာစကား လမ်းညွှန်ချက်များအတိုင်း  လိုက်လုပ်နိုင်သော စနစ်မျိုးဖြစ်သည်။ GOFAI ဟု အတိုကောက်ခေါ်သော ရှေးရိုးစံထား အေအိုင်ကောင်းများ (good old-fashioned artificial intelligence) များ အားလုံး ပါဝင်သည်။  အထွေထွေခေါင်းစဉ်အောက်တွင်တော့ လက်ရှိ တွင်ကျယ်နေသည့်   ချတ်ဂျီပီတီ၊ ဘာ့ဒ်၊ လာမာ-၂၊ ဂျမနိုင်း    အစရှိသော ဂျင်နရေးတစ် အေအိုင်များ ပါဝင်သည်။

အဆင့်(၂)မှာ သင့်တင့်သောအဆင့်။  အရွယ်ရောက်ပြီး  ကျွမ်းကျင်လုပ်သားတစ်ယောက် လုပ်ဆောင်ရည်၏ ၅၀ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်းရှိသည့်အဆင့်ဖြစ်သည်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်များအောက်တွင်  မြင်လွယ်သည့် ဥပမာများပေးရလျှင် အက်ပဲလ်၏ စီရီ၊ အမေဇုန်၏ အလက်ဇာ၊ ဂူးဂဲလ်၏ ဂူးဂဲလ်လက်ထောက်တို့လို ကျွန်တော်တို့နှင့် အကျွမ်းတဝင်ရှိနေပြီဖြစ်သည့် အေအိုင်နည်းပညာသုံး အက်ပ်များဖြစ်သည်။ အထွေထွေလုပ်ဆောင်ချက်အောက်တွင် ဘာမှမရှိသေး။

အဆင့်(၃)မှာ ကျွမ်းကျင်သောအဆင့်။ အရွယ်ရောက်ပြီး  ကျွမ်းကျင်လုပ်သားတစ်ယောက် လုပ်ဆောင်ရည်၏ ၉၀ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်းရှိသည့်အဆင့်ဖြစ်သည်။  ဘောင်ကျဉ်းသော လုပ်ဆောင်ချက်အောက်တွင်   ၂၀၂၃ ခုနှစ်ထုတ် Grammarly လိုမျိုး စာလုံးပေါင်းနှင့် သဒ္ဒါစစ်ပေးသည့် အေအိုင်များ၊ အင်မာဂျင်နှင့် ဒဲလ်-အီး(၂)တို့လို ဂျင်နရေးတစ် ပုံရိပ်အေအိုင်များပါဝင်သည်။ အထွေ ထွေလုပ်ဆောင်ချက်အောက်တွင် ဘာမှမရှိသေး။

အဆင့်(၄)မှာ အထူးကျွမ်းကျင်အဆင့်။ အရွယ်ရောက်ပြီး   ကျွမ်းကျင်လုပ်သားတစ်ယောက် လုပ်ဆောင်ရည်၏ ၉၉ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်းရှိသည့်အဆင့်ဖြစ်သည်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်အောက်တွင်   ကက်စပါးရော့ကို  အနိုင်ကစားခဲ့သည့် ဒိဘလူး၊ တရုတ်ကျား ဆရာတိုင်းကို   အနိုင်ယူခဲ့သည့်   အယ်လ်ဖာဂိုးတို့ပါဝင်သည်။  အထွေထွေလုပ်ဆောင်ချက်အောက်တွင် ဘာမှမရှိသေး။

အဆင့်(၅)မှာ   စူပါလူသားအဆင့်။ လူတစ်ယောက်လို ၁၀၀ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်းရှိသည်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်အောက်တွင်   အယ်လ်ဖာဇီးရိုးတို့၊   အယ်လ်ဖာဖိုးလ်ဒ်တို့၊ ၂၀၂၃ ခုနှစ်ထွက် စတော့ဖစ်ရှ်တို့လို အေအိုင်များ ထည့်သွင်းနိုင်သည်။ အထွေထွေလုပ်ဆောင်ချက် အောက်တွင် ဘာမှမရှိသေး။

ဆိုလိုသည်မှာ   အေဂျီအိုင်နှင့်ပတ်သက်လျှင် ကျွန်တော်တို့ ရောက်နေသည့်ကာလသည် ပေါ်ဦးစ အဆင့်တွင်သာရှိသေးသည်။ သို့သော် ဂျင်နရေးတစ် အေအိုင်တို့၏အနာဂတ်သည် အေဂျီအိုင်၊ အေဂျီအိုင်၏ အခြေခံအုတ်မြစ်သည် ဂျင်နရေးတစ်အေအိုင်များဟုတော့ ပြောနိုင်နေပြီ။ စာတမ်းထဲမှ နောက်ထပ် ဇယားတစ်ခုမှာ ကိုယ်တိုင်လုပ်နိုင်စွမ်းအပေါ် မူတည်ပြီး  ခွဲခြားပြထားသည့်ဇယားဖြစ်သည်။ ထိုဇယားအကြောင်းကိုတော့ နောက်တစ်ပတ်မှ ဆက်ပြောပါမည်။

ရှေ့တွင်ဆိုခဲ့သလို ဉာဏ်ရည်တုနည်းပညာလမ်းကြောင်းကို   ရည်မှန်းချက်၊  ဟောကိန်းနှင့် အန္တရာယ်ဟု သုံးပိုင်းခွဲ၍ လေ့လာရာတွင် အဓိက ဦးတည်သည်မှာ ထိန်းချုပ်နိုင်စွမ်းရှိဖို့ဖြစ်သည်။ သမိုင်းတစ်လျှောက် ကြီးမားသောနည်းပညာလှိုင်းများ  အရှိန်ပြင်းပြင်း ပျံ့နှံ့ခဲ့သည်ကို တွေ့ခဲ့ကြရပြီး ဖြစ်သည်။   အကျိုးဆက်များကလည်း   ကြီးမားသည်။ ကျောက်လက်နက်၊ မီး၊ ဘာသာစကား အစရှိသည့် အထွေထွေသုံးနည်းပညာတို့ကို    တွေ့ရှိ ဖော်ထုတ်ပြီး အရှိန်အဟုန်ဖြင့်ပျံ့နှံ့မှုသည် လူသားတို့ကို အစာကွင်းဆက်ထိပ်ဆုံးအထိ ရောက်သွားစေသည်။ စက်မှုတော်လှန်ရေးခေတ် အထွေထွေသုံး နည်းပညာပေါ်ထွက်ပျံ့နှံ့မှုတို့သည် အင်ပါယာနိုင်ငံများနှင့်  ကိုလိုနီနိုင်ငံများကို   ဖြစ်လာစေသည်။ ဖြစ်စဉ်တိုင်းကိုကြည့်လျှင် ထိန်းချုပ်နိုင်သူက အသာရသည်ဟု အဓိပ္ပာယ်ထွက်သည်။

ယခု ဉာဏ်ရည်တုနည်းပညာသည် အထွေထွေသုံးနည်းပညာအဆင့်သို့ မရောက်သေး။ ပျံ့နှံ့မှုနှုန်းမှာလည်း   သမိုင်းကိုပြောင်းလဲခဲ့သော နည်းပညာ လှိုင်းများရရှိခဲ့သည့်    အရှိန်အဟုန်နှင့်ယှဉ်လျှင် အားနည်းနေသေးသည်။ သို့သော် ယင်းမှာအခိုက် အတန့်မျှသာ။   လာမည့်  ဆယ်စုနှစ် တစ်ခု၊ နှစ်ခု အတွင်းမှာပင်  ထူးခြားသည့်ပြောင်းလဲမှုတို့ကို မြင်ရဖို့ရှိနေသည်ဟု ပညာရှင်များက ခန့်မှန်းထားကြသည်။ စိုးရိမ်စရာအကောင်းဆုံးကိစ္စတို့မှာ ဉာဏ်ရည်တုသည်      တိုင်းပြည်နိုင်ငံများနှင့် ပြည်သူများကြားမှ    ပါဝါလွန်ဆွဲပွဲဖြစ်နိုင်သလို တိုင်းပြည်နိုင်ငံတို့၏ အချုပ်အခြာအာဏာကို စစ်လက်နက်များမသုံးဘဲ ထိခိုက်စေခြင်းလည်းဖြစ်နိုင်သည်။ ထိုအကြောင်းများကို နောက်ပိုင်းတွင် လေ့လာမိသမျှ  ဆက်လက်ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။

သီးနှံများတွင် ဓာတ်မြေဩဇာအသုံးပြုမှု အစားထိုးနည်းပညာများ
-
တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာ အစားထိုးသုံးစွဲမှုနည်းပညာများစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် ဇီဝ မြေဩဇာများ အသုံးပြုခြင်းအကြောင်းကို ရေးသားဆွေးနွေးလိုပါသည်။အဏုဇီဝမြေသြဇာများအကြောင်းယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုမြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဂေဟစနစ်နှင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများသည် ရေရှည်တွင် မတည်တံ့နိုင်တော့ သည့် စိုက်ပျိုးမွေးမြူရေးအခြေအနေသို့ ရောက်ရှိ လာပါသည်။ ယခုဓာတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်မှုကြောင့် ယင်းတို့ကို အသုံးလျှော့ပြီး သီးနှံပင်များ အထွက်မလျော့စေရေး အခြားနည်းလမ်း များကို ပြောင်းလဲအသုံးပြုရန် လိုအပ်လာပါသည်။ဇီဝမြေသြဇာဆိုသည်မှာ အကျိုးပြုအဏုဇီဝ ပိုးများ ပါဝင်သော သဘာဝပစ္စည်းများဖြစ်ပြီး မြေဆီလွှာ၏ သဘာဝဖြစ်စဉ်များကို ပြန်လည် ကောင်းမွန်စေကာ သီးနှံအထွက်နှုန်းကို မြှင့်တင် ပေးနိုင်သည့် အဓိက ဖြေရှင်းချက်တစ်ခု ဖြစ်လာပါ သည်။ ဤဇီဝမြေသြဇာများသည် လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးခြင်း၊ မြေကြီးအတွင်းရှိ မပျော်ဝင်နိုင်သော အာဟာရဓာတ်များကို ပျော်ဝင် စေခြင်း၊ ဖော့စဖော့ရပ်ဓာတ်များ စုပ်ယူပေးနိုင်ခြင်း၊ အပင်များ၏ ရောဂါဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ကို မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင် ပါသည်။ဇီဝမြေသြဇာများ၏ အမျိုးအစားနှင့် လုပ်ဆောင်ချက်များဇီဝမြေသြဇာများကို ယင်းတို့ လုပ်ဆောင်ပေးသော အဓိကအာဟာရဓာတ်အလိုက် ခွဲခြားနိုင်ပါသည်။ အဓိကအားဖြင့် ဗက်တီးရီးယားများ၊ မှိုများ၊ ရေမှော်များနှင့် အက်တီးနိုမိုင်ဆီးတီးစ် (Actino-mycetes) များ ပါဝင်တတ်ကြပါသည်။အဆိုပါ အဏုဇီဝပိုးများသည် အမြစ်ဝန်းကျင် မြေလွှာအတွင်း အဓိက လှုပ်ရှားကြပြီး မြေဆီလွှာ၏ တည်ဆောက်ပုံနှင့် ရေထိန်းသိမ်းနိုင်စွမ်းကိုလည်း ကောင်းမွန်စေပါသည်။ရိုင်ဇိုဘီယမ် (Rhizobium) နှင့်ပဲမျိုးရင်းဝင်အပင်များ၏ အပြန်အလှန်အကျိုးပြုပုံရိုင်ဇိုဘီယမ်နှင့် ပဲမျိုးရင်းဝင်အပင်များ၏ ဆက်နွှယ်မှုသည် ကမ္ဘာ့နိုက်ထရိုဂျင် သံသရာ (World Nitrogen Cycle)တွင် အလွန်အရေးကြီးပြီး တစ်နှစ်လျှင် နိုက်ထရိုဂျင် တန်ချိန် သန်း ၂၀၀ ခန့်ကို ဇီဝနည်းဖြင့် ဖမ်းယူပေးနေပါသည်။ ဥပမာ - ပဲပုပ်၊ မြေပဲနှင့် ကုလားပဲ၊ ပဲတီစိမ်း၊ စားကျက်ပဲမျိုး များ စသည့် ပဲမျိုးရင်းအပင်များသည် တစ်ဟက်တာ လျှင် လေထဲမှ နိုက်ထရိုဂျင် ၂၀၀ မှ ၃၀၀ ကီလို ဂရမ်အထိ ဖမ်းယူနိုင်စွမ်းရှိကြပါသည်။အမြစ်ဖုဖြစ်ပေါ်မှုနှင့် အချက်ပြစနစ်အမြစ်ဖုဖြစ်ပေါ်ရေးအတွက် အပင်နှင့် ဗက်တီး ရီးယားကြားတွင် ရှုပ်ထွေးသော မော်လီကျူးအဆင့် ဆက်သွယ်မှုတစ်ခု လိုအပ်ပါသည်။ နိုက်ထရိုဂျင် နည်းပါးချိန်တွင် အပင်က ဖလေဗိုလ်နိုက် (Flavo-noids) ဒြပ်ပေါင်းများကို ထုတ်လွှတ်ပြီး ရိုင်ဇိုဘီယမ် ပိုးများကို ဆွဲဆောင်ပါသည်။ ထိုအခါ ဗက်တီး ရီးယားက နော့ဖြစ်စဉ်အကြောင်းရင်း (Nodfactors) ဟု ခေါ်သော အချက်ပြမော်လီကျူးများကို ပြန်လည် ထုတ်လွှတ်ပြီး အပင်၏အမြစ်ကို ဝင်ရောက်ကာ အမြစ်ဖုများ စတင်တည်ဆောက်ပါသည်။ရိုင်ဇိုဘီယမ်မျိုးစိတ်များ (Rhizobium species) နှင့် ၎င်းတို့နှင့် သက်ဆိုင်သော ပဲမျိုးများ (Legumes)ရိုင်ဇိုဘီယမ်မျိုးစိတ်များသည် စိုက်ပျိုးရေး တွင် အရေးကြီးသော ပဲမျိုးတစ်မျိုးချင်းနှင့် သီးသန့် သဟဇာတဆက်နွှယ်မှုကို လေ့လာနိုင်ပါသည်။ဇီဝမြေဩဇာများ အသုံးပြုမှုဆိုင်ရာစိန်ခေါ်မှုများနှင့် အားနည်းချက်၊ အကန့်အသတ်များ၁။ သက်တမ်းတိုခြင်းနှင့် အသက်ရှင်နိုင်မှုလျော့နည်းခြင်းဇီဝမြေဩဇာများသည် အသက်ရှင်သော မိုက်ခရိုတ်များ၊ သေးငယ်သော အဏုဇီဝ သက်ရှိများ (Living Microbial Organisms) ပါဝင်သောကြောင့် လွယ်ကူစွာသေဆုံးနိုင်ပါသည်။အပူချိန်မြင့်ခြင်း၊ နေရောင်တိုက်ရိုက်ထိခြင်း၊ စိုထိုင်းဆမြင့်ခြင်းတို့ကြောင့် မိုက်ခရိုတ်များ သေဆုံး နိုင်သည်။ အသုံးမပြုမီတိုင်အောင်ပင် အာနိသင် လျော့နည်းသွားနိုင်သည်။ ရေခဲသေတ္တာ သို့မဟုတ် အေးမြသောနေရာများ မရှိခြင်းကြောင့် သိမ်းဆည်း မှု မကောင်းခြင်း ဖြစ်လေ့ရှိသည်။ (မြန်မာနိုင်ငံရှိတောင်သူဦးကြီးများ၊ ကျေးလက်ဒေသများအတွက် အဓိကပြဿနာဖြစ်နိုင်ပါသည်။)အကျိုးဆက်။ လယ်သမားများ အသုံးပြုသော်လည်း အကျိုးသက်ရောက်မှု မမြင်ရခြင်း၊ အထွက်တိုးမလာခြင်းဖြစ်ပေါ်နိုင်ပါသည်။၂။ ပြင်ပပတ်ဝန်းကျင် အခြေအနေများကြောင့် ထိခိုက်လွယ်ခြင်းအဏုဇီဝသက်ရှိများသည် မြေဆီလွှာနှင့် ပတ်ဝန်းကျင်အခြေအနေများအပေါ် အလွန်ထိခိုက် လွယ်ပါသည်။မြေချဉ်ငန်ဓာတ် ( pH) (အက်စစ်/အာလကလီ များလွန်းခြင်း)၊ ရေဓာတ် (ခြောက်သွေ့လွန်းခြင်းသို့မဟုတ် ရေများလွန်းခြင်း)၊ အပူချိန်မြင့်/နိမ့်ခြင်း၊ ဆားဓာတ်များခြင်း။အကျိုးဆက်။ အရည်အသွေးကောင်းသော ဇီဝ မြေဩဇာများပင် မသင့်လျော်သော မြေများတွင် မအောင်မြင်နိုင်ခြင်း ဖြစ်နိုင်ပါသည်။၃။ မူလမြေကြီးအတွင်းရှိ အဏုဇီဝပိုးများနှင့် ယှဉ်ပြိုင်မှုအသစ်ထည့်သွင်းသော အဏုဇီဝပိုး၊ မိုက်ခရိုတ် များသည် မြေထဲရှိ မူလမိုက်ခရိုတ်များနှင့် ယှဉ်ပြိုင် ရသည်။ မူလ အဏုဇီဝပိုးများက ထိန်းချုပ်နိုင်ပါ သည်။ အကျိုးမရှိသော မျိုးကွဲများရှိနိုင်သည်။အကျိုးဆက်။ အသုံးပြုသော အဏုဇီဝပိုးများသည် အပင်အမြစ်တွင် မစွဲမြဲဘဲ လေထဲမှ နိုက်ထရိုဂျင် ဖမ်းယူမှု အားနည်းသွားနိုင်ခြင်း ဖြစ်နိုင်ပါသည်။ ၄။ တောင်သူလယ်သမားများ၏ နည်းပညာအပေါ် နားလည်မှုအားနည်းခြင်းတစ်ဧကလျှင် ဇီဝမြေဩဇာ အသုံးပြုရမည့် အရေအတွက်၊ ပမာဏနှုန်းထားများ မှားယွင်း တွက်ချက်မိခြင်း၊ မြေဩဇာအသုံးပြုချိန်မမှန်ခြင်း (ဥပမာ – နေရောင်ထဲတွင် အသုံးပြုခြင်း)၊ မြေဩဇာ များကို မျိုးစေ့လူးနယ်မှု နည်းစနစ်မမှန်ခြင်း၊ ဓာတု ပစ္စည်းများ၊ ဓာတုမြေဩဇာများနှင့် မသင့်လျော်စွာ ရောစပ်အသုံးပြုခြင်း။အကျိုးဆက်။ ဇီဝမြေဩဇာအကျိုးသက်ရောက်မှု လျော့နည်းခြင်း သို့မဟုတ် မအောင်မြင်ခြင်း ဖြစ်သွားနိုင်ပါသည်။၅။ ဓာတုဆေးပစ္စည်းများနှင့် မကိုက်ညီမှုပိုးသတ်ဆေး၊ မှိုသတ်ဆေးများသည် အကျိုးပြု အဏုဇီဝပိုး၊ မိုက်ခရိုတ်များကို သေစေနိုင်ပါသည်။ တောင်သူလယ်သမားများက တစ်ပြိုင်နက် ရောစပ်အသုံးပြုတတ်သည်။အကျိုးဆက်။ အကျိုးပြု အဏုဇီဝပိုးမိုက်ခရိုတ်များ နိုက်ထရိုဂျင်၊ ဖော့စဖော့ရပ်တို့ ဖမ်းယူမပေးနိုင်ခင်၊ အလုပ်မလုပ်မီ သေဆုံးသွားခြင်းဖြစ်နိုင်ပါသည်။၆။ အကျိုးသက်ရောက်မှု နှေးကွေးခြင်းဤဇီဝမြေဩဇာများသည် ဓာတုဓာတ်မြေဩဇာများကဲ့သို့ အကျိုးသက်ရောက်မှု ချက်ချင်း မထင်ရှားပါ။ (ဥပမာ- အပင်များချက်ချင်း စိမ်းလန်း မလာပါ။) သက်ရောက်မှု အကျိုးကျေးဇူးများကို အချိန်ယူရသည်။အကျိုးဆက်။ လယ်သမားများက ဤဇီဝမြေဩဇာများက ထိရောက်မှုမရှိ၊ အလုပ်မလုပ်ဘူးဟု ထင်မြင်နိုင်ပါသည်။၇။ အရည်အသွေးထိန်းချုပ်မှု ပြဿနာများဇီဝမြေဩဇာအတု သို့မဟုတ် အရည်အသွေးနိမ့် ထုတ်ကုန်များရှိနိုင်ခြင်း၊ အဏုဇီဝ မိုက်ခရိုတ် အရေအတွက် မလုံလောက်ခြင်း၊ မလိုအပ်သော အခြားအဏုဇီဝပိုးများနှင့် ရောနှောနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။အကျိုးဆက်။ တောင်သူများ ယုံကြည်မှုလျော့နည်း လာနိုင်ပါသည်။၈။ သိုလှောင်နှင့် သယ်ယူပို့ဆောင်မှု ပြဿနာများအထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဇီဝမြေဩဇာများအသုံးပြုရန် အအေး ခန်းစနစ် မရှိခြင်း၊ နေပူအောက်တွင် သယ်ယူ ပို့ဆောင်နေရခြင်းတို့ ရှိပါသည်။အကျိုးဆက်။ တောင်သူလယ်သမားများထံ ရောက်ရှိ ချိန်တွင် အဏုဇီဝပိုးများ သေဆုံးပြီး မြေဩဇာက အာနိသင်မရှိ၊ အကျိုးမရှိဖြစ်နိုင်ပါသည်။၉။ သီးနှံအလိုက် သတ်မှတ်မှုလိုအပ်ခြင်းBiofertilizer အချို့သည် သီးနှံအလိုက် သီးသန့် အသုံးပြုရသည်။ဥပမာ - ရိုင်ဇိုဘီယမ် (Rhizobium) မြေဩဇာ သည် သီးသန့်ပဲသီးနှံ၊ စားကျက်ပဲအပင်များ ပဲလွမ်း၊ ကုလားပဲ၊ ကလိုဗာ၊ အယ်လဖာဖာ စသည်တို့ အတွက်သာ သီးသန့်သဟဇာတဖြစ်၊ သင့်လျော်ပါ သည်။ တောင်သူဦးကြီးများအနေဖြင့် မမှန်ကန် သော မျိုးကွဲရွေးချယ်မိနိုင်ပါသည်။အကျိုးဆက်။ လေထဲမှနိုက်ထရိုဂျင်ဖမ်းယူမှု မရရှိ နိုင်တော့ဘဲ အကျိုးမရှိဖြစ်သွားနိုင်ပါသည်။၁၀။ လယ်ယာတွင် အသုံးပြုရာ အခက်အခဲများဇီဝမြေဩဇာများနှင့် မျိုးစေ့ကို လူးနယ်ရာတွင် အရိပ်အောက်တွင် အသုံးပြုရန် လိုအပ်ပါသည်။ အစိုဓာတ်၊ ရေဓာတ် အမြဲရရှိနေရန် ထိန်းသိမ်းနိုင်ရ ပါမည်။ ဇီဝမြေဩဇာများ မျိုးစေ့တွင် ကပ်နေရန် မျိုးစေ့ကပ်လုပ်ငန်းများ အလုပ်ရှုပ်နိုင်ပါသည်။အကျိုးဆက် ။ ထို့ကြောင့် တောင်သူလယ်သမားများ သည် အသုံးပြုရန်လွယ်ကူသော ဓာတုဓာတ်မြေ ဩဇာကို ရွေးချယ်ခြင်းဖြစ်သွားနိုင်ပါသည်။၁၁။ စီးပွားရေးအကျိုးအမြတ် ချက်ချင်းမရရှိခြင်းဤဇီဝမြေဩဇာများသုံးစွဲခြင်းဖြင့် ရေရှည် အကျိုးကျေးဇူးများ (မြေဆီလွှာကောင်းမွန်မှု) ရရှိလာနိုင်သော်လည်း သီးနှံအထွက်တိုးမှု ချက်ချင်း မမြင်ရခြင်း ဖြစ်တတ်ပါသည်။အကျိုးဆက်။ တောင်သူများအသုံးပြုလိုမှု နည်းပါး လာနိုင်ပါသည်။၁၂။ အထောက်အပံ့နှင့် လမ်းညွှန်မှု နည်းပါးခြင်းဤနည်းပညာအသုံးပြုရန် တောင်သူပညာပေး လုပ်ငန်းများ မလုံလောက်ပါ၊ တောင်သူများရှိရာ ကျေးရွာများတွင် သရုပ်ပြစမ်းသပ်ကွက်များ နည်းပါးခြင်း၊ မရှိခြင်းတို့ ဖြစ်နိုင်ပါသည်။အကျိုးဆက်။ နောက်ဆုံးတော့ တောင်သူများက ဤနည်းပညာအပေါ် ယုံကြည်မှုမရှိခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။စာရေးသူ၏အတွေးစိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းတွင် ဇီဝမြေဩဇာများကို ဝယ်ယူနိုင်ပါသည်။ မြန်မာနိုင်ငံ ပုဂ္ဂလိကကုမ္ပဏီ/လုပ်ငန်းများက ဇီဝမြေဩဇာများ အနေဖြင့် အီးအမ်မြေဩဇာ(EM-Effective Microorganisms Fertilizer)၊ ဘာမထီစမ်း-တြိုင်ဂို ဒါးမားအရည် (Liquid Trichoderma) စသည်ဖြင့် ရောင်းချနေသည်ကိုတော့ သတိထားမိပါသည်။လေ့လာချက်အရ ခေတ်မီစိုက်ပျိုးမွေးမြူရေး နိုင်ငံဖြစ်သော ဩစတြေးလျနိုင်ငံ လယ်ယာမြေများ၊ ဩစတြေးလျတောင်သူများ ၂၀ - ၃၀ ရာခိုင်နှုန်း လောက်က ဤနည်းပညာကို ဓာတ်မြေဩဇာ အစားထိုးမဟုတ်ဘဲ အထွက်တိုး၊ မြေဆီလွှာ၊ မြေဆီ ဩဇာ ပြန်လည်ကောင်းမွန်လာရန် ပူးတွဲအသုံးပြုနေ သည်ကို တွေ့ရှိရပါသည်။၁၉၈၇ - ၈၈ ခုနှစ် စာရေးသူ ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်တွင် မဟာစိုက်ပျိုးရေးပညာ သင်တန်းတက်ရောက်စဉ်ကတည်းက တောင်သူ ဦးကြီးတိုင်း မိမိလယ်ယာမြေ အိမ်ထဲတွင် ရေခဲ သေတ္တာ အပိုရှိပြီး ရိုင်ဇိုဘီယမ်အပါအဝင် ဇီဝ မြေဩဇာများကို ရေခဲသေတ္တာထဲ ထည့်သိမ်းထား ကာ စိုက်ခါနီးမှ စိုက်ကွင်းထဲတွင် ထည့်သွင်းစိုက်ပျိုး သည့် ဓလေ့ကို သတိပြုမိခဲ့ပါသည်။ ထို့ကြောင့် အကျိုးပြုဇီဝသက်ရှိပိုးများ၊ သီးနှံမျိုးစေ့များနှင့် သဟဇာတရပြီး အထွက်ပိုတိုးကြပါသည်။မြန်မာ့တောင်သူဦးကြီးများ ရေရှည်အကျိုးရှိစေ ရန်အတွက် ဤနည်းပညာများကို ကွင်းသုတေသနများစွာ၊ တောင်သူစိုက်ကွင်းများထဲ သရုပ်ပြစိုက်ခင်းများစွာပြုလုပ်သင့်ပါသည်။ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ ပူးတွဲဆောင်ရွက်ရန် အကြံပြုလိုပါသည်။ ။moiPhoto: Gemini

တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာ အစားထိုးသုံးစွဲမှုနည်းပညာများစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် ဇီဝ မြေဩဇာများ အသုံးပြုခြင်းအကြောင်းကို ရေးသားဆွေးနွေးလိုပါသည်။

အဏုဇီဝမြေသြဇာများအကြောင်း

ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုမြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဂေဟစနစ်နှင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများသည် ရေရှည်တွင် မတည်တံ့နိုင်တော့ သည့် စိုက်ပျိုးမွေးမြူရေးအခြေအနေသို့ ရောက်ရှိ လာပါသည်။ ယခုဓာတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်မှုကြောင့် ယင်းတို့ကို အသုံးလျှော့ပြီး သီးနှံပင်များ အထွက်မလျော့စေရေး အခြားနည်းလမ်း များကို ပြောင်းလဲအသုံးပြုရန် လိုအပ်လာပါသည်။

ဇီဝမြေသြဇာဆိုသည်မှာ အကျိုးပြုအဏုဇီဝ ပိုးများ ပါဝင်သော သဘာဝပစ္စည်းများဖြစ်ပြီး မြေဆီလွှာ၏ သဘာဝဖြစ်စဉ်များကို ပြန်လည် ကောင်းမွန်စေကာ သီးနှံအထွက်နှုန်းကို မြှင့်တင် ပေးနိုင်သည့် အဓိက ဖြေရှင်းချက်တစ်ခု ဖြစ်လာပါ သည်။ ဤဇီဝမြေသြဇာများသည် လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးခြင်း၊ မြေကြီးအတွင်းရှိ မပျော်ဝင်နိုင်သော အာဟာရဓာတ်များကို ပျော်ဝင် စေခြင်း၊ ဖော့စဖော့ရပ်ဓာတ်များ စုပ်ယူပေးနိုင်ခြင်း၊ အပင်များ၏ ရောဂါဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ကို မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင် ပါသည်။

ဇီဝမြေသြဇာများ၏ အမျိုးအစားနှင့် လုပ်ဆောင်ချက်များ

ဇီဝမြေသြဇာများကို ယင်းတို့ လုပ်ဆောင်ပေးသော အဓိကအာဟာရဓာတ်အလိုက် ခွဲခြားနိုင်ပါသည်။ အဓိကအားဖြင့် ဗက်တီးရီးယားများ၊ မှိုများ၊ ရေမှော်များနှင့် အက်တီးနိုမိုင်ဆီးတီးစ် (Actino-mycetes) များ ပါဝင်တတ်ကြပါသည်။

သီးနှံများတွင် ဓာတ်မြေဩဇာအသုံးပြုမှု အစားထိုးနည်းပညာများ

အဆိုပါ အဏုဇီဝပိုးများသည် အမြစ်ဝန်းကျင် မြေလွှာအတွင်း အဓိက လှုပ်ရှားကြပြီး မြေဆီလွှာ၏ တည်ဆောက်ပုံနှင့် ရေထိန်းသိမ်းနိုင်စွမ်းကိုလည်း ကောင်းမွန်စေပါသည်။

ရိုင်ဇိုဘီယမ် (Rhizobium) နှင့်

ပဲမျိုးရင်းဝင်အပင်များ၏ အပြန်အလှန်အကျိုးပြုပုံ

ရိုင်ဇိုဘီယမ်နှင့် ပဲမျိုးရင်းဝင်အပင်များ၏ ဆက်နွှယ်မှုသည် ကမ္ဘာ့နိုက်ထရိုဂျင် သံသရာ (World Nitrogen Cycle)တွင် အလွန်အရေးကြီးပြီး တစ်နှစ်လျှင် နိုက်ထရိုဂျင် တန်ချိန် သန်း ၂၀၀ ခန့်ကို ဇီဝနည်းဖြင့် ဖမ်းယူပေးနေပါသည်။ ဥပမာ - ပဲပုပ်၊ မြေပဲနှင့် ကုလားပဲ၊ ပဲတီစိမ်း၊ စားကျက်ပဲမျိုး များ စသည့် ပဲမျိုးရင်းအပင်များသည် တစ်ဟက်တာ လျှင် လေထဲမှ နိုက်ထရိုဂျင် ၂၀၀ မှ ၃၀၀ ကီလို ဂရမ်အထိ ဖမ်းယူနိုင်စွမ်းရှိကြပါသည်။

အမြစ်ဖုဖြစ်ပေါ်မှုနှင့် အချက်ပြစနစ်

အမြစ်ဖုဖြစ်ပေါ်ရေးအတွက် အပင်နှင့် ဗက်တီး ရီးယားကြားတွင် ရှုပ်ထွေးသော မော်လီကျူးအဆင့် ဆက်သွယ်မှုတစ်ခု လိုအပ်ပါသည်။ နိုက်ထရိုဂျင် နည်းပါးချိန်တွင် အပင်က ဖလေဗိုလ်နိုက် (Flavo-noids) ဒြပ်ပေါင်းများကို ထုတ်လွှတ်ပြီး ရိုင်ဇိုဘီယမ် ပိုးများကို ဆွဲဆောင်ပါသည်။ ထိုအခါ ဗက်တီး ရီးယားက နော့ဖြစ်စဉ်အကြောင်းရင်း (Nodfactors) ဟု ခေါ်သော အချက်ပြမော်လီကျူးများကို ပြန်လည် ထုတ်လွှတ်ပြီး အပင်၏အမြစ်ကို ဝင်ရောက်ကာ အမြစ်ဖုများ စတင်တည်ဆောက်ပါသည်။

ရိုင်ဇိုဘီယမ်မျိုးစိတ်များ (Rhizobium species) နှင့် ၎င်းတို့နှင့် သက်ဆိုင်သော ပဲမျိုးများ (Legumes)

ရိုင်ဇိုဘီယမ်မျိုးစိတ်များသည် စိုက်ပျိုးရေး တွင် အရေးကြီးသော ပဲမျိုးတစ်မျိုးချင်းနှင့် သီးသန့် သဟဇာတဆက်နွှယ်မှုကို လေ့လာနိုင်ပါသည်။

ဇီဝမြေဩဇာများ အသုံးပြုမှုဆိုင်ရာ

စိန်ခေါ်မှုများနှင့် အားနည်းချက်၊ အကန့်အသတ်များ

၁။ သက်တမ်းတိုခြင်းနှင့် အသက်ရှင်နိုင်မှုလျော့နည်းခြင်း

ဇီဝမြေဩဇာများသည် အသက်ရှင်သော မိုက်ခရိုတ်များ၊ သေးငယ်သော အဏုဇီဝ သက်ရှိများ (Living Microbial Organisms) ပါဝင်သောကြောင့် လွယ်ကူစွာသေဆုံးနိုင်ပါသည်။

အပူချိန်မြင့်ခြင်း၊ နေရောင်တိုက်ရိုက်ထိခြင်း၊ စိုထိုင်းဆမြင့်ခြင်းတို့ကြောင့် မိုက်ခရိုတ်များသေဆုံး နိုင်သည်။ အသုံးမပြုမီတိုင်အောင်ပင် အာနိသင် လျော့နည်းသွားနိုင်သည်။ ရေခဲသေတ္တာ သို့မဟုတ် အေးမြသောနေရာများ မရှိခြင်းကြောင့် သိမ်းဆည်း မှု မကောင်းခြင်း ဖြစ်လေ့ရှိသည်။ (မြန်မာနိုင်ငံရှိတောင်သူဦးကြီးများ၊ ကျေးလက်ဒေသများအတွက် အဓိကပြဿနာဖြစ်နိုင်ပါသည်။)

အကျိုးဆက်။ လယ်သမားများ အသုံးပြုသော်လည်း အကျိုးသက်ရောက်မှု မမြင်ရခြင်း၊ အထွက်တိုးမလာခြင်းဖြစ်ပေါ်နိုင်ပါသည်။

၂။ ပြင်ပပတ်ဝန်းကျင် အခြေအနေများကြောင့် ထိခိုက်လွယ်ခြင်း

အဏုဇီဝသက်ရှိများသည် မြေဆီလွှာနှင့် ပတ်ဝန်းကျင်အခြေအနေများအပေါ် အလွန်ထိခိုက် လွယ်ပါသည်။

မြေချဉ်ငန်ဓာတ် ( pH) (အက်စစ်/အာလကလီ များလွန်းခြင်း)၊ ရေဓာတ် (ခြောက်သွေ့လွန်းခြင်းသို့မဟုတ် ရေများလွန်းခြင်း)၊ အပူချိန်မြင့်/နိမ့်ခြင်း၊ ဆားဓာတ်များခြင်း။

အကျိုးဆက်။ အရည်အသွေးကောင်းသော ဇီဝ မြေဩဇာများပင် မသင့်လျော်သော မြေများတွင် မအောင်မြင်နိုင်ခြင်း ဖြစ်နိုင်ပါသည်။

၃။ မူလမြေကြီးအတွင်းရှိ အဏုဇီဝပိုးများနှင့် ယှဉ်ပြိုင်မှု

အသစ်ထည့်သွင်းသော အဏုဇီဝပိုး၊ မိုက်ခရိုတ် များသည် မြေထဲရှိ မူလမိုက်ခရိုတ်များနှင့် ယှဉ်ပြိုင် ရသည်။ မူလ အဏုဇီဝပိုးများက ထိန်းချုပ်နိုင်ပါ သည်။ အကျိုးမရှိသော မျိုးကွဲများရှိနိုင်သည်။

အကျိုးဆက်။ အသုံးပြုသော အဏုဇီဝပိုးများသည် အပင်အမြစ်တွင် မစွဲမြဲဘဲ လေထဲမှ နိုက်ထရိုဂျင် ဖမ်းယူမှု အားနည်းသွားနိုင်ခြင်း ဖြစ်နိုင်ပါသည်။

၄။ တောင်သူလယ်သမားများ၏ နည်းပညာအပေါ် နားလည်မှုအားနည်းခြင်း

တစ်ဧကလျှင် ဇီဝမြေဩဇာ အသုံးပြုရမည့် အရေအတွက်၊ ပမာဏနှုန်းထားများ မှားယွင်း တွက်ချက်မိခြင်း၊ မြေဩဇာအသုံးပြုချိန်မမှန်ခြင်း (ဥပမာ – နေရောင်ထဲတွင် အသုံးပြုခြင်း)၊ မြေဩဇာ များကို မျိုးစေ့လူးနယ်မှု နည်းစနစ်မမှန်ခြင်း၊ ဓာတု ပစ္စည်းများ၊ ဓာတုမြေဩဇာများနှင့် မသင့်လျော်စွာ ရောစပ်အသုံးပြုခြင်း။

အကျိုးဆက်။ ဇီဝမြေဩဇာအကျိုးသက်ရောက်မှု လျော့နည်းခြင်း သို့မဟုတ် မအောင်မြင်ခြင်း ဖြစ်သွားနိုင်ပါသည်။

