နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၃၀၀)၌ အပူဒဏ်အန္တရာယ် ကုသရေးအတွက် ဆောင်ရွက်ထားရှိ
နေပြည်တော် ဧပြီ ၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ အပူချိန်ပြင်းထန်မြင့်မားသည့် နွေရာသီကာလအတွင်း အပူဒဏ်သင့်၍ လာရောက်ပြသသော လူနာများအား အချိန်နှင့်တစ်ပြေးညီ ကုသမှုပေးနိုင်ရန် အတွက် လေအေးပေးစက်များ တပ်ဆင်ထားသည့် သီးသန့်အခန်းများတွင် လိုအပ်သောဆေးနှင့်ဆေးပစ္စည်းများ ပြင်ဆင်ဖြည့်တင်းထားရှိခြင်း၊ ရေငွေ့ ထုတ်ပန်ကာကြီးများ၊ ရေဇလုံကြီးများနှင့် ရေခဲသေတ္တာများ ပြင်ဆင်ထားရှိခြင်း၊ ဆေးရုံဝန်ထမ်းများအား အပူဒဏ်သင့်လူနာများ အရေးပေါ်ကုသမှုအတွက် စနစ်တကျ လေ့ကျင့်ထားခြင်းတို့ဖြင့် အပူဒဏ်အန္တရာယ်ကုသရေး လုပ်ငန်းများအား ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။
MWD
MM-News-Category
