အခြေခံလေကြောင်းလူငယ်နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများ သင်တန်းစခန်းအလိုက် ပြိုင်ပွဲများကျင်းပ

News Image

  • အခြေခံလေကြောင်းလူငယ်နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများ သင်တန်းစခန်းအလိုက် ပြိုင်ပွဲများကျင်းပ

နေပြည်တော် မေ ၁၈

 

အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ တွင် လေ့ကျင့်သင်ကြားလျက်ရှိရာ မေ ၁၇ ရက်တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ စုံလင်စွာရောက်ရှိကြသည်။

 

အဆိုပါအခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်း အမှတ်စဉ်(၉) သင်တန်း စခန်းပေါင်းစုံမှ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၀၄၄ ဦးသည် ယနေ့နံနက်ပိုင်းတွင် အခြေခံစစ်ရေးပြ (လက်နက်မဲ့၊ လက်နက်ပါ) ပြိုင်ပွဲများကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် Flight Simulator နှင့် RC Simulator မောင်းနှင်ခြင်းပြိုင်ပွဲများကို လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို တာဝန်ရှိသူများ၊ သက်ဆိုင်ရာ သင်တန်းစခန်းအသီးသီးမှ အုပ်ချုပ်သူနည်းပြများ၊ ဆရာ ဆရာမများနှင့် သင်တန်းသားများက တက်ရောက်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

MDN