၅။ ဓာတုဆေးပစ္စည်းများနှင့် မကိုက်ညီမှု

ပိုးသတ်ဆေး၊ မှိုသတ်ဆေးများသည် အကျိုးပြု အဏုဇီဝပိုး၊ မိုက်ခရိုတ်များကို သေစေနိုင်ပါသည်။ တောင်သူလယ်သမားများက တစ်ပြိုင်နက် ရောစပ်အသုံးပြုတတ်သည်။

အကျိုးဆက်။ အကျိုးပြု အဏုဇီဝပိုးမိုက်ခရိုတ်များ နိုက်ထရိုဂျင်၊ ဖော့စဖော့ရပ်တို့ ဖမ်းယူမပေးနိုင်ခင်၊ အလုပ်မလုပ်မီ သေဆုံးသွားခြင်းဖြစ်နိုင်ပါသည်။

၆။ အကျိုးသက်ရောက်မှု နှေးကွေးခြင်း

ဤဇီဝမြေဩဇာများသည် ဓာတုဓာတ်မြေဩဇာများကဲ့သို့ အကျိုးသက်ရောက်မှု ချက်ချင်း မထင်ရှားပါ။ (ဥပမာ- အပင်များချက်ချင်း စိမ်းလန်း မလာပါ။) သက်ရောက်မှု အကျိုးကျေးဇူးများကို အချိန်ယူရသည်။

အကျိုးဆက်။ လယ်သမားများက ဤဇီဝမြေဩဇာများက ထိရောက်မှုမရှိ၊ အလုပ်မလုပ်ဘူးဟုထင်မြင်နိုင်ပါသည်။

၇။ အရည်အသွေးထိန်းချုပ်မှု ပြဿနာများ

ဇီဝမြေဩဇာအတု သို့မဟုတ် အရည်အသွေးနိမ့် ထုတ်ကုန်များရှိနိုင်ခြင်း၊ အဏုဇီဝ မိုက်ခရိုတ် အရေအတွက် မလုံလောက်ခြင်း၊ မလိုအပ်သော အခြားအဏုဇီဝပိုးများနှင့် ရောနှောနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။

အကျိုးဆက်။ တောင်သူများ ယုံကြည်မှုလျော့နည်း လာနိုင်ပါသည်။

၈။ သိုလှောင်နှင့် သယ်ယူပို့ဆောင်မှု ပြဿနာများ

အထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဇီဝမြေဩဇာများအသုံးပြုရန် အအေး ခန်းစနစ် မရှိခြင်း၊ နေပူအောက်တွင် သယ်ယူ ပို့ဆောင်နေရခြင်းတို့ ရှိပါသည်။

အကျိုးဆက်။ တောင်သူလယ်သမားများထံရောက်ရှိ ချိန်တွင် အဏုဇီဝပိုးများ သေဆုံးပြီး မြေဩဇာက အာနိသင်မရှိ၊ အကျိုးမရှိဖြစ်နိုင်ပါသည်။

၉။ သီးနှံအလိုက် သတ်မှတ်မှုလိုအပ်ခြင်း

Biofertilizer အချို့သည် သီးနှံအလိုက် သီးသန့် အသုံးပြုရသည်။

ဥပမာ - ရိုင်ဇိုဘီယမ် (Rhizobium) မြေဩဇာ သည် သီးသန့်ပဲသီးနှံ၊ စားကျက်ပဲအပင်များ ပဲလွမ်း၊ ကုလားပဲ၊ ကလိုဗာ၊ အယ်လဖာဖာ စသည်တို့ အတွက်သာ သီးသန့်သဟဇာတဖြစ်၊ သင့်လျော်ပါ သည်။ တောင်သူဦးကြီးများအနေဖြင့် မမှန်ကန် သော မျိုးကွဲရွေးချယ်မိနိုင်ပါသည်။

အကျိုးဆက်။ လေထဲမှနိုက်ထရိုဂျင်ဖမ်းယူမှု မရရှိ နိုင်တော့ဘဲ အကျိုးမရှိဖြစ်သွားနိုင်ပါသည်။

၁၀။ လယ်ယာတွင် အသုံးပြုရာ အခက်အခဲများ

ဇီဝမြေဩဇာများနှင့် မျိုးစေ့ကို လူးနယ်ရာတွင် အရိပ်အောက်တွင် အသုံးပြုရန် လိုအပ်ပါသည်။ အစိုဓာတ်၊ ရေဓာတ် အမြဲရရှိနေရန် ထိန်းသိမ်းနိုင်ရ ပါမည်။ ဇီဝမြေဩဇာများ မျိုးစေ့တွင် ကပ်နေရန် မျိုးစေ့ကပ်လုပ်ငန်းများ အလုပ်ရှုပ်နိုင်ပါသည်။

အကျိုးဆက် ။ ထို့ကြောင့် တောင်သူလယ်သမားများ သည် အသုံးပြုရန်လွယ်ကူသော ဓာတုဓာတ်မြေ ဩဇာကို ရွေးချယ်ခြင်းဖြစ်သွားနိုင်ပါသည်။

၁၁။ စီးပွားရေးအကျိုးအမြတ် ချက်ချင်းမရရှိခြင်း

ဤဇီဝမြေဩဇာများသုံးစွဲခြင်းဖြင့် ရေရှည် အကျိုးကျေးဇူးများ (မြေဆီလွှာကောင်းမွန်မှု) ရရှိလာနိုင်သော်လည်း သီးနှံအထွက်တိုးမှု ချက်ချင်း မမြင်ရခြင်း ဖြစ်တတ်ပါသည်။

အကျိုးဆက်။ တောင်သူများအသုံးပြုလိုမှု နည်းပါး လာနိုင်ပါသည်။

၁၂။ အထောက်အပံ့နှင့် လမ်းညွှန်မှု နည်းပါးခြင်း

ဤနည်းပညာအသုံးပြုရန် တောင်သူပညာပေး လုပ်ငန်းများ မလုံလောက်ပါ၊ တောင်သူများရှိရာ ကျေးရွာများတွင် သရုပ်ပြစမ်းသပ်ကွက်များ နည်းပါးခြင်း၊ မရှိခြင်းတို့ ဖြစ်နိုင်ပါသည်။

အကျိုးဆက်။ နောက်ဆုံးတော့ တောင်သူများက ဤနည်းပညာအပေါ် ယုံကြည်မှုမရှိခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။

စာရေးသူ၏အတွေး

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းတွင် ဇီဝမြေဩဇာများကို ဝယ်ယူနိုင်ပါသည်။ မြန်မာနိုင်ငံ ပုဂ္ဂလိကကုမ္ပဏီ/လုပ်ငန်းများက ဇီဝမြေဩဇာများ အနေဖြင့် အီးအမ်မြေဩဇာ(EM-Effective Microorganisms Fertilizer)၊ ဘာမထီစမ်း-တြိုင်ဂို ဒါးမားအရည် (Liquid Trichoderma) စသည်ဖြင့် ရောင်းချနေသည်ကိုတော့ သတိထားမိပါသည်။

လေ့လာချက်အရ ခေတ်မီစိုက်ပျိုးမွေးမြူရေး နိုင်ငံဖြစ်သော ဩစတြေးလျနိုင်ငံ လယ်ယာမြေများ၊ ဩစတြေးလျတောင်သူများ ၂၀ - ၃၀ ရာခိုင်နှုန်း လောက်က ဤနည်းပညာကို ဓာတ်မြေဩဇာ အစားထိုးမဟုတ်ဘဲ အထွက်တိုး၊ မြေဆီလွှာ၊ မြေဆီ ဩဇာ ပြန်လည်ကောင်းမွန်လာရန် ပူးတွဲအသုံးပြုနေ သည်ကို တွေ့ရှိရပါသည်။

၁၉၈၇ - ၈၈ ခုနှစ် စာရေးသူ ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်တွင် မဟာစိုက်ပျိုးရေးပညာ သင်တန်းတက်ရောက်စဉ်ကတည်းက တောင်သူ ဦးကြီးတိုင်း မိမိလယ်ယာမြေ အိမ်ထဲတွင် ရေခဲ သေတ္တာ အပိုရှိပြီး ရိုင်ဇိုဘီယမ်အပါအဝင် ဇီဝ မြေဩဇာများကို ရေခဲသေတ္တာထဲ ထည့်သိမ်းထား ကာ စိုက်ခါနီးမှ စိုက်ကွင်းထဲတွင် ထည့်သွင်းစိုက်ပျိုး သည့် ဓလေ့ကို သတိပြုမိခဲ့ပါသည်။ ထို့ကြောင့် အကျိုးပြုဇီဝသက်ရှိပိုးများ၊ သီးနှံမျိုးစေ့များနှင့် သဟဇာတရပြီး အထွက်ပိုတိုးကြပါသည်။

မြန်မာ့တောင်သူဦးကြီးများ ရေရှည်အကျိုးရှိစေ ရန်အတွက် ဤနည်းပညာများကို ကွင်းသုတေသနများစွာ၊ တောင်သူစိုက်ကွင်းများထဲ သရုပ်ပြစိုက်ခင်းများစွာပြုလုပ်သင့်ပါသည်။ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ ပူးတွဲဆောင်ရွက်ရန် အကြံပြုလိုပါသည်။ ။

moi

Photo: Gemini

မောင်ပြေ (ဆင်ပေါင်ဝဲ)

EV သက်တမ်းရှည်စေဖို့ နည်းလမ်းတကျ သုံးစွဲစို့
-
(ယမန်နေ့မှအဆက်) ၂။ EV အားသွင်းနည်းလမ်းမှန်များ ၂။ (က) အားသွင်းစဉ် EV ရပ်တန့်ထားခြင်း ဘက်ထရီကိုအားသွင်းရန် ပြင်ဆင်ချိန်၌ကားရှိ ပါဝါခလုတ်ကို ပိတ်ထားရပါမည်။ အားသွင်းမှုစတင်ပြီးလျှင် ကားရှိပါဝါခလုတ်ကို ပြန်ဖွင့်နိုင်ပြီး ရေဒီယို၊ လေပူ၊ လေအေးစနစ်တို့ကိုသုံးနိုင်၏။ အားသွင်းချိန်တွင် စတီယာရင်နှင့် ရွေ့လျားမှုအစိတ်အပိုင်းများကို အသုံးမပြုနိုင်အောင် ထိန်းချုပ်ထား၏။ အကြောင်းရင်းမှာ ဘက်ထရီကို ဗို့အားမြင့်နှုန်းဖြင့် အားသွင်းစဉ်လှုပ်ရှားမှုပြုလုပ်လျှင် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ပါ၏။ သို့ဖြစ်ရာ အားသွင်းချိန်တွင် EV ကို ရပ်ထားရပါမည်။ ၂။ (ခ) မောင်းနှင်ပြီးခါစ အားမသွင်းခြင်း EV မောင်းနေစဉ်ဘက်ထရီများသည် ပူနွေးတတ်ပြီး ရပ်တန့်ခါစတွင် ဆက်လက်ပူနေတတ်ရာ ချက်ချင်းအားသွင်းခြင်းက ဘက်ထရီကိုဒဏ်ဖြစ်စေ၍ ပျက်စီးမှုကိုမြန်စေနိုင်၏။ မောင်းပြီးစ EV ကို အားမသွင်းသင့်ပါ။ ခရီးဝေးမောင်းပြီး အားမသွင်းမီ ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် အပူချိန်လျှော့ချရပါမည်။ အချို့ EV များတွင် ဘက်ထရီအပူချိန်ကို အလိုအလျောက်ထိန်းညှိပေးသည့် ဘက်ထရီအအေးခံစနစ်များ တပ်ဆင်ထား၏။ ၂။ (ဂ) ၃၀ ရာခိုင်နှုန်းအောက်ရောက်လျှင် အားပြန်သွင်းခြင်း ဘက်ထရီစွမ်းအင်အားလုံး ကုန်အောင်သုံးပြီးမှ အားပြန်သွင်းလျှင် သက်တမ်းတိုစေ၏။ ဘက်ထရီစွမ်းအင်ကို ၁၀ ရာခိုင်နှုန်းအောက် ရောက်သည်အထိ မကြာခဏသုံးခြင်းသည် ဘက်ထရီဆဲလ်များကို ဒဏ်ဖြစ်ပေါ်စေရာ ရေရှည်ထိခိုက်မှုများမဖြစ်ရေးအတွက် အမြန်ဆုံးအားပြန်သွင်းပါ။ ယေဘုယျအားဖြင့် ဘက်ထရီစွမ်းအင်ကို ၂၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းကြားတွင် ထားရှိသင့်ရာ ပိုမိုစိတ်ချမှုရှိရန် ၃၀ ရာခိုင်နှုန်းအောက်ရောက်လျှင် အားပြန်သွင်းသင့်၏။ ၂။ (ဃ) ၈၀ ရာခိုင်နှုန်းအထိသာ အားဖြည့်သွင်းခြင်း လူ့စိတ်လူ့သဘောအရ အမြင့်ဆုံး ၁၀၀ ရာခိုင်နှုန်းရှိခြင်း၊ ရာနှုန်းပြည့်ဖြစ်ခြင်းကိုသာ နှစ်သက်ကြပြီး အကောင်းဆုံးဟု သတ်မှတ်လေ့ရှိကြ၏။ သို့သော် EV ကို ၁၀၀ ရာခိုင်နှုန်း အားသွင်းခြင်းသည် အကောင်းဆုံးမဟုတ်ဘဲ ဘက်ထရီကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး လီသီယမ်အိုင်းယွန်းဘက်ထရီများ ဖြစ်၍ ဘက်ထရီရာနှုန်းပြည့်ဖြင့် ကြာရှည်ထားလျှင် ပျက်စီးယိုယွင်းစေနိုင်၏။ ခရီးဝေးသွားလျှင် ဘက်ထရီကို ရာနှုန်းပြည့်အားသွင်းသင့်သော်လည်း မြို့တွင်းအတွက် ၈၀ ရာခိုင်နှုန်းအထိသာ အားသွင်းသင့်၏။ သို့မှသာ သက်တမ်းပိုမိုကြာရှည်ခံနိုင်စေပြီး ဘရိတ်အုပ်ရင်း အားသွင်းခြင်းမှရရှိသည့် ထပ်တိုးစွမ်းအင်ကို သိုလှောင်ဖို့ ချန်လှပ်ပြီး ဖြစ်ကာ EV သုံးစွဲမှုမှ အကျိုးကျေးဇူးပိုမိုရရှိစေနိုင် ၏။ EV ၌ အားသွင်းလိုသော အတိုင်းအတာကို သတ်မှတ်ထားနိုင်ပြီး ပိုင်ရှင်လက်စွဲစာအုပ်တွင် အားသွင်းရမည့် အသင့်တော်ဆုံးရာခိုင်နှုန်းလည်း ပါရှိပြီးဖြစ်ရာ ၈၀ ရာခိုင်နှုန်းကိုသာ သတ်မှတ်၍အားသွင်းသင့်၏။ သာဓကအားဖြင့် ဘက်ထရီ စွမ်းအင်နှုန်း ၇၉.၉၀၄ kWh (ကီလိုဝပ်နာရီ) ဖြစ်လျှင် ၈၀ ရာခိုင်နှုန်းဖြစ်သော ၆၃.၉၂၃၂ kWh (ကီလိုဝပ်နာရီ)အထိသာ အားသွင်းသင့်ပါသည်။ ၂။ (င) အနှေးအားသွင်းစနစ်ကိုသာ အဓိကအသုံးပြုခြင်း တိုက်ရိုက်လျှပ်စီးသုံး အမြန်အားသွင်းစနစ်ဖြင့် အားသွင်းခြင်းသည် ခရီးဝေးသွားရန်အတွက် ကောင်းမွန်သော်လည်း ၎င်းကိုအဓိကအားသွင်းနည်းလမ်းအဖြစ် အမြဲမသုံးသင့်ပေ။ အမှန်တကယ်အဓိကအားပြုသုံးစွဲရမည်မှာ Level 1 (သို့မဟုတ်) Level 2 အနှေးအားသွင်းစနစ်များသာ ဖြစ်ပါ၏။ ၂။ (စ) အမြန်အားသွင်းခြင်းကို ကန့်သတ်သုံးစွဲခြင်း အမြန်အားသွင်းခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့သည် ဘက်ထရီအတွင်းရှိ လီသီယမ်များ၏ သဘာဝဂုဏ်သတ္တိဓာတ်များအားကုန်ခန်းစေသည့် ဓာတ်ပြုမှုများကိုပိုမိုမြန်ဆန်စေပါမည်။ အမြန်အားသွင်းစက်များက စွမ်းအင်ကိုအလျင်အမြန် တွန်းပို့လျှင် ဘက်ထရီဆဲလ်များအတွင်းရှိ အပူနှင့်ဖိအားတို့ကြောင့် မလိုလားအပ်သော ဓာတုဓာတ်ပြုမှုများနှင့် ဆင့်ကဲဖိအားဖြစ်စဉ်များကို ဖြစ်စေ၏။ ဆက်လက်၍ ဘက်ထရီကိုဝန်ပိုမိုဖိစီးမှုနှင့် အပူလွန်ကဲမှုတို့ကို ဖြစ်ပေါ်ရာက ပိုမိုလျင်မြန်စွာ သက်တမ်းတိုစေ၏။ တိုက်ရိုက်လျှပ်စီးဖြင့် အမြန်အားသွင်းခြင်းသည် ရှစ်နှစ်အတွင်း အိမ်သုံး Level 2 အားသွင်းစက်ဖြင့် အားသွင်းခြင်းထက် ဘက်ထရီသက်တမ်း ၁၀ ရာခိုင်နှုန်းကို လျော့ကျစေနိုင်ပါ သည်။ အားသွင်းချိန်ပေးရခြင်းထက် တန်ဖိုးကြီးမားလှသော ဘက်ထရီမပျက်စီးအောင် ဂရုတစိုက်ထိန်းသိမ်းသုံးစွဲရမည်ဖြစ်ရာ ရေရှည်သက်တမ်းပြည့်သုံးစွဲနိုင်ရန်အတွက် အမြန်အားသွင်းခြင်းကို ကန့်သတ်သုံးစွဲရပါမည်။ ၂။ (ဆ) အားသွင်းချိန်ကို ချိန်ညှိခြင်း EV ပိုင်ရှင်အများစုသည် မိမိတို့၏နေအိမ်၌ ညဘက်အိပ်ရာဝင်ချိန်တွင် EV ကို အားသွင်းလေ့ ရှိကြ၏။ ဘက်ထရီသိုလှောင်စွမ်းအင် ကြီးမားနေချိန်တွင် ဆဲလ်၏ဗို့အားမှာ မြင့်တက်နေသဖြင့် ကားရပ်ထားစဉ်မှာပင် ဓာတုဓာတ်ပြုမှုနှင့် ဆင့်ကဲကွင်းဆက်ဖြစ်စဉ်များက ဘက်ထရီအတွင်းရှိ အခြေခံပစ္စည်းများကို တဖြည်းဖြည်း တမြည့်မြည့် လောင်ကျွမ်းစေသည်။ ထို့ကြောင့် ညလုံးပေါက် အားအပြည့်သွင်းထားခြင်းကို ရှောင်ကြဉ်ကာ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းရန်ချိန်ညှိထားသင့်၏။ ယင်းအပြင် ဘက်ထရီသက်တမ်းရှည်အောင် ဆဲလ်ချိန်ညှိခြင်း (Cell Balancing)လုပ်ငန်းသည် အရေးပါသောကဏ္ဍမှ ရပ်တည်လျက်ရှိရာ ၎င်းကိုခေါင်းစဉ်ခွဲ ၄(က)တွင် တင်ပြသွားပါမည်။ ၃။ EV ကားရပ်နားစဉ် လိုက်နာရမည့် အချက်များ ၃။ (က) အရိပ်ရနေရာတွင် ရပ်ခြင်း EV လီသီယမ်အိုင်းရွန်း ဘက်ထရီများသည် ပြင်းထန်သောအပူနှင့် အအေးဒဏ်များကို ခံစားလွယ်ရာ ပူလွန်းခြင်း၊ အေးလွန်းခြင်းစသော အစွန်းနှစ်ဖက်ကို ရှောင်ရှားရပါမည်။ ဘက်ထရီအပူချိန်လွန်ကဲပါက ဘက်ထရီဆဲလ်များအတွင်းရှိ ဓာတုဓာတ်ပြုမှုဖြစ်စဉ်များကို ပိုမိုမြန်ဆန်စေပါမည်။ အကျိုးဆက်ကား ဘက်ထရီကို လျင်လျင်မြန်မြန် ပျက်စီးစေပါမည်။ သို့ဖြစ်ရာ ရာသီဥတုပူပါက ကားဂိုဒေါင်အတွင်း (သို့မဟုတ်) အရိပ်ရနေရာ၊ အမိုးအကာရှိသော နေရာတို့တွင်သာ ရွေးချယ်ရပ်ထားပါ။ အလားတူ လွန်ကဲစွာအေးခြင်းက ဘက်ထရီစွမ်းရည်ကို ကျဆင်းစေပြီး အားသွင်းချိန်ကို ပိုမိုကြာမြင့်စေနိုင်ရာ သတိပြုရှောင်ရှားရပါမည်။ ၃။ (ခ) စနစ်တကျ ရေရှည်ရပ်ထားခြင်း EV ကို သီတင်းပတ် (သို့မဟုတ်) လအနည်းငယ်ကြာ အသုံးမပြုဘဲထားမည်ဆိုပါက စနစ်တကျ မသိမ်းဆည်းခြင်းက ဘက်ထရီကိုပျက်စီးစေနိုင်၏။ မမောင်းဘဲရေရှည်ရပ်ထားပါက လွန်ကဲစွာပူခြင်း၊ အေးခြင်းမရှိသော ကားဂိုဒေါင်အတွင်းထား၍ ဘက်ထရီစွမ်းအင်ကို ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအတွင်း ထိန်းထားရမည်ဖြစ်ပြီး အားသွင်းကြိုးကို အကန့်အသတ်မရှိတပ်မထားပါနှင့်။ EV အားသွင်းသည့် အလေ့အထများကဘက်ထရီ၏ အိုမင်းရင့်ရော်လာမှုကို အတိအကျ ပုံဖော်လျက်ရှိသည်။ အစွန်းရောက်အားသွင်းမှုဖြစ်သည့် ရာနှုန်းပြည့်အမြဲသွင်းခြင်းက ဘက်ထရီ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အစွန်းရောက်သုံးစွဲမှုဖြစ်သည့် စွမ်းအင်ကုန်ခန်းသွားသည်အထိ သုံးစွဲခြင်းသည်လည်း ဘက်ထရီ၏ ပျက်စီးယိုယွင်းမှုကို ပိုမိုမြန်ဆန်စေပါသည်။ EV သက်တမ်းရှည်စေရေးအတွက် EV အားသွင်းခြင်းသည် အရေးကြီးလုပ်ငန်းစဉ်ဖြစ်ရာ ဤနေရာတွင် အနှစ်ချုပ်ပုံကိုတင်ပြပါမည်။ ဘက်ထရီကျန်းမာရေးအခြေအနေ ကောင်းမွန်ရန်နှင့် မလိုလားအပ်သောအန္တရာယ်များ ကင်းဝေးစေရန်အတွက် ဖော်ပြပါ ပုံ (၇) အတိုင်း သုံးစွဲမှုအခြေအနေပေါ် မူတည်၍ ဘက်ထရီအားသွင်းခြင်းကို ဆောင်ရွက်သင့်ပါသည်။ (ဆက်လက်ဖော်ပြပါမည်)MDN

