ကျောက်ဆည်မြို့နယ်၌ သီးနှံစုံ ၅၂၇၁၅ ဧက လျာထားပြီး ၅၂၇၁၉ ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထား ဧကထက် ၄ဧက ပိုမိုစိုက်ပျိုးနိုင်

News Image

  • ကျောက်ဆည်မြို့နယ်၌ သီးနှံစုံ ၅၂၇၁၅ ဧက လျာထားပြီး ၅၂၇၁၉ ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထား ဧကထက် ၄ဧက ပိုမိုစိုက်ပျိုးနိုင်

ကျောက်ဆည်၊ ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ရေရရှိရေးနည်းလမ်းဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စီမံကိန်းသီးနှံမျိုးစုံ ၅၂၇၁၅ဧက လျာထားပြီးစိုက်ပျိုးလျက်ရှိရာ ၅၂၇၁၉ ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကထက် ၄ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။

နွေသီးနှံမျိုးစုံလျာထားစိုက်ပျိုးရာ၌ တိုက်နယ်(၁)တွင် ၈၁၁ ဧက၊ တိုက်နယ်(၂)တွင် ၄၂၅၉ ဧက၊ တိုက်နယ်(၃) တွင် ၅၇၈၂ ဧက၊ တိုက်နယ်(၄)တွင် ၄၃၆၈ ဧက၊ တိုက်နယ်(၅)တွင် ၆၀၈၁ ဧက၊ တိုက်နယ်(၆)တွင် ၄၃၈၈ ဧက၊ တိုက်နယ်(၇)တွင်စိုက်ပျိုးနိုင်ခြင်းမရှိကြောင်းနှင့် တိုက်နယ်(၈)တွင် ၆၀၃၅ ဧက၊ တိုက်နယ်(၉)တွင် ၄၆၄၀ ဧက၊ တိုက်နယ်(၁၀)တွင် ၅၅၃၅ ဧက၊ တိုက်နယ်(၁၁)တွင် ၅၁၈၂ ဧက၊ တိုက်နယ်(၁၂)တွင် ၅၆၃၈ ဧက စုစုပေါင်း ၅၂၇၁၉ ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

လျာထားနွေစပါးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေပေးဝေသည့်ရေမြောင်းများအလိုက် စိုက်ပျိုးရေများ အလှည့်ကျရေပေးဝေရေးစနစ်ဖြင့် ပြည့်ဝစွာ ပေးဝေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)