အိန္ဒိယအာကာသယာဉ်က လပေါ်၌ ရေခဲဖြစ်နိုင်ဖွယ်ရှိသည့်အရာကို တွေ့ရှိဟုဆို
အိန္ဒိယအာကာသသုတေသနအဖွဲ့က လွှတ်တင်ထားသော Chandrayaan-2 အာကာသယာဉ်သည် လပေါ်၌ ရေခဲဖြစ်နိုင်ဖွယ်ရှိသည့် အရာကို တွေ့ရှိကြောင်းတာဝန်ရှိသူများက ပြောသည်။ သိပ္ပံပညာရှင်များသည် အာကာသယာဉ်ကပေးပို့သော အချက်အလက်များကို စစ်ဆေးကြည့်ရာလ၏တောင်ဝင်ရိုးစွန်းဒေသရှိ ချိုင့်ဝှမ်းများအတွင်း ရေခဲဖြစ်နိုင်ဖွယ်ရှိသည့် အရာများကို တွေ့ရှိရခြင်း ဖြစ်သည်။
လ၏တောင်ဝင်ရိုးစွန်းသည် မည်သည့်အခါမျှ နေရောင်ခြည်မရရှိသည့်အတွက်အလွန်အေးခဲသောဒေသဖြစ်နေပြီး ယင်းအခြေအနေကြောင့်ပင် ရေခဲများမှာဆက်လက်တည်ရှိနေခြင်းဖြစ်နိုင်ကြောင်း၊ ထိုနေရာများရှိအပူချိန်က အနုတ် ၂၄၈ ဒသမ
၁၅ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားနိုင်ကြောင်း သုတေသီများကပြောသည်။
Chandrayaan-2 အာကာသယာဉ်ကလ၏ပတ်လမ်းအတွင်း လှည့်ပတ်သွားလာပြီး လ၏မျက်နှာပြင်ကို လေ့လာမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ယခုတွေ့ရှိမှုသည်နောင်တစ်ချိန် လပေါ်စူးစမ်းလေ့လာမှုများ ဆက်လက်ပြုလုပ်နိုင်ရန် အဓိကကျသော အချက်အလက်များဖြစ်သည်။ ထို့ပြင် အာကာသအေဂျင်စီများအနေဖြင့် လပေါ်လူသားများ ဆင်းသက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လိုအပ်သည့် ရေခဲဖြစ်ပေါ်နေသော ဒေသများကို စူးစမ်းရှာဖွေရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
Ref: RT
MWD