(ယမန်နေ့မှအဆက်)

၂။ EV အားသွင်းနည်းလမ်းမှန်များ

၂။ (က) အားသွင်းစဉ် EV ရပ်တန့်ထားခြင်း

ဘက်ထရီကိုအားသွင်းရန် ပြင်ဆင်ချိန်၌ကားရှိ ပါဝါခလုတ်ကို ပိတ်ထားရပါမည်။ အားသွင်းမှုစတင်ပြီးလျှင် ကားရှိပါဝါခလုတ်ကို ပြန်ဖွင့်နိုင်ပြီး ရေဒီယို၊ လေပူ၊ လေအေးစနစ်တို့ကိုသုံးနိုင်၏။ အားသွင်းချိန်တွင် စတီယာရင်နှင့် ရွေ့လျားမှုအစိတ်အပိုင်းများကို အသုံးမပြုနိုင်အောင် ထိန်းချုပ်ထား၏။ အကြောင်းရင်းမှာ ဘက်ထရီကို ဗို့အားမြင့်နှုန်းဖြင့် အားသွင်းစဉ်လှုပ်ရှားမှုပြုလုပ်လျှင် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ပါ၏။ သို့ဖြစ်ရာ အားသွင်းချိန်တွင် EV ကို ရပ်ထားရပါမည်။

၂။ (ခ) မောင်းနှင်ပြီးခါစ အားမသွင်းခြင်း

EV မောင်းနေစဉ်ဘက်ထရီများသည် ပူနွေးတတ်ပြီး ရပ်တန့်ခါစတွင် ဆက်လက်ပူနေတတ်ရာ ချက်ချင်းအားသွင်းခြင်းက ဘက်ထရီကိုဒဏ်ဖြစ်စေ၍ ပျက်စီးမှုကိုမြန်စေနိုင်၏။ မောင်းပြီးစ EV ကို အားမသွင်းသင့်ပါ။ ခရီးဝေးမောင်းပြီး အားမသွင်းမီ ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် အပူချိန်လျှော့ချရပါမည်။ အချို့ EV များတွင် ဘက်ထရီအပူချိန်ကို အလိုအလျောက်ထိန်းညှိပေးသည့် ဘက်ထရီအအေးခံစနစ်များ တပ်ဆင်ထား၏။

၂။ (ဂ) ၃၀ ရာခိုင်နှုန်းအောက်ရောက်လျှင် အားပြန်သွင်းခြင်း

ဘက်ထရီစွမ်းအင်အားလုံး ကုန်အောင်သုံးပြီးမှ အားပြန်သွင်းလျှင် သက်တမ်းတိုစေ၏။ ဘက်ထရီစွမ်းအင်ကို ၁၀ ရာခိုင်နှုန်းအောက် ရောက်သည်အထိ မကြာခဏသုံးခြင်းသည် ဘက်ထရီဆဲလ်များကို ဒဏ်ဖြစ်ပေါ်စေရာ ရေရှည်ထိခိုက်မှုများမဖြစ်ရေးအတွက် အမြန်ဆုံးအားပြန်သွင်းပါ။ ယေဘုယျအားဖြင့် ဘက်ထရီစွမ်းအင်ကို ၂၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းကြားတွင် ထားရှိသင့်ရာ ပိုမိုစိတ်ချမှုရှိရန် ၃၀ ရာခိုင်နှုန်းအောက်ရောက်လျှင် အားပြန်သွင်းသင့်၏။

၂။ (ဃ) ၈၀ ရာခိုင်နှုန်းအထိသာ အားဖြည့်သွင်းခြင်း

လူ့စိတ်လူ့သဘောအရ အမြင့်ဆုံး ၁၀၀ ရာခိုင်နှုန်းရှိခြင်း၊ ရာနှုန်းပြည့်ဖြစ်ခြင်းကိုသာ နှစ်သက်ကြပြီး အကောင်းဆုံးဟု သတ်မှတ်လေ့ရှိကြ၏။ သို့သော် EV ကို ၁၀၀ ရာခိုင်နှုန်း အားသွင်းခြင်းသည် အကောင်းဆုံးမဟုတ်ဘဲ ဘက်ထရီကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး လီသီယမ်အိုင်းယွန်းဘက်ထရီများ ဖြစ်၍ ဘက်ထရီရာနှုန်းပြည့်ဖြင့် ကြာရှည်ထားလျှင် ပျက်စီးယိုယွင်းစေနိုင်၏။ ခရီးဝေးသွားလျှင် ဘက်ထရီကို ရာနှုန်းပြည့်အားသွင်းသင့်သော်လည်း မြို့တွင်းအတွက် ၈၀ ရာခိုင်နှုန်းအထိသာ အားသွင်းသင့်၏။ သို့မှသာ သက်တမ်းပိုမိုကြာရှည်ခံနိုင်စေပြီး ဘရိတ်အုပ်ရင်း အားသွင်းခြင်းမှရရှိသည့် ထပ်တိုးစွမ်းအင်ကို သိုလှောင်ဖို့ ချန်လှပ်ပြီး ဖြစ်ကာ EV သုံးစွဲမှုမှ အကျိုးကျေးဇူးပိုမိုရရှိစေနိုင် ၏။ EV ၌ အားသွင်းလိုသော အတိုင်းအတာကို သတ်မှတ်ထားနိုင်ပြီး ပိုင်ရှင်လက်စွဲစာအုပ်တွင် အားသွင်းရမည့် အသင့်တော်ဆုံးရာခိုင်နှုန်းလည်း ပါရှိပြီးဖြစ်ရာ ၈၀ ရာခိုင်နှုန်းကိုသာ သတ်မှတ်၍အားသွင်းသင့်၏။ သာဓကအားဖြင့် ဘက်ထရီ စွမ်းအင်နှုန်း ၇၉.၉၀၄ kWh (ကီလိုဝပ်နာရီ) ဖြစ်လျှင် ၈၀ ရာခိုင်နှုန်းဖြစ်သော ၆၃.၉၂၃၂ kWh (ကီလိုဝပ်နာရီ)အထိသာ အားသွင်းသင့်ပါသည်။

၂။ (င) အနှေးအားသွင်းစနစ်ကိုသာ အဓိကအသုံးပြုခြင်း

တိုက်ရိုက်လျှပ်စီးသုံး အမြန်အားသွင်းစနစ်ဖြင့် အားသွင်းခြင်းသည် ခရီးဝေးသွားရန်အတွက် ကောင်းမွန်သော်လည်း ၎င်းကိုအဓိကအားသွင်းနည်းလမ်းအဖြစ် အမြဲမသုံးသင့်ပေ။ အမှန်တကယ်အဓိကအားပြုသုံးစွဲရမည်မှာ Level 1 (သို့မဟုတ်) Level 2 အနှေးအားသွင်းစနစ်များသာ ဖြစ်ပါ၏။

၂။ (စ) အမြန်အားသွင်းခြင်းကို ကန့်သတ်သုံးစွဲခြင်း

အမြန်အားသွင်းခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့သည် ဘက်ထရီအတွင်းရှိ လီသီယမ်များ၏ သဘာဝဂုဏ်သတ္တိဓာတ်များအားကုန်ခန်းစေသည့် ဓာတ်ပြုမှုများကိုပိုမိုမြန်ဆန်စေပါမည်။ အမြန်အားသွင်းစက်များက စွမ်းအင်ကိုအလျင်အမြန် တွန်းပို့လျှင် ဘက်ထရီဆဲလ်များအတွင်းရှိ အပူနှင့်ဖိအားတို့ကြောင့် မလိုလားအပ်သော ဓာတုဓာတ်ပြုမှုများနှင့် ဆင့်ကဲဖိအားဖြစ်စဉ်များကို ဖြစ်စေ၏။ ဆက်လက်၍ ဘက်ထရီကိုဝန်ပိုမိုဖိစီးမှုနှင့် အပူလွန်ကဲမှုတို့ကို ဖြစ်ပေါ်ရာက ပိုမိုလျင်မြန်စွာ သက်တမ်းတိုစေ၏။ တိုက်ရိုက်လျှပ်စီးဖြင့် အမြန်အားသွင်းခြင်းသည် ရှစ်နှစ်အတွင်း အိမ်သုံး Level 2 အားသွင်းစက်ဖြင့် အားသွင်းခြင်းထက် ဘက်ထရီသက်တမ်း ၁၀ ရာခိုင်နှုန်းကို လျော့ကျစေနိုင်ပါ သည်။ အားသွင်းချိန်ပေးရခြင်းထက် တန်ဖိုးကြီးမားလှသော ဘက်ထရီမပျက်စီးအောင် ဂရုတစိုက်ထိန်းသိမ်းသုံးစွဲရမည်ဖြစ်ရာ ရေရှည်သက်တမ်းပြည့်သုံးစွဲနိုင်ရန်အတွက် အမြန်အားသွင်းခြင်းကို ကန့်သတ်သုံးစွဲရပါမည်။

၂။ (ဆ) အားသွင်းချိန်ကို ချိန်ညှိခြင်း

EV ပိုင်ရှင်အများစုသည် မိမိတို့၏နေအိမ်၌ ညဘက်အိပ်ရာဝင်ချိန်တွင် EV ကို အားသွင်းလေ့ ရှိကြ၏။ ဘက်ထရီသိုလှောင်စွမ်းအင် ကြီးမားနေချိန်တွင် ဆဲလ်၏ဗို့အားမှာ မြင့်တက်နေသဖြင့် ကားရပ်ထားစဉ်မှာပင် ဓာတုဓာတ်ပြုမှုနှင့် ဆင့်ကဲကွင်းဆက်ဖြစ်စဉ်များက ဘက်ထရီအတွင်းရှိ အခြေခံပစ္စည်းများကို တဖြည်းဖြည်း တမြည့်မြည့် လောင်ကျွမ်းစေသည်။ ထို့ကြောင့် ညလုံးပေါက် အားအပြည့်သွင်းထားခြင်းကို ရှောင်ကြဉ်ကာ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းရန်ချိန်ညှိထားသင့်၏။ ယင်းအပြင် ဘက်ထရီသက်တမ်းရှည်အောင် ဆဲလ်ချိန်ညှိခြင်း (Cell Balancing)လုပ်ငန်းသည် အရေးပါသောကဏ္ဍမှ ရပ်တည်လျက်ရှိရာ ၎င်းကိုခေါင်းစဉ်ခွဲ ၄(က)တွင် တင်ပြသွားပါမည်။

၃။ EV ကားရပ်နားစဉ် လိုက်နာရမည့် အချက်များ

၃။ (က) အရိပ်ရနေရာတွင် ရပ်ခြင်း

EV လီသီယမ်အိုင်းရွန်း ဘက်ထရီများသည် ပြင်းထန်သောအပူနှင့် အအေးဒဏ်များကို ခံစားလွယ်ရာ ပူလွန်းခြင်း၊ အေးလွန်းခြင်းစသော အစွန်းနှစ်ဖက်ကို ရှောင်ရှားရပါမည်။ ဘက်ထရီအပူချိန်လွန်ကဲပါက ဘက်ထရီဆဲလ်များအတွင်းရှိ ဓာတုဓာတ်ပြုမှုဖြစ်စဉ်များကို ပိုမိုမြန်ဆန်စေပါမည်။ အကျိုးဆက်ကား ဘက်ထရီကို လျင်လျင်မြန်မြန် ပျက်စီးစေပါမည်။ သို့ဖြစ်ရာ ရာသီဥတုပူပါက ကားဂိုဒေါင်အတွင်း (သို့မဟုတ်) အရိပ်ရနေရာ၊ အမိုးအကာရှိသော နေရာတို့တွင်သာ ရွေးချယ်ရပ်ထားပါ။ အလားတူ လွန်ကဲစွာအေးခြင်းက ဘက်ထရီစွမ်းရည်ကို ကျဆင်းစေပြီး အားသွင်းချိန်ကို ပိုမိုကြာမြင့်စေနိုင်ရာ သတိပြုရှောင်ရှားရပါမည်။

၃။ (ခ) စနစ်တကျ ရေရှည်ရပ်ထားခြင်း

EV ကို သီတင်းပတ် (သို့မဟုတ်) လအနည်းငယ်ကြာ အသုံးမပြုဘဲထားမည်ဆိုပါက စနစ်တကျ မသိမ်းဆည်းခြင်းက ဘက်ထရီကိုပျက်စီးစေနိုင်၏။ မမောင်းဘဲရေရှည်ရပ်ထားပါက လွန်ကဲစွာပူခြင်း၊ အေးခြင်းမရှိသော ကားဂိုဒေါင်အတွင်းထား၍ ဘက်ထရီစွမ်းအင်ကို ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအတွင်း ထိန်းထားရမည်ဖြစ်ပြီး အားသွင်းကြိုးကို အကန့်အသတ်မရှိတပ်မထားပါနှင့်။

EV အားသွင်းသည့် အလေ့အထများကဘက်ထရီ၏ အိုမင်းရင့်ရော်လာမှုကို အတိအကျ ပုံဖော်လျက်ရှိသည်။ အစွန်းရောက်အားသွင်းမှုဖြစ်သည့် ရာနှုန်းပြည့်အမြဲသွင်းခြင်းက ဘက်ထရီ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အစွန်းရောက်သုံးစွဲမှုဖြစ်သည့် စွမ်းအင်ကုန်ခန်းသွားသည်အထိ သုံးစွဲခြင်းသည်လည်း ဘက်ထရီ၏ ပျက်စီးယိုယွင်းမှုကို ပိုမိုမြန်ဆန်စေပါသည်။

EV သက်တမ်းရှည်စေရေးအတွက် EV အားသွင်းခြင်းသည် အရေးကြီးလုပ်ငန်းစဉ်ဖြစ်ရာ ဤနေရာတွင် အနှစ်ချုပ်ပုံကိုတင်ပြပါမည်။ ဘက်ထရီကျန်းမာရေးအခြေအနေ ကောင်းမွန်ရန်နှင့် မလိုလားအပ်သောအန္တရာယ်များ ကင်းဝေးစေရန်အတွက် ဖော်ပြပါ ပုံ (၇) အတိုင်း သုံးစွဲမှုအခြေအနေပေါ် မူတည်၍ ဘက်ထရီအားသွင်းခြင်းကို ဆောင်ရွက်သင့်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

