မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌ စိုက်ပျိုးထားသော နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
မြစ်သား ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ငါးဆူကျေးရွာအုပ်စု ရွှေကြာအင်းကျေးရွာ၌ ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရေး ကင်းတားဆည်ရေနှင့် ပန်းလောင်မြစ်မှ မြစ်ရေတင်စနစ်ဖြင့် ဆီထွက်သီးနှံနွေနှမ်းများ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပေါင်ကြီးတင်စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးမည်ဆိုပါက မြေအနေအထားပေါ် မူတည်၍ ၃ ပေ၊ ၄ ပေအကျယ် မြေပေါင်များပြုလုပ်ပြီး မျိုးစေ့ချကိရိယာဖြင့် စနစ် တကျစိုက်ပျိုးရကြောင်း၊ ထိုသို့စိုက်ပျိုးသဖြင့် မျိုးစေ့ကုန်ကျမှုသက်သာပြီး ရေသွင်း၊ ရေထုတ်လွယ်ကူ သဖြင့် အပင်ဖြစ်ထွန်းမှုကောင်းမွန်ကြောင်း သိရသည်။
တောင်သူများအနေဖြင့် နွေနှမ်းကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးခြင်းထက် ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းက အထွက်နှုန်း ပိုမိုရရှိပြီး များစွာအကျိုး ဖြစ်ထွန်းစေနိုင်ကြောင်း၊ ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးရာတွင် သီးနှံစိုက်ပျိုးချိန် သဘာဝဘေး အန္တရာယ်များဖြစ်သည့် မိုးခေါင်ခြင်း၊ မိုးများခြင်း စသည့် အခြေအနေများတွင် ရေသွင်း၊ ရေထုတ် လွယ်ကူစေခြင်း၊ အပင်ဝင်ဆံ့မှု အရေအတွက်မှန်ကန်ခြင်းနှင့် အပင်ပြုစုစောင့်ရှောက်မှုလွယ်ကူခြင်း စသည့်ကောင်းကျိုး များစွာရရှိကြောင်း သိရသည်။
MWD
