ဆိုးရွားတဲ့ ရာသီဥတုမှာပါ ရွေ့လျားပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်တဲ့ လက်နက်အသစ်
အမေရိကန်ရေတပ်က အလွန်ဆိုးရွားတဲ့ ရာသီဥတုနဲ့ မြင်ကွင်းမကြည်လင်တဲ့ အခြေအနေတွေမှာပါ ရွေ့လျားပစ်မှတ်တွေကို တိကျစွာပစ်ခတ်နိုင်တဲ့ StormBreaker စမတ်လက်နက်ကို F/A-18-E/F SuperHornet တိုက်လေယာဉ်တွေမှာ တပ်ဆင်အသုံးပြုဖို့ အတည်ပြုလိုက်ပါတယ်။ ရေးသီယွန်ကုမ္ပဏီကထုတ်လုပ်တဲ့ ဒီလက်နက်ဟာ အမှောင်ထု၊ မိုးလေဝသဆိုးရွားမှု ဒါမှမဟုတ် မီးခိုးနဲ့ ဖုန်မှုန့်တွေကြားထဲမှာ ပုန်းကွယ်နေတဲ့ ရွေ့လျားပစ်မှတ်ကိုပါ အလိုအလျောက် ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိပါတယ်။ ဒါဟာ အမေရိကန်စစ်သည်တွေအတွက် ဘယ်လိုအခြေအနေမှာမဆို ရန်သူကို အသာစီးရယူတိုက်ခိုက်နိုင်စေမှာ ဖြစ်ပါတယ်။
ဒီလက်နက်မှာ ထူးခြားတဲ့ အာရုံခံစနစ် သုံးမျိုးကို ပေါင်းစပ်တပ်ဆင်ထားတာကြောင့် ရာသီဥတုဆိုးရွားနေရင်တောင် ပစ်မှတ်ကို မျက်ခြည်မပြတ်လိုက်ပါ တိုက်ခိုက်နိုင်မှာပါ။ ဒါ့အပြင် StormBreaker ဟာ အရွယ်အစားသေးငယ်တာကြောင့် လေယာဉ် တစ်စင်းတည်းနဲ့တင် ပစ်မှတ်အများအပြားကို တစ်ပြိုင်နက်ချေမှုန်းနိုင်ပြီး ၄၅ မိုင်ကျော်အကွာကနေလည်း လှမ်းပစ်နိုင်ပါတယ်။
သူ့ကို F-35 တိုက်လေယာဉ်တွေမှာပါ တပ်ဆင်နိုင်ဖို့အတွက် အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Ref: IE
ကိုထက်
MWD
