မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်း ရာသီသစ်အတွက် ကစားသမားစတင်ခေါ်ယူ

News Image

  • မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်း ရာသီသစ်အတွက် ကစားသမားစတင်ခေါ်ယူ

ရန်ကုန်   ဧပြီ   ၈

မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းသည် ရာသီသစ်အတွက် ကစားသမားများ စတင်ခေါ်ယူနေပြီး ပထမဆုံးခေါ်ယူမှုအဖြစ် လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား ဆွမ်လမန်ကို ခေါ်ယူလိုက်ပြီဖြစ်သည်။

ဆွမ်လမန်သည် မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် ကာလအတန်ကြာ  ပါဝင်ကစားခဲ့သလို  ပြည်တွင်း၊  ပြည်ပကလပ်အသင်းများစွာတွင် ကစားခဲ့သည့် အတွေ့အကြုံရှိ ကစားသမားတစ်ဦး ဖြစ်သည်။ ဆွမ်လမန်သည် MNL ကလပ်များဖြစ်သည့် ချင်းယူနိုက်တက်၊ ဇွဲကပင်ယူနိုက်တက်၊ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်အသင်းတို့အပြင် ထိုင်းကလပ်အသင်းများတွင်လည်း   ကစားခဲ့သူဖြစ်ကာ   ဒဂုံစတားယူနိုက်တက်အသင်းတွင် နောက်ဆုံးကစားခဲ့ခြင်းဖြစ်သည်။

ရတနာပုံအသင်းသည် နည်းပြချုပ်အဖြစ် ဦးမင်းထွန်းလင်းအား ခန့်အပ်ခဲ့ပြီးနောက် ၎င်းနှင့်လက်တွဲခဲ့ဖူးသည့် တိုက်စစ်ကစားသမား ဆွမ်လမန်ကို  စတင်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

MDN