ပါကစ္စတန်နိုင်ငံ၌ တရားမဝင် ဆေးကုနေသည့် ဆရာဝန်အတု ၆ သိန်းကျော်ရှိ

News Image

  • ပါကစ္စတန်နိုင်ငံ၌ တရားမဝင် ဆေးကုနေသည့် ဆရာဝန်အတု ၆ သိန်းကျော်ရှိ

ပါကစ္စတန်နိုင်ငံ၌ တရားမဝင်ဆေးကုသမှု လုပ်နေသည့် ဆရာဝန်အတု ၆ သိန်းကျော်ရှိကြောင်း ပါကစ္စတန်ဆေးဘက်ဆိုင်ရာ အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လက်ရှိဖြစ်ပွားနေသည့်အခြေအနေသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါသဖွယ် အန္တရာယ်ရှိသည့်အခြေအနေအဖြစ်  ကျန်းမာရေးပညာရှင်များက သတ်မှတ်ထားသည်။

အရည်အချင်းမပြည့်သည့် အဆိုပါပုဂ္ဂိုလ်များသည် ဆေးရုံများတွင် အလုပ်လုပ်ကိုင်ပြီး အတွေ့အကြုံအနည်းငယ် ရရှိလာပါက ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ကာ ဆင်းရဲသော ပြည်သူများကို ပစ်မှတ်ထားကုသပေးနေခြင်းဖြစ်သည်။ ၎င်းတို့သည် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးနှင့် လိုအပ်သည့်တိကျသော ပမာဏကို နားမလည်သည့်အပြင် ဆေးထိုးအပ်နှင့် ကိရိယာများကို ပိုးသတ်ခြင်းမရှိဘဲ ထပ်ခါတလဲလဲ အသုံးပြုနေခြင်းဖြစ်သည်။

ထိုဆောင်ရွက်မှုများကြောင့် အသည်းရောင်အသားဝါရောဂါနှင့် AIDS ရောဂါများ ပိုမိုပြန့်ပွားလာစေရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေသည်။ တရားမဝင်ဆေးခန်းများကို  တာဝန်ရှိသူများက  လိုက်လံပိတ်သိမ်းနေသော်လည်း  ဥပဒေကြောင်းအရ  အားနည်းမှုများကြောင့် ထိထိရောက်ရောက် တားဆီးနိုင်ခြင်းမရှိကြောင်း သိရသည်။ 

MWD