တရုတ်ရဲ့ဖျက်သင်္ဘောက အီလက်ထရွန်နစ်နည်းပညာသုံးပြီး ပြည်ပစစ်လေယာဉ်တွေကို သတိပေးမောင်းထုတ်

News Image

  • တရုတ်ရဲ့ဖျက်သင်္ဘောက အီလက်ထရွန်နစ်နည်းပညာသုံးပြီး ပြည်ပစစ်လေယာဉ်တွေကို သတိပေးမောင်းထုတ်

တရုတ်ရေတပ်ရဲ့ အဆင့်အမြင့်ဆုံး Type 055 ဒုံးကျည်တင် ဖျက်သင်္ဘောယာနန်က ထိုင်ဝမ်ကျွန်းအနီးမှာလှုပ်ရှားနေတဲ့ ပြည်ပစစ်လေယာဉ်တွေကို   အီလက်ထရွန်နစ်စစ်ဆင်ရေး နည်းလမ်းတွေသုံးပြီး သတိပေးမောင်းထုတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်

သတင်းဌာနတစ်ခုက ထုတ်လွှင့်ပြသလိုက်ပါတယ်။

ဒါဟာ တရုတ်ရေတပ်အနေနဲ့ သူတို့ရဲ့ အီလက်ထရွန်နစ် စစ်ဆင်ရေးစွမ်းရည်ကို ထိုင်ဝမ်ရေလက်ကြားမှာ အသုံးပြုလိုက်ပုံနဲ့ ပတ်သက်ပြီး   ပထမဆုံးအကြိမ်အဖြစ်အသေးစိတ်ထုတ်ဖော်ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ပြည်ပလေယာဉ်တွေ ချဉ်းကပ်လာတာကိုသိတာနဲ့တစ်ပြိုင်နက် ယာနန်သင်္ဘောကသူတို့ရဲ့ ရေဒါစနစ်ကို စွမ်းအားမြင့်ပုံစံဆီ ပြောင်းလိုက်ပြီး ပိုဝေးဝေးရှာဖွေနိုင်အောင် လုပ်ပါတယ်။  ပြီးတဲ့အခါ ရှန်တုန်းလေယာဉ်တင်သင်္ဘောမှ လေယာဉ်သုံးစင်းက လာရောက်စစ်ဆေး အတည်ပြုပြီးတဲ့နောက် ယာနန်ဖျက်သင်္ဘောက ရေဒီယိုလှိုင်းတွေကို နှောင့်ယှက်နိုင်တဲ့ အီလက်ထရွန်နစ်လှိုင်းနှုန်း ဖျက်ဒုံးကျည်လေးစင်း ပစ်လွှတ်ပြီး သတိပေးခဲ့တာ ဖြစ်ပါတယ်။           

Ref: IE

ကိုထက်

mwd