ရက်ရှ်ဖို့ဒ်ကိုခေါ်ယူရန် ကြိုးပမ်းနေသည့် အသင်းများတွင် အေစီမီလန်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ပါဝင်လာ
ဘာစီလိုနာ ဧပြီ ၅
လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ ရက်ရှ်ဖို့ဒ်ကိုခေါ်ယူရန် ကြိုးပမ်းနေသည့်အသင်းများတွင် အေစီမီလန်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ပါဝင်လာကြောင်း သိရသည်။
ရက်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက မန်ယူအသင်းမှ ဘာစီလိုနာ အသင်းထံ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့ပြီး အငှားစာချုပ်သက်တမ်းကုန်ဆုံးချိန်တွင်ဘာစီလိုနာအသင်းအနေဖြင့် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၃၀ ဖြင့် အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်မည့်အချက်ကို ထည့်သွင်းချုပ်ဆိုထားသည်။
အစောပိုင်းကတည်းက ဘာစီလိုနာအသင်းက ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူလိုနေပြီး ရက်ရှ်ဖို့ဒ် ကိုယ်တိုင်ကလည်း မန်ယူအသင်းထံ ပြန်လည်မပူးပေါင်းလိုသည့်အတွက် အပြီးသတ်စာချုပ်ဖြင့် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လိုသော်လည်း ဘာစီလိုနာအသင်းက ငွေကြေးပိုင် းအခက်အခဲကြောင့် ပြောင်းရွှေ့ကြေးပေးချေရန် ခက်ခဲနေသည့်အတွက် အပြောင်းအရွှေ့မှာ ကြန့်ကြာနေခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းနှင့်ရက်ရှ်ဖို့ဒ်တို့ အပြောင်းအရွှေ့ ကြန့်ကြာနေမှုကို အေစီမီလန်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့က အခွင့်ကောင်းယူပြီး ရက်ရှ်ဖို့ဒ်ကိုခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ရက်ရှ်ဖို့ဒ်သည် ယခုဘောလုံးရာသီတွင် ဘာစီလိုနာ အသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ကစားပြီးချိန် တွင် ၁၀ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှုလေးကြိမ်ပြု လုပ်နိုင်သည်အထိ ခြေစွမ်းပြလျက်ရှိကြောင်း သိရသည်။
MWD
