လစ်လပ်နေသည့် အေစီမီလန်အသင်း နည်းပြရာထူးအတွက် ဘုန်းမောက်အသင်း နည်းပြ အီရာအိုလာ ရေပန်းစားနေ

News Image

  • လစ်လပ်နေသည့် အေစီမီလန်အသင်း နည်းပြရာထူးအတွက် ဘုန်းမောက်အသင်း နည်းပြ အီရာအိုလာ ရေပန်းစားနေ

မီလန်   မေ  ၂၇

     လစ်လပ်နေသည့် အေစီမီလန်အသင်း နည်းပြရာထူး အတွက် ဘုန်းမောက်အသင်း နည်းပြ အီရာအိုလာက ရေပန်းစားလျက်ရှိကြောင်း သိရသည်။

အေစီမီလန်အသင်းသည်  ယခုဘောလုံးရာသီတွင်  ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်အတွက် အခြေအနေကောင်းမွန်ခဲ့သော်လည်း နောက်ဆုံးပွဲစဉ်တွင် ကက်ဂလီယာရီအသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် နှစ်ရာသီဆက်လွဲချော်ပြီးနောက် အေစီမီလန်အသင်းက နည်းပြအယ်ဂရီနီအား   ရာထူးမှ ထုတ်ပယ်ခြင်းဖြစ်သည်။

အေစီမီလန်အသင်းက နည်းပြအယ်ဂရီနီအား ရာထူးမှထုတ်ပယ်ပြီးနောက် နည်းပြသစ်ခန့်အပ်ရန် စတင်ပြင်ဆင်နေကာ ဦးစားပေးအဖြစ် နည်းပြ အီရာအိုလာအားခန့်အပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

နည်းပြ အီရာအိုလာသည် ယခုဘောလုံးရာသီတွင် ဘုန်းမောက်အသင်းကို ရလဒ်ကောင်းများ ရရှိအောင်စွမ်းဆောင်ပေးနိုင်ပြီးနောက်ရာသီအကုန်တွင် အဆင့်(၆)နေရာ၌ ရပ်တည်နိုင်ကာ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်သူဖြစ်သည်။

နည်းပြ  အီရာအိုလာက အစောပိုင်းကတည်းက ယခုဘောလုံးရာသီ အကုန်တွင်  အသင်းမှထွက်ခွာ မည်ဟုအတည်ပြုထားပြီး လက်ရှိတွင် တရားဝင် ကြေညာထားခြင်း မရှိသေးသော်လည်း မကြာမီအတည် ပြုဆုံးဖြတ်မည်ဖြစ်ပြီး နည်းပြအီရာအိုလာအား လေဗာကူဆင်အသင်းနှင့် ခရစ္စတယ်ပဲလေ့စ် အသင်းတို့ ကလည်း နည်းပြသစ်အဖြစ် ခန့်အပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ 

MWD