ရုရှားအာကာသယာဉ်မှူးနှစ်ဦး နိုင်ငံတကာအာကာသစခန်း ပြင်ပသို့ထွက်ခွာ၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့

News Image

  • ရုရှားအာကာသယာဉ်မှူးနှစ်ဦး နိုင်ငံတကာအာကာသစခန်း ပြင်ပသို့ထွက်ခွာ၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့

မော်စကို မေ ၂၈

ရုရှားအာကာသအေဂျင်စီမှ အာကာသယာဉ်မှူး နှစ်ဦးသည် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတကာ အာကာသစခန်း ပြင်ပသို့ထွက်ခွာ၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ရုရှား အာကာသယာဉ်မှူး ဆာဂေးမီကာအက်နှင့် ကတ်ဆဗာကော့တို့၏ နိုင်ငံတကာ အာကာသစခန်းပြင်ပ ထွက်ခွာချိန်မှာ ခြောက်နာရီနှင့်ငါးမိနစ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ အာကာသစခန်း ပြင်ပထွက်ခွာစဉ်အတွင်း ရုရှား အာကာသယာဉ်မှူး နှစ်ဦးသည် ဗက်ဇဒါပင်မကိုယ်ထည်၌ နေ၏ ဖြာထွက်ရောင်ခြည်စမ်းသပ်မှုစနစ်ကို တပ်ဆင်ခဲ့ကြကြောင်း သိရသည်။ 

ထို့ပြင် ရုရှား အာကာသယာဉ်မှူး နှစ်ဦးသည် ပွိုက်စ်ပင်မကိုယ်ထည်နှင့် နော်ကာပင်မကိုယ်ထည်များပေါ်ရှိ မလိုအပ်သောပစ္စည်းများကိုလည်း ဖယ်ရှားခဲ့ကြကြောင်း သိရသည်။

ယနေ့ အာကာသစခန်း ပြင်ပထွက်ခွာမှုသည် ရုရှားအာကာသယာဉ်မှူး ကတ်ဆဗာကော့အတွက် ဒုတိယအကြိမ် ထွက်ခွာမှုဖြစ်ပြီး ဆာဂေးမီကာအက်အတွက် ပထမဆုံးအကြိမ် ထွက်ခွာမှုဖြစ်ကြောင်း သိရသည်။

အထက်ပါ ရုရှားအာကာသယာဉ်မှူး နှစ်ဦး၏ အာကာသစခန်း ပြင်ပထွက်ခွာမှုသည် ၁၉၉၈ ခုနှစ် မှစ၍ ပြုလုပ်ခဲ့သော ၂၇၉ ကြိမ် မြောက် အာကာသစခန်းပြင်ပထွက်ခွာမှုဖြစ်ကြောင်း သိရသည်။

ရတနာပုံ