တရုတ်က ဂိုဘီသဲကန္တာရ၌ စစ်ဘက်သုံးရော်ဘာများကို စိုက်ပျိုးထုတ်လုပ်

News Image

  • တရုတ်က ဂိုဘီသဲကန္တာရ၌ စစ်ဘက်သုံးရော်ဘာများကို စိုက်ပျိုးထုတ်လုပ်

ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေအပေါ်ထိခိုက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာမှာအလွန်အရေးပါတဲ့ သဘာဝရော်ဘာတွေကို ဂိုဘီသဲကန္တာရထဲမှာ စိုက်ပျိုးထုတ်လုပ်နေပြီလို့ သိရပါတယ်။ အဓိကကတော့တရုတ်သိပ္ပံပညာရှင်တွေက သဲကန္တာရထဲမှာစိုက်လို့ရတဲ့ ရော်ဘာအမျိုးအစားကို ဖော်ထုတ်နိုင်ခဲ့တာပါ။

ဒီရော်ဘာတွေကို “ရုရှားဒန်ဒီလီယွန်လို့ခေါ်တဲ့ အပင်တစ်မျိုးမှ ထုတ်လုပ်တာဖြစ်ပြီး ရရှိလာတဲ့ရော်ဘာ အရည်အသွေးဟာ တိုက်လေယာဉ်တာယာတွေ၊ စစ်သုံးယာဉ်တွေမှာ အသုံးပြုနိုင်တဲ့ စစ်ဘက်သုံးအဆင့်မီဖြစ်တယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံဟာ ရော်ဘာလိုအပ်ချက် ၇၅ ရာခိုင်နှုန်းလောက်ကို ပြည်ပကနေ တင်သွင်းနေရတာဖြစ်လို့ အခုလိုစိုက်ကွင်းတွေကနေ အောင်မြင်အောင်လုပ်ဆောင်လာတာဟာ ပြည်ပအပေါ်မှီခိုနေရမှုကို လျှော့ချဖို့ဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် နောင်မှာစိုက်ပျိုးရခက်တဲ့ မြေရိုင်းတွေမှာပါရော်ဘာတွေကို အမြောက်အမြား ထုတ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။       

Ref: IE

ကိုထက်