ဟိုက်ဒရိုဂျင်စွမ်းအင်သုံး Black Veil လူမဲ့ယာဉ်ကိုပြသခြင်းဖြင့် ဟွန်ဒေးရိုတမ်က စစ်မြေပြင်နည်းပညာကိုမြှင့်တင်

News Image

  • ဟိုက်ဒရိုဂျင်စွမ်းအင်သုံး Black Veil လူမဲ့ယာဉ်ကိုပြသခြင်းဖြင့် ဟွန်ဒေးရိုတမ်က စစ်မြေပြင်နည်းပညာကိုမြှင့်တင်

ရီယတ်မြို့မှာကျင်းပတဲ့ ၂၀၂၆ ခုနှစ်ကမ္ဘာ့ကာကွယ်ရေးပစ္စည်းပြပွဲမှာ ဟွန်ဒေးရိုတမ်ကုမ္ပဏီက ဟိုက်ဒရိုဂျင်လောင်စာသုံး လူမဲ့ယာဉ် အမျိုးအစားဖြစ်တဲ့ Black Veilရှေ့ပြေးပုံစံကိုထုတ်ဖော်ပြသပြီး စစ်ဘက်ဆိုင်ရာနည်းပညာအသစ်ကို  မိတ်ဆက်လိုက်ပါတယ်။ ဒီနည်းပညာဟာ ဆူညံသံကို လျှော့ချပေးနိုင်သလို အပူကြောင့် ရန်သူ့ရေဒါမှာပေါ်လာနိုင်ခြေလည်း နည်းပါးတာကြောင့် အနာဂတ်စစ်မြေပြင်တွေအတွက် အထူးသင့်လျော်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

အဲဒီပြပွဲမှာ Black Veil အပြင် K2 Black Panther တင့်ကားပုံစံငယ်တွေနဲ့ ဒရုန်းရန်ကာကွယ်ရေးစနစ် တပ်ဆင်ထားတဲ့ HR-Sherpa လူမဲ့ယာဉ်တွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။ ဟွန်ဒေးရိုတမ်ကုမ္ပဏီက အခုအခါမှာ ဟိုက်ဒရိုဂျင်နည်းပညာဟာ စမ်းသပ်ဆဲအဆင့်ကနေ လက်တွေ့အသုံးပြုနိုင်တဲ့အဆင့်ဆီ ရောက်လာပြီဆိုတာကို သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။ 

ဒီနည်းပညာကို ရှေ့တန်းစစ်မျက်နှာရဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းနဲ့ ကင်းထောက်လုပ်ငန်းတွေမှာ အကျိုးရှိရှိ အသုံးပြုနိုင်တော့မှာဖြစ်ပြီး အထူးသဖြင့် အပူချိန်မြင့်မားတဲ့ဒေသတွေမှာတောင် စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။             

Ref: IE

ကိုထက်

MWD