ငပုတောမြို့နယ်၌ ဒေသထွက်နေလှန်းဆားများ အရောင်းအဝယ်ကောင်းမွန်နေ

News Image

  • ငပုတောမြို့နယ်၌ ဒေသထွက်နေလှန်းဆားများ အရောင်းအဝယ်ကောင်းမွန်နေ

ငပုတော   ဇန်နဝါရီ    ၂၂

ဧရာဝတီတိုင်းဒေသကြီး   ငပုတော မြို့နယ်မှ ဒေသထွက်နေလှန်းဆားများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း  ငပုတောမြို့နယ် ၌ နေလှန်းဆားထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ  ဒေါ်သူသူအောင်၏ ပြောပြချက်အရ သိရသည်။

ငပုတောမြို့နယ်၌ ယခုနှစ်ဇန်နဝါရီလ ပထမပတ်မှစ၍ ဒေသထွက်နေလှန်းဆား များ အရောင်းအဝယ် ကောင်းမွန်နေခြင်းဖြစ်သည်။

"လက်ရှိမှာ နေလှန်းဆားတွေ အရောင်း အဝယ်ကောင်းမွန်နေပါတယ်။ ငါးပိ၊ ငါးခြောက်လုပ်ချိန်ဆိုတော့အဲဒီလုပ်ငန်းတွေမှာအသုံးပြုလို့ဆားအရောင်းအဝယ် ကောင်းလာတာပါ  " ဟု ဒေါ်သူသူ အောင် ကပြောသည်။

ငပုတောမြို့နယ်၌  ဒေသထွက်နေလှန်း ဆားများကို   ဆားလုပ်ငန်းရှင်များက  စနစ်တကျ သန့်စင် ထုတ်လုပ်ပြီးရန်ကုန် ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချ လျက်ရှိကြောင်း၊အဆိုပါဒေသထွက် နေလှန်းဆားများကို  ငါးပိ၊ ငါးခြောက်၊ငံပြာရည် စသည့်လုပ်ငန်းများတွင်  အဓိက ထားအသုံးပြုကြ ကြောင်း သိရသည်။

သုတကျော်

MWD