MDN

အောင်ဇေယျဟိန်း

ကမ္ဘာပေါ်တွင် အောင်မြင်မှုရရှိနေသည့် တရုတ်နိုင်ငံ၏ နည်းပညာမြင့် လျှပ်စစ်ကားများ
-
ယနေ့ကမ္ဘာတွင် တရုတ်နိုင်ငံသည် လျှပ်စစ်ကား (EV) ထုတ်လုပ်မှုနှင့် နည်းပညာပိုင်း၌ မည်သူမျှ မယှဉ်နိုင်သော အရှိန်အဟုန်ဖြင့် ထိပ်တန်းမှ ဦးဆောင်နေသည်။ ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းကားရောင်းအား ထက်ဝက်ကျော်မှာ လျှပ်စစ်ကားများဖြစ်လာခဲ့ပြီး BYD ကဲ့သို့သော ကုမ္ပဏီများသည် Tesla ထက်ပင် ရောင်းအားသာလွန်ကာ ကမ္ဘာ့နံပါတ်တစ်နေရာကို ရယူထား နိုင်ပြီဖြစ်သည်။ အစိုးရ၏ အခွန်ကင်းလွတ်ခွင့် ပံ့ပိုးမှုများ၊ စမတ်ဖုန်းနည်းပညာနှင့် ကားများကို ပေါင်းစပ်ပေးနိုင်သော Xiaomi ကဲ့သို့ တီထွင်ဆန်းသစ်မှုများကြောင့် တရုတ်လျှပ်စစ်ကားများသည် ဈေးနှုန်း သက်သာရုံသာမက နည်းပညာပိုင်းတွင်ပါ ဥရောပနှင့် အမေရိကန်ကားများကို စိန်ခေါ် လာနိုင်သည်။ ထို့ကြောင့် အရှေ့တောင်အာရှမှသည် ဥရောပဈေးကွက်အထိ တရုတ်လျှပ်စစ် ကားများ၏ လွှမ်းမိုးမှုမှာ ရှောင်လွှဲ၍မရသော ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲတစ်ခု ဖြစ်လာပေသည်။ တရုတ်နိုင်ငံ၏ EV လုပ်ငန်းသည် မြို့ပြလေထု ညစ်ညမ်းမှုကို လျှော့ချခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချခြင်းဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများရှိနေသည်။ မြို့ပြဒေသတွင် လျှပ်စစ်ကားများသုံးစွဲခြင်းဖြင့် လောင်စာဆီသုံးကားများထက် လေထုညစ်ညမ်းမှုကို လျော့ကျစေပြီး သန့်ရှင်းသည့် လူနေမှုစနစ်ကို ဆောင်ရွက်ရာရောက်သည်။ Xiaomi လျှပ်စစ်ကား၏ HyperOS ကဲ့သို့သော စနစ်များသည် ဖုန်း၊ အိမ်ရှိ လျှပ်စစ်ပစ္စည်းများနှင့် ကားကို တစ်သားတည်းချိတ်ဆက်ပေးကာ “ရွေ့လျားနေသော စမတ်ပစ္စည်း” အဖြစ် ပြောင်းလဲ လိုက်သည်။ ခရီးသွားလာစဉ်အတွင်း အိမ်ရှိပစ္စည်းများကို လှမ်း၍ထိန်းချုပ်နိုင်ခြင်း၊ AI ဖြင့် စကား ပြောခိုင်းစေနိုင်ခြင်းတို့က လူနေမှုပုံစံကို အဆင်ပြေ စေသည်။ Xiaomi SU7 လျှပ်စစ်ကားတွင်ပါဝင်သည့် နည်းပညာများကိုလည်း အောက်ပါအတိုင်းတွေ့ရှိရသည်။ အသိဉာဏ်ရှိသော စက်ရုပ် (Intelligent Robot) စနစ်အရ ကားသည်လမ်းများမှ အတားအဆီးများကို လူထက်မြန်အောင် သိရှိနိုင်ပြီး ဘေးကင်းအောင် ရှောင်ကွင်းမောင်းနှင်နိုင်သည့် Lidar နှင့် AI Sensors များ ပါဝင်သောကြောင့် သာမန်ကားထက် စက်ရုပ်တစ်ရုပ်ကဲ့သို့ အသုံးပြုနိုင်သည်။ Xiaomi Pilot (Autonomous Driving)စနစ်အရ မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုများတွင် ကားကို အလိုအလျောက် ထိန်းကျောင်းမောင်းနှင်ပေးနိုင်သလို ကျဉ်းမြောင်းသည့် နေရာများတွင်လည်း လူမပါဘဲ အလိုအလျောက် ကားပါကင်ထိုးပေးနိုင်သည်အထိ အဆင့်မြင့်ကြောင်း တွေ့ရသည်။ AI Voice Assistant (Xiao AI) စနစ်အရ “ငါ့ကို အိမ်ပြန်ပို့ပေးပါ” သို့မဟုတ် “အိမ်ရောက်ရင် လေအေးပေးစက်ဖွင့်ထားပေးပါ”ဆိုသည့် ခိုင်းစေချက်များကို နားလည်ပြီး ချက်ချင်းလုပ်ဆောင်ပေး နိုင်ခြင်းသည် စမတ်ကျသည့် လူနေမှုပုံစံ ကို ပေးစွမ်းသည်။ တရုတ်နိုင်ငံ၏ EV ကုမ္ပဏီများသည် ကမ္ဘာ့လျှပ်စစ်ကား ဘက်ထရီထုတ်လုပ်မှု၏ ၇၀ ရာခိုင် နှုန်းကျော်ကို ထိန်းချုပ်ထားရုံသာမက နည်းပညာ ပိုင်းတွင်ပါ ထိပ်တန်းရောက်နေသည်။ တရုတ်နိုင်ငံ CATL လျှပ်စစ်ကားလုပ်ငန်းမှ ထုတ်လုပ်သည့် Shenxing ဘက်ထရီသည် ၁၀ မိနစ် အားသွင်းရုံဖြင့် ကီလိုမီတာ ၄၀၀ (၂၅၀ မိုင်ခန့်) ခရီးနှင်နိုင်သည့် 4C Superfast Charging နည်းပညာကြောင့် ဥရောပကားများထက် အားသာ ချက်ရှိကြောင်း တွေ့ရှိရသည်။ ထို့ပြင် ၂၀၂၆-၂၀၂၇ အတွင်း မိုင် ၆၀၀ ကျော် အထိသွားနိုင်မည့် ဘက်ထရီများကို တရုတ်လျှပ်စစ် ကားလုပ်ငန်း NIO နှင့် IM Motors တို့က စတင် မိတ်ဆက်နေပြီဖြစ်သည်။ တရုတ်နိုင်ငံသည် လျှပ်စစ်ကားများအတွက် အဓိကကိရိယာဖြစ်သည့် ဘက်ထရီများထုတ်လုပ် နိုင်သော ကုန်ကြမ်းများကို ပိုင်ဆိုင်ထားခြင်းကလည်း လျှပ်စစ်ကားများထုတ်လုပ်ရာတွင် အောင်မြင် မှုကို ပံ့ပိုးပေးသည်။ အခြားနိုင်ငံများမှ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများက အရင်းအမြစ်များကို အောင်မြင်စွာ အသုံးမချနိုင်သည့်အချိန်တွင် တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများက ၎င်းအရင်းအမြစ် များအား အောင်မြင်စွာအသုံးပြုနေသည်ကို တွေ့ရှိ ရသည်။ တရုတ်နိုင်ငံသည် သယ်ယူပို့ဆောင်ရေးတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုနိုင်သည့် လျှပ်စစ်ကားများကို အများအပြားအသုံးပြုနေပြီဖြစ်သည်။ နေ့စဉ် လူနေမှုပုံစံတွင် လျှပ်စစ်ကားများ၏ အသုံးဝင်မှုကိုလည်း တရုတ်နိုင်ငံသားများက နားလည်ထားကြ ရာ လျှပ်စစ်ကားအသုံးပြုမှုမှာ တစ်နေ့တခြား များပြားလာသည်ကို တွေ့ရှိရသည်။ စွမ်းအင်ဖြစ်သည့် လျှပ်စစ်ကား အားဖြည့်စခန်းများကိုလည်း အများအပြားထူထောင်ခဲ့ပြီးဖြစ်ရာ လောင်စာအစား ထိုး စွမ်းအင်အတွက် စိတ်ချရသည့် အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။ ရုပ်ကြွင်းလောင်စာသုံးစွဲမှု လျော့ကျလာနေသည့် ယနေ့ကမ္ဘာတွင် တရုတ်နိုင်ငံ၏ လျှပ်စစ်ကား မြှင့်တင်ရေး ဆောင်ရွက်ချက်များမှာ အောင်မြင်မှုရရှိနေသည်ကို တွေ့ရှိရကြောင်း ရေးသားလိုက်ရပါသည်။ ။ ကိုးကား - The Rise Of China EV IndustrYMDN

ယနေ့ကမ္ဘာတွင် တရုတ်နိုင်ငံသည် လျှပ်စစ်ကား (EV) ထုတ်လုပ်မှုနှင့် နည်းပညာပိုင်း၌ မည်သူမျှ မယှဉ်နိုင်သော အရှိန်အဟုန်ဖြင့် ထိပ်တန်းမှ ဦးဆောင်နေသည်။ ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းကားရောင်းအား ထက်ဝက်ကျော်မှာ လျှပ်စစ်ကားများဖြစ်လာခဲ့ပြီး BYD ကဲ့သို့သော ကုမ္ပဏီများသည် Tesla ထက်ပင် ရောင်းအားသာလွန်ကာ ကမ္ဘာ့နံပါတ်တစ်နေရာကို ရယူထား နိုင်ပြီဖြစ်သည်။ အစိုးရ၏ အခွန်ကင်းလွတ်ခွင့် ပံ့ပိုးမှုများ၊ စမတ်ဖုန်းနည်းပညာနှင့် ကားများကို ပေါင်းစပ်ပေးနိုင်သော Xiaomi ကဲ့သို့ တီထွင်ဆန်းသစ်မှုများကြောင့် တရုတ်လျှပ်စစ်ကားများသည် ဈေးနှုန်း သက်သာရုံသာမက နည်းပညာပိုင်းတွင်ပါ ဥရောပနှင့် အမေရိကန်ကားများကို စိန်ခေါ် လာနိုင်သည်။ ထို့ကြောင့် အရှေ့တောင်အာရှမှသည် ဥရောပဈေးကွက်အထိ တရုတ်လျှပ်စစ် ကားများ၏ လွှမ်းမိုးမှုမှာ ရှောင်လွှဲ၍မရသော ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲတစ်ခု ဖြစ်လာပေသည်။

တရုတ်နိုင်ငံ၏ EV လုပ်ငန်းသည် မြို့ပြလေထု ညစ်ညမ်းမှုကို လျှော့ချခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချခြင်းဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများရှိနေသည်။ မြို့ပြဒေသတွင် လျှပ်စစ်ကားများသုံးစွဲခြင်းဖြင့် လောင်စာဆီသုံးကားများထက် လေထုညစ်ညမ်းမှုကို လျော့ကျစေပြီး သန့်ရှင်းသည့် လူနေမှုစနစ်ကို ဆောင်ရွက်ရာရောက်သည်။

Xiaomi လျှပ်စစ်ကား၏ HyperOS ကဲ့သို့သော စနစ်များသည် ဖုန်း၊ အိမ်ရှိ လျှပ်စစ်ပစ္စည်းများနှင့် ကားကို တစ်သားတည်းချိတ်ဆက်ပေးကာ “ရွေ့လျားနေသော စမတ်ပစ္စည်း” အဖြစ် ပြောင်းလဲ လိုက်သည်။ ခရီးသွားလာစဉ်အတွင်း အိမ်ရှိပစ္စည်းများကို လှမ်း၍ထိန်းချုပ်နိုင်ခြင်း၊ AI ဖြင့် စကား ပြောခိုင်းစေနိုင်ခြင်းတို့က လူနေမှုပုံစံကို အဆင်ပြေ စေသည်။

Xiaomi SU7 လျှပ်စစ်ကားတွင်ပါဝင်သည့် နည်းပညာများကိုလည်း အောက်ပါအတိုင်းတွေ့ရှိရသည်။

အသိဉာဏ်ရှိသော စက်ရုပ် (Intelligent Robot) စနစ်အရ ကားသည်လမ်းများမှ အတားအဆီးများကို လူထက်မြန်အောင် သိရှိနိုင်ပြီး ဘေးကင်းအောင် ရှောင်ကွင်းမောင်းနှင်နိုင်သည့် Lidar နှင့် AI Sensors များ ပါဝင်သောကြောင့် သာမန်ကားထက် စက်ရုပ်တစ်ရုပ်ကဲ့သို့ အသုံးပြုနိုင်သည်။

Xiaomi Pilot (Autonomous Driving)စနစ်အရ မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုများတွင် ကားကို အလိုအလျောက် ထိန်းကျောင်းမောင်းနှင်ပေးနိုင်သလို ကျဉ်းမြောင်းသည့် နေရာများတွင်လည်း လူမပါဘဲ အလိုအလျောက် ကားပါကင်ထိုးပေးနိုင်သည်အထိ အဆင့်မြင့်ကြောင်း တွေ့ရသည်။

AI Voice Assistant (Xiao AI) စနစ်အရ “ငါ့ကို အိမ်ပြန်ပို့ပေးပါ” သို့မဟုတ် “အိမ်ရောက်ရင် လေအေးပေးစက်ဖွင့်ထားပေးပါ”ဆိုသည့် ခိုင်းစေချက်များကို နားလည်ပြီး ချက်ချင်းလုပ်ဆောင်ပေး နိုင်ခြင်းသည် စမတ်ကျသည့် လူနေမှုပုံစံ ကို ပေးစွမ်းသည်။

တရုတ်နိုင်ငံ၏ EV ကုမ္ပဏီများသည် ကမ္ဘာ့လျှပ်စစ်ကား ဘက်ထရီထုတ်လုပ်မှု၏ ၇၀ ရာခိုင် နှုန်းကျော်ကို ထိန်းချုပ်ထားရုံသာမက နည်းပညာ ပိုင်းတွင်ပါ ထိပ်တန်းရောက်နေသည်။

တရုတ်နိုင်ငံ CATL လျှပ်စစ်ကားလုပ်ငန်းမှ ထုတ်လုပ်သည့် Shenxing ဘက်ထရီသည် ၁၀ မိနစ် အားသွင်းရုံဖြင့် ကီလိုမီတာ ၄၀၀ (၂၅၀ မိုင်ခန့်) ခရီးနှင်နိုင်သည့် 4C Superfast Charging နည်းပညာကြောင့် ဥရောပကားများထက် အားသာ ချက်ရှိကြောင်း တွေ့ရှိရသည်။

ထို့ပြင် ၂၀၂၆-၂၀၂၇ အတွင်း မိုင် ၆၀၀ ကျော် အထိသွားနိုင်မည့် ဘက်ထရီများကို တရုတ်လျှပ်စစ် ကားလုပ်ငန်း NIO နှင့် IM Motors တို့က စတင် မိတ်ဆက်နေပြီဖြစ်သည်။

တရုတ်နိုင်ငံသည် လျှပ်စစ်ကားများအတွက် အဓိကကိရိယာဖြစ်သည့် ဘက်ထရီများထုတ်လုပ် နိုင်သော ကုန်ကြမ်းများကို ပိုင်ဆိုင်ထားခြင်းကလည်း လျှပ်စစ်ကားများထုတ်လုပ်ရာတွင် အောင်မြင် မှုကို ပံ့ပိုးပေးသည်။ အခြားနိုင်ငံများမှ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများက အရင်းအမြစ်များကို အောင်မြင်စွာ အသုံးမချနိုင်သည့်အချိန်တွင် တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများက ၎င်းအရင်းအမြစ် များအား အောင်မြင်စွာအသုံးပြုနေသည်ကို တွေ့ရှိ ရသည်။

 တရုတ်နိုင်ငံသည် သယ်ယူပို့ဆောင်ရေးတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုနိုင်သည့် လျှပ်စစ်ကားများကို အများအပြားအသုံးပြုနေပြီဖြစ်သည်။ နေ့စဉ် လူနေမှုပုံစံတွင် လျှပ်စစ်ကားများ၏ အသုံးဝင်မှုကိုလည်း တရုတ်နိုင်ငံသားများက နားလည်ထားကြ ရာ လျှပ်စစ်ကားအသုံးပြုမှုမှာ တစ်နေ့တခြား များပြားလာသည်ကို တွေ့ရှိရသည်။ စွမ်းအင်ဖြစ်သည့် လျှပ်စစ်ကား အားဖြည့်စခန်းများကိုလည်း အများအပြားထူထောင်ခဲ့ပြီးဖြစ်ရာ လောင်စာအစား ထိုး စွမ်းအင်အတွက် စိတ်ချရသည့် အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။ ရုပ်ကြွင်းလောင်စာသုံးစွဲမှု လျော့ကျလာနေသည့် ယနေ့ကမ္ဘာတွင် တရုတ်နိုင်ငံ၏ လျှပ်စစ်ကား မြှင့်တင်ရေး ဆောင်ရွက်ချက်များမှာ အောင်မြင်မှုရရှိနေသည်ကို တွေ့ရှိရကြောင်း ရေးသားလိုက်ရပါသည်။ ။

