2024 YR4 ဥက္ကာခဲသာ လကိုတိုက်မိခဲ့ရင် အလွန်တန်ဖိုးရှိတဲ့ အချက်အလက်တွေရရှိနိုင်

News Image

  • 2024 YR4 ဥက္ကာခဲသာ လကိုတိုက်မိခဲ့ရင် အလွန်တန်ဖိုးရှိတဲ့ အချက်အလက်တွေရရှိနိုင်

2024 YR4 လို့ အမည်ပေးထားတဲ့ ဥက္ကာခဲဟာ လကိုတိုက်မိဖို့အခွင့်အလမ်းရှိနေပြီး တကယ်လို့သာတိုက်မိခဲ့ရင် အာကာသ သိပ္ပံပညာရှင်တွေအတွက်တော့ သုတေသနပြုစရာ ရတနာသိုက်ကြီးတစ်ခုရ လိုက်သလို ဖြစ်သွားမယ်လို့ သိရပါတယ်။

အာကာသကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်အရ ဥက္ကာခဲဟာ လရဲ့မျက်နှာပြင်ပေါ် အရှိန်အဟုန်နဲ့ ကျသွားတဲ့အခါ    လရဲ့မျက်နှာပြင်အောက်မှာ ဘာတွေရှိနေလဲဆိုတာ ဖော်ထုတ်ပေးနိုင်မယ့် အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။ ဥက္ကာခဲကြောင့် ဖြစ်ပေါ်လာမယ့် ပေါက်ကွဲမှုနဲ့    ဖုန်မှုန့်တွေဟာ    လရဲ့အတွင်းပိုင်းဖွဲ့စည်းပုံနဲ့ သတ္တုဓာတ်တွေကို လေ့လာဖို့ အကောင်းဆုံးအခွင့်အရေး ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလိုတိုက်မိမှုကြောင့် ထွက်လာမယ့် လှိုင်းတွေနဲ့အပျက်အစီးတွေကို ကမ္ဘာပေါ်ကတယ်လီစကုပ်တွေနဲ့ အာကာသယာဉ် တွေကနေ အနီးကပ်စောင့်ကြည့်လေ့လာနိုင်မှာပါ။ အဲဒီကနေတစ်ဆင့် ကမ္ဘာကြီးရဲ့ဂြိုဟ်ရံလ ဘယ်လိုဖြစ်တည် လာသလဲဆိုတာနဲ့ အာကာသထဲက အခြားဂြိုဟ်တွေရဲ့ သဘာဝကိုပါ ပိုပြီးနားလည်လာနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေပါတယ်။ 

လက်ရှိမှာတော့ NASA အပါအဝင် အာကာသအေဂျင်စီတွေက ဒီဥက္ကာခဲရဲ့ လမ်းကြောင်းကို အမြဲမပြတ် စောင့်ကြည့်နေကြပြီး တကယ်လို့ တိုက်မိခဲ့ရင်လည်း လူသားတွေအတွက် အန္တရာယ်မရှိနိုင်ဘူးလို့ ဆိုပါတယ်။                 

Ref: IE

ကိုထက်

MWD