လီသီယံထက် ဆယ်စုနှစ်ချီ ပိုမိုတာရှည်ခံမယ့် တိုဟူးရည်အခြေခံ ဘက်ထရီနည်းပညာအသစ်

News Image

  • လီသီယံထက် ဆယ်စုနှစ်ချီ ပိုမိုတာရှည်ခံမယ့် တိုဟူးရည်အခြေခံ ဘက်ထရီနည်းပညာအသစ်

တရုတ်နိုင်ငံမှသုတေသီတွေဟာ တိုဟူးပြုလုပ်ရာကထွက်လာတဲ့ အရည်ကြည်ကို အသုံးပြုပြီး ပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့ ရေအခြေခံ ဘက်ထရီနည်းပညာအသစ်ကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ ဒီဘက်ထရီဟာ လက်ရှိအသုံးပြုနေတဲ့ လီသီယံဘက်ထရီတွေထက် အဆပေါင်းများစွာ ပိုမိုတာရှည်ခံပြီး အားသွင်းမှုအကြိမ်ရေပေါင်းတစ်သိန်းနှစ်သောင်းကျော်အထိ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ လက်ရှိဘက်ထရီတွေထက် ဆယ်စုနှစ်ချီပြီး ပိုမိုအသုံးခံနိုင်မယ့် သဘောလည်းဖြစ်ပါတယ်။

ဒီနည်းပညာရဲ့ ထူးခြားချက်က လီသီယံ ဘက်ထရီတွေလို မီးလောင်လွယ်တာမျိုး မရှိဘဲ ဆားရည်သက်သက်ကြောင့် ဘေးကင်းမှု ရှိတာကြောင့် ဖြစ်ပွားနိုင်ခြေရှိတဲ့ မီးလောင်မှုအန္တရာယ်ကို လျှော့ချပေးနိုင်မှာပါ။ ဒီဘက်ထရီဟာ အက်စစ်ဓာတ် မပါဝင်သလို အဆိပ်အတောက်လည်းမရှိတာကြောင့် ပတ်ဝန်းကျင်အတွက် အလွန်ဘေးကင်းတယ်လို့ဆိုပါတယ်။ လက်ရှိ ဒီနည်းပညာကို လက်တွေ့နယ်ပယ်မှာ အကြီးအကျယ် အစားထိုးအသုံးပြုနိုင်ဖို့အတွက် ပညာရှင်တွေက ဆက်လက်ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်။                    

Ref: IE

ကိုထက်

MWD