ကိုးကား - The Rise Of China EV IndustrY

MDN

စိုးသူရ

ဉာဏ်ရည်တုလှိုင်းများ
-
လူ့သမိုင်းကို လှိုင်းများနှင့် နှိုင်းယှဉ်တင်ပြသည့် ပုံစံမျိုးကို ကျွန်တော်တို့ ပထမဆုံးတွေ့မြင်ရသည်မှာ အယ်လ်ဗင်တော့ဖလာ၏ တတိယလှိုင်း(The Third Wave)စာအုပ်ဖြစ်ပါလိမ့်မည်။ ထို့နောက်ပိုင်းတွင် အလားတူလှိုင်းများအဖြစ် ဥပမာပြုပြီး သမိုင်းကိုပုံဖော်သည့် အရေးအသားများရှိလာ သည်။ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း(The Clash of Civilizations) စာအုပ်ဖြင့် လူသိပိုများသည့် ဆင်မြူရယ် ဟန်တင်တန်ကလည်း တတိယလှိုင်း (The Third Wave: Democratization in the Late Twentieth Century) ဆိုပြီး ရေးသားခဲ့သည်။ ဉာဏ်ရည်တုနည်းပညာပိုင်းတွင် အလားတူ ရေးသားခဲ့သည်က ဉာဏ်ရည်တုနည်းပညာကို ဦးဆောင်တိုးတက်စေခဲ့သူတစ်ယောက်လည်းဖြစ်၊ လက်ရှိမိုက်ခရိုဆော့ဖ်၏ အေအိုင်ဌာန စီအီးအိုလည်းဖြစ်သည့် မူစတာဖာ ဆူလီမန်၏ ၂၀၂၃ ခုနှစ်ထုတ် နောက်လာမည့်လှိုင်း (The Coming Wave)စာအုပ်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်လည်း ဉာဏ်ရည်တုနည်းပညာ၏ ပါဝါပြန်လည်ဖြန့်ဝေမှု ပုံစံများကို ဆွေးနွေးတင်ပြရာတွင် လှိုင်းများအဖြစ် ပုံဖော်လျှင် ပိုပြီးမြင်သာမည်ဟု ယူဆမိပါသည်။တကယ်တော့ ဉာဏ်ရည်တုနည်းပညာကို လှိုင်းများအဖြစ် ခွဲထုတ်ပြခဲ့သည်မှာ ဆူလီမန်လိုပင် ဉာဏ်ရည်တုလောကထဲမှ အတွင်းလူတစ်ယောက်ဖြစ်သည့် လီကိုင်ဖူးဖြစ်သည်။ လီသည် ဉာဏ်ရည်တုနည်းပညာ ဂုရုကြီးတစ်ယောက်ဖြစ်သလို လက်ရှိအချိန်တွင်လည်း ဆီနိုဗေးရှင်းဗန်းချားဆိုသည့် တရုတ်ဉာဏ်ရည်တုနည်းပညာကုမ္ပဏီကို တည်ထောင်ကာ ဥက္ကဋ္ဌအဖြစ်ရော စီအီးအိုအဖြစ်ပါ ဦးဆောင်နေသူဖြစ်သည်။ သူက ၂၀၂၁ ခုနှစ်ထုတ် သူ့စာအုပ် အေအိုင် ၂၀၄၁ ( AI 2041) ထဲတွင် ဉာဏ်ရည်တုနည်းပညာ တိုးတက်ပျံ့နှံ့လာသည့်ပုံစံကို လှိုင်းများဖြင့် ခွဲပြခဲ့သည်။ပထမလှိုင်းကို အင်တာနက်အေအိုင်ဟု သူက နာမည်ပေးထားပြီး ၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် အစပြုထားသည်။ ဂူးဂဲလ်၊ အမေဇုန်၊ ဖေ့စ်ဘွတ်တို့တွင် သုံးထားသည့် ရှာဖွေရေး၊ ကြော်ငြာ၊ ဂိမ်းနှင့် ဖျော်ဖြေရေးများအတွက်သုံးသည့် အေအိုင်မျိုးဖြစ်သည်။ ပျံ့နှံ့မှုကောင်းသော်လည်း ပါဝါအားနည်းသေးသည်။ သို့သော် လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် အေအိုင်၏ သွယ်ဝိုက်လွှမ်းမိုးမှု စတင်သည့်လှိုင်းဖြစ်သည်။ဒုတိယလှိုင်းကို သူက စီးပွားရေးအေအိုင်ဟုနာမည်ပေးထားပြီး ၂၀၁၄ ခုနှစ်ဝန်းကျင်တွင် အစပြုထားသည်။ ငွေကြေးဝန်ဆောင်မှု၊ ပညာရေး၊ အများပြည်သူဝန်ဆောင်မှု၊ ဆေးဘက်ဆိုင်ရာ၊ ကုန်စည်ထောက်ပို့လုပ်ငန်းပိုင်းတို့တွင် အေအိုင်ဝင်ရောက်လာသည့်ကာလဖြစ်သည်။ အများပြည်သူနှင့် တိုက်ရိုက်ပတ်သက်လာပြီဖြစ်၍ ပါဝါပျံ့နှံ့မှု အလယ်အလတ်တန်းစားဖြစ်လာသလို ထိန်းချုပ်နိုင်စွမ်း ကလည်း အလယ်အလတ်လောက်အထိ ရှိနေသေးသည်ဟု ဆိုနိုင်သည်။တတိယလှိုင်းကို သူက သိမြင်နားလည်မှု အေအိုင်ဟု အမည်ပေးထားပြီး ၂၀၁၆ ခုနှစ် ဝန်းကျင်တွင် အစပြုထားသည်။ လုံခြုံရေး၊ လက်လီဈေးကွက်၊ စွမ်းအင်၊ အင်တာနက်နည်းပညာ၊ နည်းပညာမြင့် အိမ်များနှင့် မြို့ကြီးများတွင်သုံးလာသည့် အေအိုင်နည်းပညာကို ဆိုလိုသည်။ နည်းပညာဘက်မှ ကြည့်လျှင် ကွန်ပျူတာအမြင်နှင့် စကားသံနားလည်နိုင်စွမ်းတို့ အသက်ဝင်လာသည့်ကာလဖြစ်သည်။ ပါဝါပျံ့နှံ့မှုအားကောင်းလာသော်လည်း အလယ်အလတ်ဟုပင် ဆိုနိုင်သေးသည်။ ထိန်းချုပ်နိုင်စွမ်းလည်း အလယ်အလတ်လောက်တွင် ရှိနေသေး၍ပင်။ ဥပမာပေးရလျှင် ဆီရီတို့၊ အလက်ဇာတို့လို မျိုးဖြစ်သည်။ အေအိုင်သည် ကမ္ဘာကြီးကို အာရုံခံစားပြီး အဓိပ္ပာယ်ပြန်ဆိုနိုင်လာပြီဖြစ်သည်။စတုတ္ထလှိုင်းကို သူက အလိုအလျောက်အေအိုင်ဟု အမည်ပေးထားပြီး ၂၀၁၈ ခုနှစ်ဝန်းကျင်တွင် အစပြုထားသည်။ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် အေအိုင်ပါဝင်လာသည့်ကာလဖြစ်သည်။ ဥပမာပေးရလျှင် မောင်းသူမဲ့ ဒရုန်းများ၊ မောင်းသူမဲ့ကားများနှင့် စက်ရုပ် များဖြစ်သည်။ ပါဝါပျံ့နှံ့မှုက အထူးပြုလုပ်ငန်းကြီးများဘက်သို့ ယိမ်းလာသည်။ ထိန်းကျောင်းဖို့ ခက်လာသည်။ အေအိုင်ဦးဆောင်သည့် အလိုအလျောက်အလုပ်လုပ်သည့်စက်များ လက်တွေ့ ကမ္ဘာထဲသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ဆိုခဲ့သလို သူ့စာအုပ်က ၂၀၂၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်ဖြစ်၍ လှိုင်းများမှာ ထိုနေရာတွင် ရပ်သွားသည်။ ယခု ကျွန်တော်တို့ရောက်နေသည်က ၂၀၂၆ ခုနှစ်။ ကြားထဲတွင် နောက်တစ်လှိုင်းရှိလာ ပြီဖြစ်သည်။ ထိုလှိုင်းမှာ ဂျင်နရေးတစ်အေအိုင်ဖြစ်သည်။ လူတိုင်းသိနေသည့် နည်းပညာများနှင့် ပြောရလျှင် ချတ်ဂျီပီတီ၊ ဂျမနိုင်း၊ ကိုပိုင်းလော့တို့လို ဂျင်နရေးတစ်အေအိုင်များ၏ခေတ်ဖြစ်သည်။ တစ်ဖက်မှကြည့်လျှင် ပါဝါသည် အများပြည်သူလက်ထဲသို့ ပိုမိုပျံ့နှံ့လာသည်ဟု ဆိုနိုင်သည်။ သို့သော် ကြီးလေကောင်းလေဟုဆိုသည့် Scaling Law ၏ သဘောတရားဖြင့်ကြည့်လျှင် ပါဝါသည် လုပ်ငန်းကြီးများနှင့် အစိုးရများထံသို့ ပိုမိုစုစည်းလာသည်ကိုလည်း တွေ့နိုင်သည်။ဆိုလိုသည်မှာ ပါဝါပျံ့နှံ့မှုနှင့် ပါဝါဗဟိုချက်စုမှုတို့ အပြိုင်ဖြစ်ပေါ်လာသည့် ဝိရောဓိကာလတစ်ခုဖြစ်သည်။ ထို့ကြောင့် ထိန်းချုပ်နိုင်စွမ်းမှာ ပိုမိုခက်ခဲလာပြီး အေအိုင်အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့်ပြဿနာများလည်း ပေါ်ပေါက်လာသည်။ စည်းမျဉ်းဥပဒေများဘက်မှ ထိန်းချုပ်ရန် ကြိုးပမ်းမှုများကိုလည်း တဖြည်းဖြည်း မြင်တွေ့လာရသည်။ ထို့ကြောင့် ကျွန်တော်က အဆိုပါ ပဉ္စမလှိုင်းကို ၂၀၂၄ ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့သည်ဟုယူဆပြီး ‘ဂျင်နရေးတစ် အေအိုင်လှိုင်း’ ဟု အမည်ပေးလိုသည်။လက်ရှိအချိန်တွင် အေအိုင်အတွင်း လူများက အေအိုင်နည်းပညာနှင့်ပတ်သက်၍ ဘယ်လိုစဉ်းစားကြပါသလဲ။ ၂၀၂၄ ခုနှစ်ထုတ် AI First စာအုပ်ထဲတွင် စာရေးသူနှစ်ယောက်ဖြစ်သည့် အဒမ်ဘရော့မန်းနှင့် အန်ဒီဆက်ခ်တို့ အိုင်းပင်း အေအိုင်စီအီးအို ဆမ်အော့ထ်မန်းနှင့် တွေ့ဆုံစကားပြောခဲ့သည့် အကြောင်းရေးထားသည်ကို တစ်ဆင့်ပြန်လည်ဖောက်သည်ချလိုပါသည်။ မိတ်ဆက်ရလျှင် ဘရော့မန်းသည် လက်ရှိစတားဘက်ခ် ကော်ဖီဆိုင်များ၏ ဒစ်ဂျစ်တယ်အမှုဆောင်ချုပ်။ ဆက်ခ်သည် အမေဇုန်၏ ဒုဥက္ကဋ္ဌဟောင်းဖြစ်ပြီး အေအိုင်ဖြင့်မောင်းနှင်သည့် လုပ်ငန်းလည်ပတ်မှုကို အကြံဉာဏ်များပေးခဲ့သူ။ ထို့ပြင် အေအိုင်လောကအတွင်း၌သာ အသုံးများသော ‘အေအိုင် ပထမ’ ဆိုသည့်သဘောတရားကို အများပြည်သူနှင့် မိတ်ဆက်ပေးခဲ့ကြသူများဖြစ်သည်။ သူတို့သည် ဆမ်အော့ထ်မန်းကို လက်ရှိသူတို့ဦးဆောင်နေသည့် စတားဘက်ခ်လုပ်ငန်းအတွက် နည်းပညာ အကြံဉာဏ်တောင်းခံဖို့လာကြခြင်းဖြစ်သည်။ သို့သော် အော့ထ်မန်း၏အဖြေက သူတို့ကို ထိတ်လန့်သွားစေခဲ့သည်။“ကျွန်တော်တို့ ကြားလိုက်ရတဲ့စကားကို မျှော်လင့်မထားမိဘူး။ ‘အေဂျီအိုင် ဟုတ်လား’လို့ ပြန်မေးမိလိုက်တယ်။ အေဂျီအိုင်ဆိုတာ အထွေထွေဉာဏ်ရည်တုဆိုတာ ကျွန်တော်တို့သိပါတယ်။ ယေဘုယျပြောရရင် သူတို့ဘာသာသူတို့ စဉ်းစားနိုင်စွမ်းရှိတဲ့ အေအိုင်မိုဒယ်လ်တွေလို့ နားလည်ထားပြီးသား ပါ။ တာမင်နေတာ ရုပ်ရှင်တွေထဲကလူလို လုပ်ကိုင်လှုပ်ရှားနိုင်တဲ့ စက်ရုပ်တွေလိုမျိုးပေါ့။ သူက အေဂျီအိုင်ဆိုတဲ့စကားလုံးကို ကျွန်တော်တို့ သိပြီးသားပုံစံမျိုး ပေါ့ပေါ့ပါးပါးပဲပြောသွားတာ။ တကယ်တမ်းက အေဂျီအိုင်အကြောင်း အဲဒီလောက် လေ့လာထားတာမဟုတ်ဘူး။ ဒါနဲ့ပဲ ‘ခင်ဗျား အေဂျီအိုင် လို့ပြောလိုက်တာ ဘာအဓိပ္ပာယ်လဲ’လို့ သူ့ကိုပဲ ပြန်မေးလိုက်မိတယ်။ ဒီဂြိုဟ်ပေါ်က အရေးကြီးဆုံး အေအိုင်ခေါင်းဆောင်တစ်ယောက်ကို ဒီလောက်တုံးတဲ့မေးခွန်းမျိုး မေးရသလားဆိုတဲ့ပုံစံမျိုး သူက ကျွန်တော်တို့ကို ဝေ့ကြည့်လိုက်တယ်။ ဒါပေမဲ့ ခဏရပ်ပြီး စဉ်းစားပြီးတဲ့နောက်မှာတော့ ‘မေးခွန်းက ကောင်းပါတယ်။ အေအိုင်က ဝတ္ထုတွေထဲကလို သိပ္ပံပညာထိုးဖောက်အောင်မြင်မှုမျိုးတွေ သူ့ဘာသာ သူလုပ်နိုင်တော့မှပဲ ကျွန်တော် အဲဒီအကြောင်းကို ပြောတော့မယ်’လို့ ဆက်ပြောလိုက်တယ်”ဟု ရေးထားသည်။ဘရော့ခ်မန်းနှင့် ဆက်ခ်တို့မမှားပါ။ အေဂျီအိုင်၊ အထွေထွေဉာဏ်ရည်၊ စူပါဉာဏ်ရည်၊ အမှတ်ထူး၊ ခေတ်သစ် ကျူနင် စမ်းသပ်မှုဆိုသည့် စကားလုံးများသည် အိပ်မက်သာသာပင်ရှိသေးသည်မဟုတ် ပါလား။ သို့သော် အော့ထ်မန်းလို လူတစ်ယောက်က စတားဘက်ခ်လုပ်ငန်းအတွက် အနာဂတ် နည်းပညာအကြံပြုရာတွင် အေဂျီအိုင်ဟု ပြောလိုက်ခြင်းမှာ ဆန်းသည်။ ထိုအနေအထားကို အမှတ်ထူးဟု နာမည်ပေးထားသော စာရေးဆရာ ရေးကာ့ဇ်ဝဲလ် ကတော့ ၂၀၂၄ ခုနှစ်တွင် အမှတ်ထူးပိုနီးလာပြီ (The Singularity Is Nearer)ဆိုသည့် စာအုပ်ကို ထပ်ရေးခဲ့သည်။ တကယ်နီးနေပြီလား။ နီးနေပြီဆိုလျှင် ကျွန်တော်တို့ကြုံဖူးသမျှ အကြီးဆုံးနည်းပညာလှိုင်းနှင့် ကြုံရတော့မည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။MDN

လူ့သမိုင်းကို လှိုင်းများနှင့် နှိုင်းယှဉ်တင်ပြသည့် ပုံစံမျိုးကို ကျွန်တော်တို့ ပထမဆုံးတွေ့မြင်ရသည်မှာ အယ်လ်ဗင်တော့ဖလာ၏ တတိယလှိုင်း(The Third Wave)စာအုပ်ဖြစ်ပါလိမ့်မည်။ ထို့နောက်ပိုင်းတွင် အလားတူလှိုင်းများအဖြစ် ဥပမာပြုပြီး သမိုင်းကိုပုံဖော်သည့် အရေးအသားများရှိလာ သည်။ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း(The Clash of Civilizations) စာအုပ်ဖြင့်   လူသိပိုများသည့် ဆင်မြူရယ် ဟန်တင်တန်ကလည်း တတိယလှိုင်း (The Third Wave: Democratization in the Late Twentieth Century) ဆိုပြီး  ရေးသားခဲ့သည်။ ဉာဏ်ရည်တုနည်းပညာပိုင်းတွင်  အလားတူ ရေးသားခဲ့သည်က ဉာဏ်ရည်တုနည်းပညာကို ဦးဆောင်တိုးတက်စေခဲ့သူတစ်ယောက်လည်းဖြစ်၊ လက်ရှိမိုက်ခရိုဆော့ဖ်၏   အေအိုင်ဌာန  စီအီးအိုလည်းဖြစ်သည့် မူစတာဖာ ဆူလီမန်၏ ၂၀၂၃ ခုနှစ်ထုတ် နောက်လာမည့်လှိုင်း (The Coming Wave)စာအုပ်ဖြစ်သည်။ ထို့ကြောင့်   ကျွန်တော်လည်း ဉာဏ်ရည်တုနည်းပညာ၏ ပါဝါပြန်လည်ဖြန့်ဝေမှု ပုံစံများကို ဆွေးနွေးတင်ပြရာတွင် လှိုင်းများအဖြစ် ပုံဖော်လျှင်  ပိုပြီးမြင်သာမည်ဟု  ယူဆမိပါသည်။

တကယ်တော့ ဉာဏ်ရည်တုနည်းပညာကို လှိုင်းများအဖြစ် ခွဲထုတ်ပြခဲ့သည်မှာ ဆူလီမန်လိုပင် ဉာဏ်ရည်တုလောကထဲမှ အတွင်းလူတစ်ယောက်ဖြစ်သည့် လီကိုင်ဖူးဖြစ်သည်။ လီသည် ဉာဏ်ရည်တုနည်းပညာ ဂုရုကြီးတစ်ယောက်ဖြစ်သလို လက်ရှိအချိန်တွင်လည်း ဆီနိုဗေးရှင်းဗန်းချားဆိုသည့် တရုတ်ဉာဏ်ရည်တုနည်းပညာကုမ္ပဏီကို တည်ထောင်ကာ ဥက္ကဋ္ဌအဖြစ်ရော စီအီးအိုအဖြစ်ပါ ဦးဆောင်နေသူဖြစ်သည်။ သူက ၂၀၂၁ ခုနှစ်ထုတ် သူ့စာအုပ်    အေအိုင် ၂၀၄၁ ( AI 2041) ထဲတွင် ဉာဏ်ရည်တုနည်းပညာ တိုးတက်ပျံ့နှံ့လာသည့်ပုံစံကို လှိုင်းများဖြင့် ခွဲပြခဲ့သည်။

ပထမလှိုင်းကို အင်တာနက်အေအိုင်ဟု သူက နာမည်ပေးထားပြီး ၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် အစပြုထားသည်။ ဂူးဂဲလ်၊  အမေဇုန်၊  ဖေ့စ်ဘွတ်တို့တွင် သုံးထားသည့် ရှာဖွေရေး၊ ကြော်ငြာ၊ ဂိမ်းနှင့် ဖျော်ဖြေရေးများအတွက်သုံးသည့် အေအိုင်မျိုးဖြစ်သည်။ ပျံ့နှံ့မှုကောင်းသော်လည်း ပါဝါအားနည်းသေးသည်။ သို့သော်  လူတစ်ဦးတစ်ယောက်ချင်းစီအပေါ်  အေအိုင်၏ သွယ်ဝိုက်လွှမ်းမိုးမှု စတင်သည့်လှိုင်းဖြစ်သည်။

ဒုတိယလှိုင်းကို သူက စီးပွားရေးအေအိုင်ဟုနာမည်ပေးထားပြီး ၂၀၁၄ ခုနှစ်ဝန်းကျင်တွင် အစပြုထားသည်။ ငွေကြေးဝန်ဆောင်မှု၊ ပညာရေး၊ အများပြည်သူဝန်ဆောင်မှု၊ ဆေးဘက်ဆိုင်ရာ၊ ကုန်စည်ထောက်ပို့လုပ်ငန်းပိုင်းတို့တွင် အေအိုင်ဝင်ရောက်လာသည့်ကာလဖြစ်သည်။ အများပြည်သူနှင့်  တိုက်ရိုက်ပတ်သက်လာပြီဖြစ်၍ ပါဝါပျံ့နှံ့မှု အလယ်အလတ်တန်းစားဖြစ်လာသလို ထိန်းချုပ်နိုင်စွမ်း ကလည်း    အလယ်အလတ်လောက်အထိ ရှိနေသေးသည်ဟု ဆိုနိုင်သည်။

တတိယလှိုင်းကို သူက  သိမြင်နားလည်မှု အေအိုင်ဟု အမည်ပေးထားပြီး ၂၀၁၆ ခုနှစ် ဝန်းကျင်တွင် အစပြုထားသည်။ လုံခြုံရေး၊ လက်လီဈေးကွက်၊ စွမ်းအင်၊ အင်တာနက်နည်းပညာ၊  နည်းပညာမြင့် အိမ်များနှင့် မြို့ကြီးများတွင်သုံးလာသည့် အေအိုင်နည်းပညာကို   ဆိုလိုသည်။   နည်းပညာဘက်မှ ကြည့်လျှင် ကွန်ပျူတာအမြင်နှင့် စကားသံနားလည်နိုင်စွမ်းတို့ အသက်ဝင်လာသည့်ကာလဖြစ်သည်။ ပါဝါပျံ့နှံ့မှုအားကောင်းလာသော်လည်း အလယ်အလတ်ဟုပင် ဆိုနိုင်သေးသည်။ ထိန်းချုပ်နိုင်စွမ်းလည်း   အလယ်အလတ်လောက်တွင် ရှိနေသေး၍ပင်။  ဥပမာပေးရလျှင် ဆီရီတို့၊ အလက်ဇာတို့လို မျိုးဖြစ်သည်။   အေအိုင်သည်  ကမ္ဘာကြီးကို အာရုံခံစားပြီး အဓိပ္ပာယ်ပြန်ဆိုနိုင်လာပြီဖြစ်သည်။

