MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၄) ဆက်လက်ကျင်းပပြီး SGF Youth အသင်း လေးပွဲဆက်အနိုင်ဖြင့် ဆက်လက်ဦးဆောင်
ရန်ကုန် မေ ၃၁
MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)ကို မေ ၃၁ ရက်က ရန်ကုန် မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ SGF Youth အသင်း လေးပွဲဆက်အနိုင်ဖြင့် ဆက်လက်ဦးဆောင်လျက်ရှိသည်။
ပွဲစဉ်(၄)တွင် Victoria အသင်းက Jullniss အသင်းကို ခုနစ်ဂိုး-သုံးဂိုး၊ SGF Youth အသင်းက Avengers Junior အသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ Pacific Sun Far အသင်းက မာရိန်းအသင်းကို ငါးဂိုး-လေးဂိုး၊ TKA Stars အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ငါးဂိုး-သုံးဂိုး၊ FFU မင်းမဟော် အသင်းက United City အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ Mahar Burma အသင်းက ဘူရှီဒိုအသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။
ပွဲစဉ်(၄) အပြီးတွင် SGF Youth အသင်းက ၁၂ မှတ်ဖြင့် ဦးဆောင်နေပြီး FFU မင်းမဟော် အသင်း၊ Mahar Burma အသင်းနှင့် Victoria အသင်းတို့က ကိုးမှတ်စီ၊ Pacific Sun Far အသင်းက ခုနစ်မှတ်၊ Avengers Junior အသင်းနှင့် TKA Stars အသင်းက ခြောက်မှတ်၊ Jullniss အသင်းက လေးမှတ်၊ United City အသင်းနှင့် ရွှေပြည်သာယူနိုက်တက်အသင်းတို့က သုံးမှတ်စီ၊ မာရိန်းအသင်းနှင့် ဘူရှီဒိုအသင်းတို့က တစ်မှတ်စီရရှိထားသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF
MDN
