ရေဆိုးများကို ရေသန့်အဖြစ်ပြောင်းလဲပေးမယ့် ဂေဟစနစ်နဲ့ကိုက်ညီတဲ့နည်းလမ်း
ယနေ့ကမ္ဘာကြီးမှာ ရေချိုရှားပါးမှုဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ လူသားတွေအနေနဲ့ တစ်နေ့တစ်နေ့ စွန့်ထုတ်နေတဲ့ရေဆိုးပမာဏကလည်း မနည်းလှပါဘူး။
တကယ်လို့သာရေဆိုးတွေကိုရေသန့်အဖြစ်ပြောင်းလဲနိုင်ရင် ရေချိုရှားပါးမှုကလည်းအထိုက် အလျောက် ကျဆင်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပညာရှင်များကရေဆိုးများကို ရေသန့်များ အဖြစ်ပြောင်းလဲ ပေးနိုင်မယ့်နည်းလမ်းများကို ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။
ဒါလဟိုစီတက္ကသိုလ်မှ ပညာရှင်များဖန်တီးလိုက်တဲ့ရေသန့်နည်းပညာကဆန်းသစ်မှုရှိပါတယ်။ သူတို့ ရဲ့နည်းပညာအရဆိုရင် ရေဆိုးတွေကို စဉ်ဆက်မပြတ်သန့်ရှင်းခြင်းအားဖြင့် ရေသန့်ကို ထုတ်လုပ် နိုင်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့စနစ်ကဂေဟစနစ်နဲ့ကိုက်ညီတယ်လို့လည်း ပြောထား ပါတယ်။
သူတို့ဖန်တီးထားတာက နှမ်းကြတ်ပင်မှထွက်ရှိတဲ့စွန့်ပစ်အမှိုက်များနဲ့ ယူကလစ်ပင်ရဲ့လွှစာမှုန့်များကို ပေါင်းစပ်ပြီး သူတို့ကို ကာဗွန်ဓာတ်ပြည့်ဝတဲ့အစိုင်အခဲများအဖြစ်ပြောင်းလဲကာ ရေဆိုးကိုသန့်စင်ခြင်း ဖြစ်ပါတယ်။
Ref: IE
ကိုထက်
MWD