စတုတ္ထလှိုင်းကို သူက အလိုအလျောက်အေအိုင်ဟု အမည်ပေးထားပြီး ၂၀၁၈ ခုနှစ်ဝန်းကျင်တွင် အစပြုထားသည်။ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် အေအိုင်ပါဝင်လာသည့်ကာလဖြစ်သည်။  ဥပမာပေးရလျှင်  မောင်းသူမဲ့ ဒရုန်းများ၊ မောင်းသူမဲ့ကားများနှင့် စက်ရုပ် များဖြစ်သည်။ ပါဝါပျံ့နှံ့မှုက အထူးပြုလုပ်ငန်းကြီးများဘက်သို့  ယိမ်းလာသည်။ ထိန်းကျောင်းဖို့ ခက်လာသည်။ အေအိုင်ဦးဆောင်သည့် အလိုအလျောက်အလုပ်လုပ်သည့်စက်များ  လက်တွေ့ ကမ္ဘာထဲသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

ဆိုခဲ့သလို  သူ့စာအုပ်က ၂၀၂၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်ဖြစ်၍ လှိုင်းများမှာ ထိုနေရာတွင် ရပ်သွားသည်။ ယခု ကျွန်တော်တို့ရောက်နေသည်က ၂၀၂၆ ခုနှစ်။ ကြားထဲတွင် နောက်တစ်လှိုင်းရှိလာ ပြီဖြစ်သည်။ ထိုလှိုင်းမှာ  ဂျင်နရေးတစ်အေအိုင်ဖြစ်သည်။ လူတိုင်းသိနေသည့် နည်းပညာများနှင့် ပြောရလျှင် ချတ်ဂျီပီတီ၊ ဂျမနိုင်း၊ ကိုပိုင်းလော့တို့လို ဂျင်နရေးတစ်အေအိုင်များ၏ခေတ်ဖြစ်သည်။ တစ်ဖက်မှကြည့်လျှင်   ပါဝါသည်   အများပြည်သူလက်ထဲသို့ ပိုမိုပျံ့နှံ့လာသည်ဟု ဆိုနိုင်သည်။ သို့သော် ကြီးလေကောင်းလေဟုဆိုသည့် Scaling Law ၏ သဘောတရားဖြင့်ကြည့်လျှင် ပါဝါသည် လုပ်ငန်းကြီးများနှင့် အစိုးရများထံသို့ ပိုမိုစုစည်းလာသည်ကိုလည်း တွေ့နိုင်သည်။

ဆိုလိုသည်မှာ ပါဝါပျံ့နှံ့မှုနှင့် ပါဝါဗဟိုချက်စုမှုတို့ အပြိုင်ဖြစ်ပေါ်လာသည့် ဝိရောဓိကာလတစ်ခုဖြစ်သည်။  ထို့ကြောင့် ထိန်းချုပ်နိုင်စွမ်းမှာ ပိုမိုခက်ခဲလာပြီး အေအိုင်အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့်ပြဿနာများလည်း ပေါ်ပေါက်လာသည်။ စည်းမျဉ်းဥပဒေများဘက်မှ ထိန်းချုပ်ရန် ကြိုးပမ်းမှုများကိုလည်း တဖြည်းဖြည်း မြင်တွေ့လာရသည်။ ထို့ကြောင့်  ကျွန်တော်က  အဆိုပါ ပဉ္စမလှိုင်းကို   ၂၀၂၄  ခုနှစ်ဝန်းကျင်တွင်  စတင်ခဲ့သည်ဟုယူဆပြီး  ‘ဂျင်နရေးတစ် အေအိုင်လှိုင်း’ ဟု အမည်ပေးလိုသည်။

လက်ရှိအချိန်တွင် အေအိုင်အတွင်း လူများက အေအိုင်နည်းပညာနှင့်ပတ်သက်၍ ဘယ်လိုစဉ်းစားကြပါသလဲ။ ၂၀၂၄ ခုနှစ်ထုတ် AI First စာအုပ်ထဲတွင် စာရေးသူနှစ်ယောက်ဖြစ်သည့် အဒမ်ဘရော့မန်းနှင့် အန်ဒီဆက်ခ်တို့ အိုင်းပင်း အေအိုင်စီအီးအို ဆမ်အော့ထ်မန်းနှင့် တွေ့ဆုံစကားပြောခဲ့သည့် အကြောင်းရေးထားသည်ကို တစ်ဆင့်ပြန်လည်ဖောက်သည်ချလိုပါသည်။ မိတ်ဆက်ရလျှင် ဘရော့မန်းသည် လက်ရှိစတားဘက်ခ် ကော်ဖီဆိုင်များ၏  ဒစ်ဂျစ်တယ်အမှုဆောင်ချုပ်။ ဆက်ခ်သည် အမေဇုန်၏ ဒုဥက္ကဋ္ဌဟောင်းဖြစ်ပြီး အေအိုင်ဖြင့်မောင်းနှင်သည့် လုပ်ငန်းလည်ပတ်မှုကို အကြံဉာဏ်များပေးခဲ့သူ။  ထို့ပြင်  အေအိုင်လောကအတွင်း၌သာ    အသုံးများသော  ‘အေအိုင် ပထမ’ ဆိုသည့်သဘောတရားကို  အများပြည်သူနှင့်   မိတ်ဆက်ပေးခဲ့ကြသူများဖြစ်သည်။ သူတို့သည် ဆမ်အော့ထ်မန်းကို လက်ရှိသူတို့ဦးဆောင်နေသည့် စတားဘက်ခ်လုပ်ငန်းအတွက် နည်းပညာ အကြံဉာဏ်တောင်းခံဖို့လာကြခြင်းဖြစ်သည်။ သို့သော် အော့ထ်မန်း၏အဖြေက သူတို့ကို ထိတ်လန့်သွားစေခဲ့သည်။

“ကျွန်တော်တို့ ကြားလိုက်ရတဲ့စကားကို မျှော်လင့်မထားမိဘူး။ ‘အေဂျီအိုင် ဟုတ်လား’လို့ ပြန်မေးမိလိုက်တယ်။ အေဂျီအိုင်ဆိုတာ အထွေထွေဉာဏ်ရည်တုဆိုတာ ကျွန်တော်တို့သိပါတယ်။ ယေဘုယျပြောရရင် သူတို့ဘာသာသူတို့ စဉ်းစားနိုင်စွမ်းရှိတဲ့ အေအိုင်မိုဒယ်လ်တွေလို့ နားလည်ထားပြီးသား ပါ။ တာမင်နေတာ ရုပ်ရှင်တွေထဲကလူလို လုပ်ကိုင်လှုပ်ရှားနိုင်တဲ့ စက်ရုပ်တွေလိုမျိုးပေါ့။ သူက အေဂျီအိုင်ဆိုတဲ့စကားလုံးကို ကျွန်တော်တို့ သိပြီးသားပုံစံမျိုး ပေါ့ပေါ့ပါးပါးပဲပြောသွားတာ။ တကယ်တမ်းက အေဂျီအိုင်အကြောင်း အဲဒီလောက် လေ့လာထားတာမဟုတ်ဘူး။ ဒါနဲ့ပဲ ‘ခင်ဗျား အေဂျီအိုင် လို့ပြောလိုက်တာ ဘာအဓိပ္ပာယ်လဲ’လို့ သူ့ကိုပဲ ပြန်မေးလိုက်မိတယ်။ ဒီဂြိုဟ်ပေါ်က အရေးကြီးဆုံး အေအိုင်ခေါင်းဆောင်တစ်ယောက်ကို ဒီလောက်တုံးတဲ့မေးခွန်းမျိုး မေးရသလားဆိုတဲ့ပုံစံမျိုး  သူက  ကျွန်တော်တို့ကို ဝေ့ကြည့်လိုက်တယ်။ ဒါပေမဲ့ ခဏရပ်ပြီး စဉ်းစားပြီးတဲ့နောက်မှာတော့ ‘မေးခွန်းက ကောင်းပါတယ်။ အေအိုင်က ဝတ္ထုတွေထဲကလို သိပ္ပံပညာထိုးဖောက်အောင်မြင်မှုမျိုးတွေ သူ့ဘာသာ သူလုပ်နိုင်တော့မှပဲ ကျွန်တော် အဲဒီအကြောင်းကို ပြောတော့မယ်’လို့ ဆက်ပြောလိုက်တယ်”ဟု ရေးထားသည်။

ဘရော့ခ်မန်းနှင့် ဆက်ခ်တို့မမှားပါ။ အေဂျီအိုင်၊ အထွေထွေဉာဏ်ရည်၊ စူပါဉာဏ်ရည်၊ အမှတ်ထူး၊ ခေတ်သစ် ကျူနင် စမ်းသပ်မှုဆိုသည့် စကားလုံးများသည် အိပ်မက်သာသာပင်ရှိသေးသည်မဟုတ် ပါလား။ သို့သော် အော့ထ်မန်းလို လူတစ်ယောက်က စတားဘက်ခ်လုပ်ငန်းအတွက် အနာဂတ် နည်းပညာအကြံပြုရာတွင် အေဂျီအိုင်ဟု ပြောလိုက်ခြင်းမှာ ဆန်းသည်။ ထိုအနေအထားကို  အမှတ်ထူးဟု နာမည်ပေးထားသော စာရေးဆရာ ရေးကာ့ဇ်ဝဲလ် ကတော့ ၂၀၂၄ ခုနှစ်တွင် အမှတ်ထူးပိုနီးလာပြီ (The Singularity Is Nearer)ဆိုသည့် စာအုပ်ကို ထပ်ရေးခဲ့သည်။  တကယ်နီးနေပြီလား။  နီးနေပြီဆိုလျှင်  ကျွန်တော်တို့ကြုံဖူးသမျှ  အကြီးဆုံးနည်းပညာလှိုင်းနှင့်  ကြုံရတော့မည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။

ဉာဏ်ရည်တုနည်းပညာ သို့မဟုတ် အေအိုင် ဖွံ့ဖြိုးတိုးတက်လာခြင်း(၈)
-
အေအိုင်ဖွံ့ဖြိုးတိုးတက်လာမှုအကြောင်း ဆွေးနွေးလာခဲ့သည်မှာ တော်တော်လေးခရီးရောက်လာပြီဖြစ်၍ ယခုတစ်ပတ်တွင် လက်ရှိအေအိုင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကွယ်မှ ထူးခြားသည့် နိယာမတစ်ခုအကြောင်းကို ဆွေးနွေးလိုပါသည်။ Scaling Laws ဟု နာမည်ပေးထားသည့် နိယာမ ဖြစ်သည်။ဉာဏ်ရည်တုနည်းပညာ၏ အစောပိုင်းကာလများတွင် တိုးတက်မှုဆိုသည်မှာ များသောအားဖြင့် ကြိုတင်ခန့်မှန်းနိုင်စရာမရှိဟု သုတေသီများ ခံစားခဲ့ကြရသည်။ သုတေသီတို့က မိုဒယ်အသစ်တစ်ခု ကို ဒီဇိုင်းဆွဲသည်။ လေ့ကျင့်သည်။ တိုးတက်လာရန် မျှော်လင့်သည်။ တစ်ခါတစ်ရံ အလုပ်ဖြစ်သည်။ တစ်ခါတစ်ရံ အလုပ်မဖြစ်။ ရှင်းလင်းသည့် စည်းမျဉ်းသတ်မှတ်ချက်ဟူ၍မရှိ။ ထိုးထွင်းသိမြင်မှု၊ လက်တွေ့လေ့လာစမ်းသပ်မှုနှင့် ကံကောင်းမှု အတိုင်းအတာတစ်ခုတို့ ပေါင်းစည်းထားခြင်းမျှသာ။ထိုအဖြစ်တို့သည် ၂၀၁၀ ပြည့်လွန်နှစ် နှောင်းပိုင်းကာလများတွင် စတင်ပြောင်းလဲသွားသည်။ ထရန်စဖော်မာအခြေပြု မိုဒယ်များကိုလေ့လာနေကြသည့် သုတေသီတို့သည် ထူးခြားသည့်တစ်စုံ တစ်ရာကို သတိပြုမိခဲ့ကြ၏။ သူတို့ မိုဒယ်များ၏ ပမာဏကို ကြီးအောင်လုပ်လိုက်လျှင် စွမ်းဆောင် ရည်သည် ကြုံရာကျပန်း ပရမ်းပတာတိုးတက်သွားခြင်းမျိုးမဟုတ်၊ ချောချောမွေ့မွေ့ဖြင့် ကြိုတင်ခန့်မှန်းနိုင်သည့် လမ်းကြောင်းအတိုင်း တိုးတက်လာသည်ဆိုသည့်အချက်ဖြစ်သည်။မိုဒယ်များ၏ ပမာဏကို ကြီးအောင်လုပ်ခြင်းဆိုသည်တွင် အဓိကအချက် သုံးချက်ပါဝင်သည်။ မိုဒယ်၏ အရွယ်အစား။ ယင်းမှာ တိုင်းတာမှု ပါရာမီတာ ဘယ်လောက်ထည့်ထားလဲဆိုသည်ကို ဆိုလိုသည်။ ပါရာမီတာ များများထည့်သွင်းပေးလေလေ မိုဒယ်ပိုကြီးလာလေလေဖြစ်သည်။ နောက် တစ်ခုမှာ လေ့ကျင့်ပေးသည့် အချက်အလက်ပမာဏ။ ထည့်သွင်းပေးသည့် အချက်အလက်များ ပိုများလေလေ (သန့်စင်ပြီး အချက်အလက်များဟု ဆိုလျှင် ပိုမှန်မည်) မိုဒယ်မှာ ပိုအစွမ်းထက်လေလေ ဖြစ်မည်မှာ ပင်ကိုသိစိတ်ဖြင့်ပင် နားလည်နိုင်သည့်ကိစ္စဖြစ်သည်။ နောက်ဆုံးတစ်ချက်မှာ အသုံးပြုသည့် ကွန်ပျူတာတို့၏ တွက်ချက်နိုင်စွမ်း။ တွက်ချက်နိုင်စွမ်းမြင့်လေလေ မိုဒယ်၏ စွမ်းအားပိုကောင်းလေလေဖြစ်သည်။ထိုအချက်သုံးချက်လုံးကို ကြည့်လိုက်လျှင် ထိုအချက်များ ပိုကောင်းလာခြင်းကြောင့် မိုဒယ်ပိုပြီး အစွမ်းထက်လာသည်မှာ အံ့ဩစရာမရှိ။ သို့သော် အံ့ဩစရာရှိသည်မှာ တိုးတက်မှုနှုန်းဖြစ်သည်။ တိုးတက်မှုသည် ပရမ်းပတာဖြစ်မနေ အဆင်အကွက်တစ်ခုအတိုင်းရှိနေသည်။ ဆိုလိုသည်မှာ ပါရာ မီတာ ဘယ်လောက်ထည့်လိုက်လျှင် ဘယ်လောက်တိုးတက်မည်၊ အချက်အလက် ဘယ်လောက်များများထပ်ဖြည့်လျှင် ဘယ်လောက်တိုးတက်မည်၊ တွက်ချက်မှုစွမ်းရည် ဘယ်လောက်တိုးလိုက်လျှင် ဘယ်လောက်တိုးတက်မည်ဆိုသည်ကို ကြိုတင်တွက်ချက်နိုင်ခြင်းဖြစ်သည်။ယင်းကို Scaling Laws ဟု ခေါ်ခြင်းဖြစ်သည်။ ထိုသို့ နိယာမကို တွေ့ရခြင်းမှာလည်း နိယာမတစ်ခုကို တွေ့အောင်ရှာခဲ့ကြ၍ဖြစ်သည်။ OpenAI လို လုပ်ငန်းများမှ သုတေသီတို့သည် ဉာဏ်ရည်တု တိုးတက်မှုနှင့်ပတ်သက်၍ နိယာမတစ်ခုခု ရှိနေမလားဆိုသည်ကို အမှန်တကယ် ရှာဖွေခဲ့ကြသည်။ သူတို့ တကယ်တမ်းတွေ့ရှိခဲ့သည်ကတော့ အေအိုင်၏ အမှားလုပ်နှုန်းတွင်ဖြစ်နေသည်။ သူတို့က အေအိုင်မိုဒယ်တစ်ခု အမှားဘယ်လောက်လုပ်လဲ ဆိုသည်ကို ဇယားပေါ်တွင် ချရေးသည်။ အထက်ဖော်ပြပါနည်းသုံးနည်းဖြင့် တိုးတက်အောင်လုပ်ပြီး ထပ်တိုင်းသည်။ ထိုသို့ ထပ်ကာထပ်ကာလုပ်ပြီး နောက် အမှားများသည် ကြုံရာကျပန်းဖြစ်မနေ သင်္ချာအဆင်အကွက် ပုံစံတစ်ခုဆောင်နေသည်ကို အံ့ဩဖွယ်တွေ့ခဲ့ကြခြင်းဖြစ်သည်။လက်တွေ့ကမ္ဘာတွင် အရာရာတိုင်းသည် ကြီးထွားလာတိုင်း၊ ဆိုပါစို့ စကေးမြင့်လာတိုင်း ပိုမိုရှုပ်ထွေးလာလေ့ရှိသည်။ မျှော်လင့်မထားသော အပိတ်အဆို့အကျပ်အတည်းနှင့် ရင်ဆိုင်ရတတ်သည်။ စွမ်းဆောင်ရည်တိုးတက်မှု တန်းသွားခြင်းမျိုး ကြုံရသည်။ အဆင့်မြှင့်လိုက်သည့်တိုင် စွမ်းဆောင်ရည်တက်မလာခြင်းမျိုးကို ဆိုလိုသည်။ ထိုက်တန်သော အကျိုးအမြတ်မရဘဲ ကုန်ကျစရိတ်ပေါက်ကွဲသွားတတ်သည်။သို့သော် အေအိုင်ဖွံ့ဖြိုးတိုးတက်မှုတွင်မူ ထိုသဘောနှင့် ဆန့်ကျင်ဘက်မြင်တွေ့နေရသည်။ ဖြည်းဖြည်းမှန်မှန်၊ ကြိုတင်ခန့်မှန်း၍ ရနိုင်အောင် ရှေ့ကဇယားများနှင့်အညီ တိုးတက်သည်။ ထို့ကြောင့်လည်း သုတေသီတို့က အေအိုင်ဖွံ့ဖြိုးတိုးတက်မှု နောက်ကွယ်မှ နိယာမဟု ခေါ်ကြခြင်းဖြစ်သည်။ အကျိုးရလဒ်လည်း ကြီးမားသည်။ သုတေသီတို့အနေဖြင့် တိုးတက်မှုကို ခန့်မှန်းနေစရာမလိုတော့။ မည်သည့်အပိုင်းကို မည်မျှမြှင့်ပေးလိုက်လျှင် တိုးတက်မှုဘယ်လောက်ရှိမလဲဆိုသည်ကို မိုဒယ်အား လေ့ကျင့်မပေးခင်ကတည်းက ကြိုတင်ခန့်မှန်းထားနိုင်ပြီဖြစ်သည်။မည်သည့်အရာမဆို အကောင်းချည်းသက်သက်တော့မဟုတ်ပါ။ အယူရှိလျှင် အပေးရှိရသည်။ အေအိုင်ဖွံ့ဖြိုးတိုးတက်မှုနောက်ကွယ်မှ နိယာမတွင် ပေးဆပ်ရသည်မှာ ကုန်ကျစရိတ်။ Scaling Laws ကို အသုံးချလိုလျှင် ကုန်ကျစရိတ်များများခံနိုင်ရမည်။ ပမာဏကြီးကြီးထည့်သွင်းသည့်တိုင် တိုးတက်မှုနည်းနည်းပဲရသည်။ ဆိုလိုသည်မှာ အစပိုင်းတွင် တိုးတက်မှုများသော်လည်း နောက်ပိုင်းတွင် နည်းသွားသည်။ ထို့ကြောင့် စရိတ်ချွေတာရသည့် လုပ်ငန်းငယ်များသည် Scaling Laws ကို အသုံးမချနိုင်။ အခြားသော စရိတ်သက်သာသည့် မိုဒယ်များဖြင့်သာ တစ်နည်းတစ်လမ်း ရှာကြံကြရ သည်။ ရှေ့ကအတိုင်း ဒီဇိုင်းဆွဲ၊ လက်တွေ့စမ်း၊ ကံကောင်းဖို့မျှော်လင့် ပုံစံမျိုးကို ဆက်သုံးရ သည်။ယင်းမှာ စီးပွားရေးနှင့်ပတ်သက်ပြီး အခက်ကြုံရသည့်အပိုင်း။ အတွေးအခေါ်ပိုင်းတွင် ပိုမိုနက်ရှိုင်းသော မေးခွန်းတစ်ခုပေါ်လာသည်။ ဆင်ခြင်တုံ တရား၊ သဘောပေါက်နားလည်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းတို့နှင့် ဖွဲ့စည်းထားသော ဉာဏ်ရည်တုသည် ဘာကြောင့် ရိုးရှင်းသောသင်္ချာဆိုင်ရာ အဆင် အကွက်အတိုင်း လိုက်နာကျင့်ကြံရပါသနည်း။ သို့ဆိုလျှင် ကျွန်တော်တို့၏ ဉာဏ်ရည်သည်လည်း ကြီးမားသောပမာဏရှိသည့် အဆင်အကွက်များကို သဘာဝအတိုင်း လေ့ကျင့်သင်ယူရင်း ဖြစ်တည်လာခဲ့ပါသလား။ အချို့သောသုတေသီတို့က ထိုအတိုင်းဖြစ်မည်ဟု အဆိုပြုကြသည်။ သို့သော် အချို့ သုတေသီတို့ကတော့ ကျွန်တော်တို့၏ သိမြင်နားလည်မှုမပြည့်စုံသေး၍ဖြစ်မည်ဟု အဆိုပြုသည်။ ယခုမြင်နေရသည်မှာ ရှုခင်းကြီးတစ်ခုလုံး၏ တစ်စိတ်တစ်ပိုင်းသာဟု သူတို့က ဆိုကြသည်။ တစ်ချိန်ချိန်တွင် ရှုခင်းကို ပိုမိုမြင်လာရလျှင် လက်ရှိသဘောတရားအပေါ် လွှမ်းမိုးသွားမည့် သဘော တရားတို့ ထပ်မံပေါ်ထွက်လာမည်ဟု ငြင်းချက်ထုတ်သည်။မည်သို့ပင်ဆိုစေ လက်ရှိအချိန်၌ Scaling Laws ကို သုံးနိုင်သူက အေအိုင်လောကတွင် စိုးမိုးမှုတစ်ခု ရယူထားနိုင်သည်။ Scaling Laws က ပင်လျှင် ယနေ့ခေတ်၏ အေအိုင်လောကကို စိုးမိုးထားသည်။ ဘာသာစကား မိုဒယ်ဖြစ်ဖြစ်၊ ရုပ်ပုံထုတ်လုပ်သည့် မိုဒယ်ဖြစ်ဖြစ်၊ ဗီဒီယိုထုတ်လုပ်သည့် မိုဒယ် ဖြစ်ဖြစ် Scaling Laws ၏ သက်ရောက်မှုကိုခံရသည်။ မိုဒယ်ကို ပမာဏကြီးအောင် လုပ်နိုင်လေလေ စွမ်းဆောင်ရည်ပိုကောင်းလေလေသာဖြစ်မည်။ ဤနေရာတွင် မိုဒယ်ကြီးများ၏ မျှော်လင့်မထားသည့် စွမ်းဆောင်ရည်အသစ်များ ရလာနိုင်စွမ်းကိုပါထည့်ပြီး မျှော်လင့်ထားနိုင်သေးသည်။ ယင်းမှာ လေ့ကျင့်စဉ်မသိရဘဲ လူအများလက်ထဲရောက်ပြီးမှ သိနိုင်သည့်ကိစ္စမျိုးဖြစ်သည်။ ယခုလောက်ဆိုလျှင် အေအိုင်တို့၏နောက်ကွယ်မှ နိယာမအကြောင်းကို ရိပ်ဖမ်းသံဖမ်းသိလောက်မည်ဟု ထင်ပါသည်။MDN

