ကျောက်ဆည်မြို့နယ်၌ လူရည်ချွန်ရွေးချယ်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပ
ကျောက်ဆည်၊ဒီဇင်ဘာ-၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ဉာဏ်ပညာထူးချွန် ထက်မြတ်ပြီး ကိုယ်ကာယ ကျန်းမာသန်စွမ်း၍ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍လူရည်ချွန်စာမေးပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အားကစားကွင်းတွင် လူရည်ချွန်ရွေးချယ်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
လူရည်ချွန်အားကစားပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး မီတာ(၁၀၀)အပြေး၊ အမျိုးသမီး မီတာ (၄၀၀)အပြေး၊ အမျိုးသားမီတာ(၈၀၀)အပြေး၊ အမျိုးသား၊ အမျိုးသမီး ဒိုက်ထိုး၊ အိပ်ထမတင်၊ ရပ်လျက် အလျားခုန် အားကစားနည်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ဒီဇင်ဘာ(၃)ရက် နံနက်ပိုင်း၌ မြန်မာစာဘာသာ၊ နေ့လယ်ပိုင်းတွင် အင်္ဂလိပ်စာဘာသာ၊ (၄)ရက်နေ့ နံနက်ပိုင်း၌ အထွေထွေဗဟုသုတ ဘာသာရပ်နှင့် နေ့လယ်ပိုင်း တွင် လူတွေ့နှုတ်ဖြေမေးခွန်း စာမေးပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။
လူရည်ချွန်ရွေးချယ်ပွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာကျောင်းများမှ အလယ်တန်းအဆင့် Grade-9 ကျောင်းသား၊ ကျောင်းသူများနှင့်၊ အထက်တန်းအဆင့် Grade-11/ Grade-12 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၂)ဦး ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သက်မောင်(ကျောက်ဆည်)
