တိုယိုတာက ကိုရိုလာကားများကို EV များအဖြစ် တစ်ခေတ်ဆန်းသစ်ဖန်တီးမည်
တိုယိုတာကုမ္ပဏီကထုတ်လုပ်ထားတဲ့ကိုရိုလာကားအမျိုးအစားဟာ သမိုင်းတစ်ခေတ်မှာတော့ ဂန္ထဝင် ကားများအဖြစ်မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ အရောင်းရဆုံး မော်တော်ကား အမျိုးအစားကလည်း တိုယိုတာကိုရိုလာပါပဲ။
အခုဆိုရင် တိုယိုတာကုမ္ပဏီက သူတို့ရဲ့ဂန္ထဝင်ဖြစ်တဲ့ ကိုရိုလာကားများကို လျှပ်စစ်စွမ်းအင်သုံး ယာဉ်(EV)အဖြစ်ပြောင်းလဲပြီးတိုယိုတာကိုရိုလာများရဲ့ခေတ်ကိုတစ်ဖန်ဆန်းသစ်ဖန်တီးဖို့ စီစဉ် လာပါတယ်။ တိုယိုတာက Japan Mobility Show မှာ ခေတ်ရှေ့ပြေး Toyota Corolla Concept ဆိုတဲ့ မော်တော်ကားဒီဇိုင်းကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။
သူတို့ရဲ့ဒီဇိုင်းပိုင်းကို ဘယ်လောက်ထိဆန်းသစ်ထားလဲဆိုရင် အခုထုတ်လုပ်မယ့်ကိုရိုလာကားက စွမ်းအင်အရင်းအမြစ်မျိုးစုံကိုတပ်ဆင်အသုံးပြုနိုင်တဲ့ ဒီဇိုင်းပေါ်မှာအခြေခံထားတယ်လို့ဆိုပါတယ်။ အဲဒီစွမ်းအင်တွေထဲမှာ လောင်စာဆီ၊ လောင်စာ-ဘက်ထရီ၊ ဘက်ထရီ၊ ဟိုက်ဒရိုဂျင် စတဲ့စွမ်းအင် တွေပါဝင်ပါတယ်။
အတွင်းပိုင်းဒီဇိုင်းဆိုရင်လည်း လက်ရှိမြင်တွေ့နေရတဲ့ EV ကားများနဲ့လုံးဝမတူဘဲ ခေတ်ရှေ့ပြေးလွန်း နေပါတယ်။ တိုယိုတာကတော့ လူတိုင်းအတွက် ကိုရိုလာဆိုပြီးအမွှမ်းတင်ထားပါတယ်။
Ref: AE
ကိုထက်
MWD