အေအိုင်ဖွံ့ဖြိုးတိုးတက်လာမှုအကြောင်း ဆွေးနွေးလာခဲ့သည်မှာ တော်တော်လေးခရီးရောက်လာပြီဖြစ်၍ ယခုတစ်ပတ်တွင်  လက်ရှိအေအိုင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကွယ်မှ ထူးခြားသည့် နိယာမတစ်ခုအကြောင်းကို ဆွေးနွေးလိုပါသည်။ Scaling Laws ဟု နာမည်ပေးထားသည့် နိယာမ ဖြစ်သည်။

ဉာဏ်ရည်တုနည်းပညာ၏ အစောပိုင်းကာလများတွင် တိုးတက်မှုဆိုသည်မှာ များသောအားဖြင့် ကြိုတင်ခန့်မှန်းနိုင်စရာမရှိဟု သုတေသီများ ခံစားခဲ့ကြရသည်။ သုတေသီတို့က မိုဒယ်အသစ်တစ်ခု ကို ဒီဇိုင်းဆွဲသည်။ လေ့ကျင့်သည်။ တိုးတက်လာရန် မျှော်လင့်သည်။ တစ်ခါတစ်ရံ  အလုပ်ဖြစ်သည်။ တစ်ခါတစ်ရံ အလုပ်မဖြစ်။ ရှင်းလင်းသည့် စည်းမျဉ်းသတ်မှတ်ချက်ဟူ၍မရှိ။ ထိုးထွင်းသိမြင်မှု၊ လက်တွေ့လေ့လာစမ်းသပ်မှုနှင့် ကံကောင်းမှု အတိုင်းအတာတစ်ခုတို့ ပေါင်းစည်းထားခြင်းမျှသာ။

ထိုအဖြစ်တို့သည် ၂၀၁၀ ပြည့်လွန်နှစ် နှောင်းပိုင်းကာလများတွင်  စတင်ပြောင်းလဲသွားသည်။ ထရန်စဖော်မာအခြေပြု မိုဒယ်များကိုလေ့လာနေကြသည့် သုတေသီတို့သည် ထူးခြားသည့်တစ်စုံ တစ်ရာကို သတိပြုမိခဲ့ကြ၏။ သူတို့ မိုဒယ်များ၏ ပမာဏကို ကြီးအောင်လုပ်လိုက်လျှင် စွမ်းဆောင် ရည်သည် ကြုံရာကျပန်း ပရမ်းပတာတိုးတက်သွားခြင်းမျိုးမဟုတ်၊   ချောချောမွေ့မွေ့ဖြင့်   ကြိုတင်ခန့်မှန်းနိုင်သည့် လမ်းကြောင်းအတိုင်း တိုးတက်လာသည်ဆိုသည့်အချက်ဖြစ်သည်။

မိုဒယ်များ၏ ပမာဏကို ကြီးအောင်လုပ်ခြင်းဆိုသည်တွင်   အဓိကအချက်  သုံးချက်ပါဝင်သည်။ မိုဒယ်၏ အရွယ်အစား။ ယင်းမှာ   တိုင်းတာမှု ပါရာမီတာ ဘယ်လောက်ထည့်ထားလဲဆိုသည်ကို ဆိုလိုသည်။ ပါရာမီတာ များများထည့်သွင်းပေးလေလေ မိုဒယ်ပိုကြီးလာလေလေဖြစ်သည်။ နောက် တစ်ခုမှာ လေ့ကျင့်ပေးသည့် အချက်အလက်ပမာဏ။ ထည့်သွင်းပေးသည့် အချက်အလက်များ ပိုများလေလေ (သန့်စင်ပြီး အချက်အလက်များဟု ဆိုလျှင် ပိုမှန်မည်) မိုဒယ်မှာ ပိုအစွမ်းထက်လေလေ ဖြစ်မည်မှာ ပင်ကိုသိစိတ်ဖြင့်ပင် နားလည်နိုင်သည့်ကိစ္စဖြစ်သည်။ နောက်ဆုံးတစ်ချက်မှာ အသုံးပြုသည့် ကွန်ပျူတာတို့၏ တွက်ချက်နိုင်စွမ်း။ တွက်ချက်နိုင်စွမ်းမြင့်လေလေ မိုဒယ်၏ စွမ်းအားပိုကောင်းလေလေဖြစ်သည်။

ထိုအချက်သုံးချက်လုံးကို ကြည့်လိုက်လျှင် ထိုအချက်များ ပိုကောင်းလာခြင်းကြောင့် မိုဒယ်ပိုပြီး အစွမ်းထက်လာသည်မှာ အံ့ဩစရာမရှိ။ သို့သော် အံ့ဩစရာရှိသည်မှာ တိုးတက်မှုနှုန်းဖြစ်သည်။ တိုးတက်မှုသည် ပရမ်းပတာဖြစ်မနေ အဆင်အကွက်တစ်ခုအတိုင်းရှိနေသည်။ ဆိုလိုသည်မှာ ပါရာ မီတာ ဘယ်လောက်ထည့်လိုက်လျှင် ဘယ်လောက်တိုးတက်မည်၊ အချက်အလက် ဘယ်လောက်များများထပ်ဖြည့်လျှင် ဘယ်လောက်တိုးတက်မည်၊ တွက်ချက်မှုစွမ်းရည် ဘယ်လောက်တိုးလိုက်လျှင် ဘယ်လောက်တိုးတက်မည်ဆိုသည်ကို ကြိုတင်တွက်ချက်နိုင်ခြင်းဖြစ်သည်။

ယင်းကို Scaling Laws ဟု ခေါ်ခြင်းဖြစ်သည်။ ထိုသို့ နိယာမကို တွေ့ရခြင်းမှာလည်း နိယာမတစ်ခုကို တွေ့အောင်ရှာခဲ့ကြ၍ဖြစ်သည်။ OpenAI လို လုပ်ငန်းများမှ သုတေသီတို့သည် ဉာဏ်ရည်တု တိုးတက်မှုနှင့်ပတ်သက်၍ နိယာမတစ်ခုခု ရှိနေမလားဆိုသည်ကို အမှန်တကယ် ရှာဖွေခဲ့ကြသည်။ သူတို့ တကယ်တမ်းတွေ့ရှိခဲ့သည်ကတော့ အေအိုင်၏ အမှားလုပ်နှုန်းတွင်ဖြစ်နေသည်။ သူတို့က အေအိုင်မိုဒယ်တစ်ခု အမှားဘယ်လောက်လုပ်လဲ ဆိုသည်ကို ဇယားပေါ်တွင်  ချရေးသည်။ အထက်ဖော်ပြပါနည်းသုံးနည်းဖြင့် တိုးတက်အောင်လုပ်ပြီး ထပ်တိုင်းသည်။ ထိုသို့ ထပ်ကာထပ်ကာလုပ်ပြီး နောက် အမှားများသည် ကြုံရာကျပန်းဖြစ်မနေ သင်္ချာအဆင်အကွက် ပုံစံတစ်ခုဆောင်နေသည်ကို အံ့ဩဖွယ်တွေ့ခဲ့ကြခြင်းဖြစ်သည်။

လက်တွေ့ကမ္ဘာတွင် အရာရာတိုင်းသည် ကြီးထွားလာတိုင်း၊ ဆိုပါစို့ စကေးမြင့်လာတိုင်း ပိုမိုရှုပ်ထွေးလာလေ့ရှိသည်။ မျှော်လင့်မထားသော အပိတ်အဆို့အကျပ်အတည်းနှင့် ရင်ဆိုင်ရတတ်သည်။ စွမ်းဆောင်ရည်တိုးတက်မှု တန်းသွားခြင်းမျိုး ကြုံရသည်။ အဆင့်မြှင့်လိုက်သည့်တိုင် စွမ်းဆောင်ရည်တက်မလာခြင်းမျိုးကို ဆိုလိုသည်။ ထိုက်တန်သော အကျိုးအမြတ်မရဘဲ ကုန်ကျစရိတ်ပေါက်ကွဲသွားတတ်သည်။

သို့သော် အေအိုင်ဖွံ့ဖြိုးတိုးတက်မှုတွင်မူ ထိုသဘောနှင့် ဆန့်ကျင်ဘက်မြင်တွေ့နေရသည်။ ဖြည်းဖြည်းမှန်မှန်၊ ကြိုတင်ခန့်မှန်း၍ ရနိုင်အောင် ရှေ့ကဇယားများနှင့်အညီ တိုးတက်သည်။ ထို့ကြောင့်လည်း သုတေသီတို့က အေအိုင်ဖွံ့ဖြိုးတိုးတက်မှု နောက်ကွယ်မှ နိယာမဟု ခေါ်ကြခြင်းဖြစ်သည်။ အကျိုးရလဒ်လည်း ကြီးမားသည်။ သုတေသီတို့အနေဖြင့် တိုးတက်မှုကို ခန့်မှန်းနေစရာမလိုတော့။ မည်သည့်အပိုင်းကို မည်မျှမြှင့်ပေးလိုက်လျှင် တိုးတက်မှုဘယ်လောက်ရှိမလဲဆိုသည်ကို မိုဒယ်အား လေ့ကျင့်မပေးခင်ကတည်းက ကြိုတင်ခန့်မှန်းထားနိုင်ပြီဖြစ်သည်။

မည်သည့်အရာမဆို အကောင်းချည်းသက်သက်တော့မဟုတ်ပါ။ အယူရှိလျှင် အပေးရှိရသည်။ အေအိုင်ဖွံ့ဖြိုးတိုးတက်မှုနောက်ကွယ်မှ နိယာမတွင် ပေးဆပ်ရသည်မှာ ကုန်ကျစရိတ်။ Scaling Laws ကို အသုံးချလိုလျှင် ကုန်ကျစရိတ်များများခံနိုင်ရမည်။ ပမာဏကြီးကြီးထည့်သွင်းသည့်တိုင် တိုးတက်မှုနည်းနည်းပဲရသည်။ ဆိုလိုသည်မှာ အစပိုင်းတွင် တိုးတက်မှုများသော်လည်း နောက်ပိုင်းတွင် နည်းသွားသည်။ ထို့ကြောင့် စရိတ်ချွေတာရသည့် လုပ်ငန်းငယ်များသည် Scaling Laws ကို အသုံးမချနိုင်။ အခြားသော စရိတ်သက်သာသည့် မိုဒယ်များဖြင့်သာ တစ်နည်းတစ်လမ်း ရှာကြံကြရ သည်။ ရှေ့ကအတိုင်း  ဒီဇိုင်းဆွဲ၊ လက်တွေ့စမ်း၊  ကံကောင်းဖို့မျှော်လင့် ပုံစံမျိုးကို ဆက်သုံးရ သည်။

ယင်းမှာ စီးပွားရေးနှင့်ပတ်သက်ပြီး အခက်ကြုံရသည့်အပိုင်း။ အတွေးအခေါ်ပိုင်းတွင် ပိုမိုနက်ရှိုင်းသော မေးခွန်းတစ်ခုပေါ်လာသည်။ ဆင်ခြင်တုံ တရား၊ သဘောပေါက်နားလည်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းတို့နှင့် ဖွဲ့စည်းထားသော ဉာဏ်ရည်တုသည် ဘာကြောင့် ရိုးရှင်းသောသင်္ချာဆိုင်ရာ အဆင် အကွက်အတိုင်း လိုက်နာကျင့်ကြံရပါသနည်း။ သို့ဆိုလျှင် ကျွန်တော်တို့၏ ဉာဏ်ရည်သည်လည်း ကြီးမားသောပမာဏရှိသည့် အဆင်အကွက်များကို သဘာဝအတိုင်း  လေ့ကျင့်သင်ယူရင်း  ဖြစ်တည်လာခဲ့ပါသလား။ အချို့သောသုတေသီတို့က ထိုအတိုင်းဖြစ်မည်ဟု အဆိုပြုကြသည်။ သို့သော် အချို့ သုတေသီတို့ကတော့ ကျွန်တော်တို့၏ သိမြင်နားလည်မှုမပြည့်စုံသေး၍ဖြစ်မည်ဟု အဆိုပြုသည်။ ယခုမြင်နေရသည်မှာ ရှုခင်းကြီးတစ်ခုလုံး၏ တစ်စိတ်တစ်ပိုင်းသာဟု သူတို့က ဆိုကြသည်။ တစ်ချိန်ချိန်တွင် ရှုခင်းကို ပိုမိုမြင်လာရလျှင် လက်ရှိသဘောတရားအပေါ် လွှမ်းမိုးသွားမည့် သဘော တရားတို့ ထပ်မံပေါ်ထွက်လာမည်ဟု ငြင်းချက်ထုတ်သည်။

မည်သို့ပင်ဆိုစေ လက်ရှိအချိန်၌ Scaling Laws ကို သုံးနိုင်သူက အေအိုင်လောကတွင် စိုးမိုးမှုတစ်ခု ရယူထားနိုင်သည်။   Scaling Laws က ပင်လျှင် ယနေ့ခေတ်၏ အေအိုင်လောကကို စိုးမိုးထားသည်။ ဘာသာစကား မိုဒယ်ဖြစ်ဖြစ်၊ ရုပ်ပုံထုတ်လုပ်သည့် မိုဒယ်ဖြစ်ဖြစ်၊ ဗီဒီယိုထုတ်လုပ်သည့် မိုဒယ် ဖြစ်ဖြစ် Scaling Laws  ၏  သက်ရောက်မှုကိုခံရသည်။ မိုဒယ်ကို ပမာဏကြီးအောင် လုပ်နိုင်လေလေ စွမ်းဆောင်ရည်ပိုကောင်းလေလေသာဖြစ်မည်။ ဤနေရာတွင် မိုဒယ်ကြီးများ၏ မျှော်လင့်မထားသည့် စွမ်းဆောင်ရည်အသစ်များ ရလာနိုင်စွမ်းကိုပါထည့်ပြီး မျှော်လင့်ထားနိုင်သေးသည်။   ယင်းမှာ လေ့ကျင့်စဉ်မသိရဘဲ လူအများလက်ထဲရောက်ပြီးမှ သိနိုင်သည့်ကိစ္စမျိုးဖြစ်သည်။ ယခုလောက်ဆိုလျှင် အေအိုင်တို့၏နောက်ကွယ်မှ နိယာမအကြောင်းကို ရိပ်ဖမ်းသံဖမ်းသိလောက်မည်ဟု  ထင်ပါသည်။