ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကွင်းဆင်းကုသရေး အဖွဲ့ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်တွင် ကွင်းဆင်းကုသ

News Image

  • ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကွင်းဆင်းကုသရေး အဖွဲ့ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်တွင် ကွင်းဆင်းကုသ

ရန်ကုန်    မေ   ၂၇

     ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပအထွေထွေရောဂါကု ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာကျော်သူရ   ဦးဆောင်သော အထူးကွင်းဆင်း ကုသရေးအဖွဲ့မှ အထူးကု ဆရာဝန်များသည်  မြောက်ဥက္ကလာပမြို့ နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင်   မြောက်ဥက္ကလာပ မြို့နယ် (ဌ) ရပ်ကွက်နှင့် အနီးတစ်ဝိုက်ရှိ မိဘပြည်သူများကို အခမဲ့ကွင်းဆင်းဆေးဝါး ကုသပေးသည်။   

ကွင်းဆင်းကုသရာ‌နေရာသို့  ပြည်သူ့ လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ လာရောက်အားပေး ကြည့်ရှုကြပြီး မြို့နယ်နှင့်  ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  တာဝန် ရှိပုဂ္ဂိုလ်များ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် ပရဟိတအကျိုးဆောင်အဖွဲ့များက ဝိုင်းဝန်း ပံ့ပိုးကူညီဆောင်ရွက်ကြသည်။

ထိုသို့ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရာတွင်   အထွေထွေရောဂါလူနာ ၂၈၃  ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ  ၈၀ ဦး၊ အရေပြားဆိုင်ရာလူနာ  ၃၄  ဦး၊ မျက်စိ ရောဂါလူနာ ၁၇၃ ဦး၊ သွားနှင့်ခံတွင်းရောဂါ လူနာ ၄၃ ဦး စုစုပေါင်းလူနာ ၆၁၃ ဦးကို စစ်ဆေးကုသပေးခဲ့ပြီး သွေးအမျိုးအစား ခွဲခြားမှု ၈၂ ဦး၊ ဆီးချိုသွေးချိုဖောက် စစ်ဆေးမှု ၁၇၅ ဦး၊ နှလုံး ECG ဆွဲသူ  ၄၂  ဦး၊ ဆေးရုံကြီး သို့ညွှန်းပို့လူနာ  သွား လေးဦး၊ အထွေထွေ သုံးဦး၊ မျက်စိ ၄၂ ဦး (အတွင်းတိမ်ခွဲစိတ်ရန်) စုစုပေါင်းညွှန်းပို့လူနာ   ၄၉  ဦး တွေ့ရှိ လုပ်ဆောင်ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများ   အခမဲ့ထောက်ပံ့ ပေးခဲ့ကြောင်း  သိရသည်။ 

MWD