ကျောက်ဆည်ခရိုင်၌ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
ကျောက်ဆည်၊ စက်တင်ဘာ-၁၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ကျောက်ဆည်ခရိုင်၌ ၂၀၂၅ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့သည်။
ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပြည်မြန်မာ သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင် က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင်၌ လေးဘာသာဂုဏ်ထူးရှင်(၂၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၂၁)ဦး တို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင် ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
တင်တင်ထွေး(ကျောက်ဆည်)
